Rakuten Viber နှင့် 1875 Bay Din တို့ လက်တွဲ၍ ပိုမိုအဆင်ပြေလွယ်ကူသော နက္ခတ်ဗေဒင် ဝန်ဆောင်မှုများအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးနှင့် လုံခြုံစိတ်ချမှု အရှိဆုံး စာတိုပေးပို့မှုနှင့် ဖုန်းခေါ်ဆိုမှု အက်ပလီကေးရှင်းတစ်ခု ဖြစ်သည့် Rakuten Viber သည် မြန်မာနိုင်ငံ၏ ထိပ်တန်း နက္ခတ်ဗေဒင်ဝန်ဆောင်မှုလုပ်ငန်း 1875 ဗေဒင်နှင့် လက်တွဲ၍ 1875 Bay Din Viber Channel နှင့် 1875 Bay Din Viber Bot တို့အား စတင် မိတ်ဆက်လိုက်ကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံသည် နက္ခတ်ဗေဒင်များအား စိတ်ဝင်စားမှု မြင့်မားသော နိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ ဤကဲ့သို့ စမတ်ဖုန်းများမှတဆင့် နက္ခတ်ဗေဒင် ဝန်ဆောင်မှုများအား ရယူသွားနိုင်မည့် ယခု ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတစ်ဝန်းလုံးမှ ဗေဒင်ချစ်မြတ်နိုးသူများအတွက် အဆင်ပြေလွယ်ကူမှုအရှိဆုံး ဝန်ဆောင်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် 1875 Bay Din အနေနှင့် Viber နှင့် ပူးပေါင်းဆောင်ရွက်မှု စတင်သည့်အနေနှင့် Viber အသုံးပြုသူများသာ ရယူနိုင်မည့် သီးသန့် ပရိုမိုးရှင်း အစီအစဉ်များနှင့် လျှော့ဈေးများကိုလည်း အထက်ပါ 1875 Bay Din Viber Channel မှတဆင့် ပေးအပ်သွားမည် ဖြစ်သည်။

“အသုံးပြုသူတွေအတွက် ပိုမိုပြီးပြည့်စုံမှုရှိစေမယ့် ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်သန်ချက်နဲ့အညီ အခုလို 1875 ဗေဒင်နဲ့လက်တွဲလုပ်ဆောင်နိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအနေနဲ့ ပိုမိုလျင်မြန်လွယ်ကူတဲ့ နက္ခတ်ဗေဒင် ဝန်ဆောင်မှုတွေကို ရရှိသွားစေနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရဲ့ ယုံကြည်စိတ်ချရမှုအရှိဆုံးနဲ့ အသုံးပြုမှု အများဆုံး စာတိုပေးပို့မှု အက်ပလီကေးရှင်းတစ်ခု ဖြစ်တာနဲ့အညီ ကျွန်‌တော်တို့ Rakuten Viber အနေနဲ့ လာမယ့်နှစ်တွေမှာလည်း အသုံးပြုသူ တွေ အတွက် ပိုပြီးအဆင်ပြေလွယ်ကူမှုရှိစေမယ့် အလားတူ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse က ပြောကြားခဲ့ သည်။

ဤ 1875 Bay Din Chat Bot အသစ်အား အခမဲ့နှင့် အခပေး ဗားရှင်း ၂ မျိုးလုံး ဖြင့် အသုံးပြုနိုင်မည် ဖြစ်ကာ အခမဲ့ နက္ခတ်ဗေဒင် ဝန်ဆောင်မှုများအနေနှင့် အသုံးပြုသူများသည် ၁၂ လရာသီခွင် သားသမီးများအတွက် တစ်ပတ်အတွင်း ဖြစ်ပေါ်လာမည့် ကံကြမ္မာ အပြောင်းအလဲ၊ ရာသီခွင် စိတ်နေသဘောထားနှင့် ဂဏန်းသားဗေဒင်များအား အဆိုပါ Chatbot မှတဆင့် ရယူသွားနိုင်မည် ဖြစ်သည်။

Image: Viber

အလားတူပင် အခပေး နက္ခတ်ဗေဒင်ဝန်ဆောင်မှုများ အနေနှင့် အသုံးပြုသူများသည် လက္ခဏာဗေဒင်၊ အချစ်ဗေဒင်၊ ကလေးအမည် ပေးခြင်း၊ အကြားအမြင်၊ ဖူးစာဖက်ဗေဒင်၊ တားရော့၊ မွေးဇာတာဖတ်ခြင်းနှင့် တစ်နှစ်စာ ဟောစာတမ်း အစရှိသည့် ဝန်ဆောင်မှု များစွာအား အမျိုးအစားအလိုက် မြန်မာငွေ ကျပ် ၁,၀၀၀ မှ ကျပ် ၁၀,၀၀၀ အထိမျှဖြင့် ကြိုက်နှစ်သက်သလို ရယူသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် ထပ်ဆောင်း အခပေးဝန်ဆောင်မှုများ အနေနှင့် အသုံးပြုသူများသည် ကလစ်တစ်ချက် နှိပ်ရုံမျှဖြင့် ဗေဒင်ဆရာအား ဖုန်းမှတဆင့် သီးသန့်ခေါ်ဆို၍ မေးမြန်းခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းများကိုလည်း အလွယ်တကူ ပြုလုပ်သွားနိုင်မည် ဖြစ်သည်။ ထိုသို့ မေးမြန်းမှုများအားလုံးအတွက်လည်း အသုံးပြုသူတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစိတ်ချမှု အပြည့်အဝ ရှိစေရန် Rakuten Viber မှ ကာကွယ်ပေးထားမည် ဖြစ်သည်။

“Rakuten Viber နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ အွန်လိုင်း နက္ခတ်ဗေဒင်ဝန်ဆောင်မှု လုပ်ငန်းကို အရှိန်အဟုန် မြှင့်တင်နိုင်ခဲ့တဲ့ အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ အခု အသစ်မိတ်ဆက်လိုက်တဲ့ Viber Channel နဲ့ Viber Chat Bot တွေကနေတဆင့် အသုံးပြုသူ တွေအနေနဲ့ ကျွန်တော်တို့ရဲ့ နက္ခတ်ဗေဒင်ဝန်ဆောင်မှုတွေကို အချိန်ကုန်၊ လူသက်သာစွာနဲ့ အလွယ်တကူ ရယူသွားနိုင်တော့မှာ ဖြစ်ပြီး အနာဂတ်မှာလည်း Rakuten Viber နဲ့ ပူးပေါင်းပြီး ပိုမိုဆန်းသစ်ပြီး အကျိုးရှိစေမယ့် ဝန်ဆောင်မှုတွေ၊ လုပ်ဆောင်ချက်တွေကို ထပ်မံ ချဲ့ထွင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု 1875 Bay Din ၏ Chairman ဖြစ်သူ ဦးထွန်းထွန်းနိုင်က ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် 1875 Bay Din ဝန်ဆောင်မှုသည် တစ်ရက်လျှင် ပျှမ်းမျှမေးမြန်းသူ ၁၀,၀၀၀ ခန့်ရှိသော ထိပ်တန်း အွန်လိုင်း နက္ခတ်ဗေဒင် ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည်။ နိုင်ငံတဝန်းရှိ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် ဝန်ဆောင်မှုများ၊ အွန်လိုင်း ငွေပေးချေမှု ဝန်ဆောင်မှုများနှင့်လည်း ချိတ်ဆက်ထားသည့်အတွက် မြန်မာနိုင်ငံတဝန်းမှ နက္ခတ်ဗေဒင်စိတ်ဝင်စားသူများ အနေနှင့် အထက်ပါ 1875 Bay Din Viber Channel နှင့် Viber Chat Bot တို့အား အသုံးပြု၍ အချိန်ကုန်သက်သာ၍ လွယ်ကူလျင်မြန်မှုအပြည့်ဖြင့် ဗေဒင် ဟောကိန်းများနှင့် တိုင်ပင်ဆွေးနွေးခြင်းများအား ရယူအသုံးပြုသွားနိုင်မည် ဖြစ်သည်။