Samsung ၏ လက်ရှိလုပ်ဆောင်နေသော Galaxy for the Planet အကြောင်း

နောက်ပိုင်းနှစ်ပိုင်းတွေမှာ နည်းပညာကုမ္ပဏီများဟာ သူတို့ထုတ်ကုန် (Product) တွေကနေ အမြတ်အစွန်းရဖို့ တစ်ခုထဲ တင်မကပဲ လူသားတွေ (People) နဲ့ သဘာဝပတ်ဝန်းကျင်၊ ကမ္ဘာကြီး (Planet) ကိုပါ ထိခိုက်မှု နည်းနိုင်သမျှနည်းစေမယ့် ထိန်းသိမ်းမှု (Sustainability) လုပ်ငန်းစဉ်တွေအပေါ် ပိုပြီးအာရုံစိုက်လာကြတယ်။
Smartphone နည်းပညာသစ်များနဲ့ ကမ္ဘာတစ်ဝန်းရှိ Electronics ဈေးကွက်ကို ဦးဆောင်နေတဲ့ Samsung ဟာလည်း ဒီ ၃ ချက်ကို ပိုပြီးအလေးထားအာရုံစိုက်နိုင်ဖို့ Galaxy for the Planet ဆိုတဲ့ ရေရှည်စီမံကိန်းကို 2021 ခုနှစ်မှာ စပြီးချပြခဲ့ပါ တယ်။

Photo Source https://www.facebook.com/SamsungMyanmar

Galaxy for the Planet ဆိုတာကတော့ 2025 ခုနှစ်အမှီ Samsung ဘက်က Sustainability နဲ့ပတ်သက်ပြီး ပြောင်းလဲနိုင်ဖို့ ချမှတ်ထားတဲ့ target များ၊ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် စွန့်ပစ်ပစ္စည်းတွေ နည်းနိုင်သမျှ နည်းစေဖို့နဲ့ သဘာဝသယံဇာတသုံးစွဲမှု လျှော့ချနိုင်ဖို့ လိုအပ်တဲ့ တီထွင်ဆန်းသစ်မှုတွေ၊ လိုက်နာရမယ့် စည်းကမ်းတွေ၊ ပညာပေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်နေပါတယ်။
မိမိတို့၏ကတိပြုမှုများကို 2025 မတိုင်ခင် လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ရှေ့ဆက်မယ့်ပြောင်းလဲမှုများ အနေနှင့် အောက်ပါလုပ်ဆောင်ချက်များကို လုပ်ဆောင်နေပါတယ်။
(၁) ပလတ်စတစ်ထုပ်ပိုးမှုအားလုံးကို 2025 မှာ အပြီးသတ် ဖယ်ရှားပြီး Eco-packaging များ ပိုမိုအသုံးပြုလာစေရန်
(၂) mobile product တွင်သာမက အိမ်သုံးလျှပ်စစ်ထုတ်ကုန်များ အားလုံးမှာ Recycled material တွေ အသုံးပြုနိုင်ရန်
(၃) smartphone charger တွေရဲ့ ပုံမှန်အချိန်မှာ စွမ်းအင်လိုအပ်မှုကို 0.005W အောက် လျှော့ချနိုင်ရန်
(၄) လုပ်ငန်းခွင်က Electronic waste များ လျော့ချစေရန် စတဲ့အချက်တွေကို အဓိကထားပြီး လုပ်ဆောင်လျက် ရှိပါတယ်။

Photo Source https://www.facebook.com/SamsungMyanmar

Samsung က ရေထုနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်ချက်တစ်ခုအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ကမ်းရိုးတန်းတစ်လျှောက်မှ စွန့်ပစ်ပလတ်စတစ်တွေ၊ ငါးဖမ်းပိုက် အဟောင်း တွေကို လိုက်လံသိမ်းဆည်း ဆယ်ယူကာ “OBP – Ocean Bound Plastic” အဆင့်မြင့်နည်းပညာတွေနဲ့ စွန့်ပစ် ပစ္စည်းတွေကို မိမိတို့၏ Galaxy Device တွေမှာ ပြန်လည်အသုံးချနိုင်မယ့် အားထုတ်ချက်တစ်ခုဖြစ်ပါတယ်။
ဒီနှစ်အစပိုင်းမှာ ထွက်ရှိခဲ့တဲ့ Galaxy S22 series မှာလည်း Volume နဲ့ Power ခလုတ်အတွင်းပိုင်း၊ S Pen ရဲ့ အတွင်းဘက် Cover စတာတွေကို ငါးဖမ်းပိုက်ဟောင်းက Nylon Plastic တွေကို ကုန်ကြမ်းယူ သန့်စင်ပြီး ပြန်လည် အသုံးပြုထားတယ်။ မှတ်တမ်းတွေအရဆို Samsung အနေနဲ့ ဒီတစ်နှစ်အတွင်း ငါးဖမ်းပိုက်အဟောင်း 50 Tons အထက် ပင်လယ်သမုဒ္ဒရာထဲမှ ဆယ်ယူခဲ့ပါတယ်။
နောက်ပြီး ရေထုဟာ ကမ္ဘာရဲ့ သုံးပုံနှစ်ပုံအထက်ကို နေရာယူထားပေမယ့် ရေချိုပမာဏဟာ 3 ရာခိုင်နှုန်း ပဲရှိတာမို့ 0.5 ရာခိုင်နှုန်းပဲ အသုံးပြုနိုင်တာမို့ Reduce & Reuse လုပ်ဆောင်ချက်တွေကို လိုအပ်လာပါတယ်။ ဒါကြောင့် Samsung ဟာ Device Solution Division က ကုန်ထုတ်လုပ်တဲ့နေရာတွေမှာ ရေသုံးစွဲမှုကို Eco-conscious Water Treatment Technology ကိုသုံးပြီး လျှော့ချခဲ့ပြီးနောက် 2020 ခုနှစ်အရောက်မှာ ရေတန်ချိန်ပေါင်း ၁၀.၂၅ တန်အထိ သိသိသာသာလျှော့ချနိုင်ခဲ့ပြီး ရေတန်ချိန်သန်းပေါင်း ၇၀ ကျော်ကိုလည်း ပြန်လည်သုံးစွဲခဲ့ပါတယ်။

Photo Source https://www.facebook.com/SamsungMyanmar

ခုလိုလုပ်ဆောင်ချက်တွေကို Samsung က ကိုယ်တိုင်လုပ်ဆောင်ရုံတင်မကပဲ User တွေကိုယ်တိုင် Awareness ရလာဖို့ Galaxy for the Planet က Campaign Video မှာ Team Galaxy ဖြစ်တဲ့ BTS အဖွဲ့နဲ့လက်တွဲပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လူသားအားလုံးမှာတာဝန်ရှိတယ်ဆိုတာ Viewer တွေသတိထားမိလာအောင် တင်ဆက် ပြသခဲ့ပါတယ်။
ဒါ့အပြင် ထုတ်ပိုးမှုအပိုင်းတွင်လည်း Samsung က ၂၀၂၁ ခုနှစ်ကစပြီး အိမ်သုံးလျှပ်စစ်ထုတ်ကုန်ဖြစ်တဲ့ Neo QLED TV အမျိုးအစားများနဲ့ Lifestyle TV များရဲ့ ထုတ်ပိုးမှုအသစ်များအားလုံးကို ပလတ်စတစ်အသုံးပြုခြင်းကို သိသိသာသာ လျော့ချနိုင်မယ့် လုပ်ဆောင်ချက် Eco-packaging ကို စတင်ကာအသုံးပြုလာပြီး၊ ၂၀၂၂ ခုနှစ်မှာတော့ ထုတ်ပိုးမှုအသားများအပေါ်၌ မှင်အသုံးပြုခြင်းကို ၉၀ ရာခိုင်နှုန်း အထိ လျော့သုံးလာပါတယ်။