လေ့လာထားသင့်သည့် Chatbot လုပ်ဆောင်ချက်နှင့် အမျိုးအမည်များ

Chatbot ဆိုတာကတော့ တစ်ကယ့်လူသားတစ်ယောက်လို စကားပြောဆို ဆက်ဆံပေးနိုင်တဲ့ Computer Program တစ်ခုဖြစ်ပါတယ်။ စကားပြောဆိုခြင်း၊ စာတိုပေးပို့ခြင်း စတဲ့အကြောင်းအရာတွေကို လူကိုယ်တိုင်လုပ်နေသလိုမျိုး လုပ်ပေးနိုင်တဲ့ Digital Assistant တွေဖြစ်ပါတယ်။ Micheal Mauldin ဟာ Chatterbot ကိုစတင်တီထွင်ခဲ့ပြီးတော့ ၁၉၉၄ ခုနှစ်မှာ Chatterbot မှ Chatbot လို့အမည်ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။

Chatbot တွေအနေနဲ့ အသုံးပြုသူတွေရဲ့ Request တွေကို လေ့လာဆန်းစစ်ရပါတယ်။ လေ့လာဆန်းစစ်လို့ပြီးတဲ့အခါမှာတော့ အသုံးပြုသူတွေဆီကို သင့်လျော်တဲ့ အဖြေတွေချက်ချင်းဖြေကြားပေးသွားတာပဲ ဖြစ်ပါတယ်။ အခုလိုတိုးတက်ပြီးတော့ Social Media တွေအသုံးများလာတဲ့အချိန်မှာ Messenger ကနေလည်း Customer တိုင်းကို စကားပြန်ပြောပေးနိုင််မှာ မဟုတ်ပါဘူး။ ဒီအတွက် Chatbot တွေဆိုတာ အတော်လေးကိုအသုံးဝင်လာခဲ့ပါတယ်။

Photo source https://bit.ly/31ebBTm

အဓိကအားဖြင့်တော့ Chatbot အမျိုးအစားသုံးမျိုးရှိပါတယ်။

Rule-based Chatbots

ဒီ Chatbot ကတော့ အရိုးရှင်းဆုံး Chatbot အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ user ကခလုတ်တစ်ခုကိုနှိပ်လိုက်တာနဲ့ ကြိုတင်သတ်မှတ်ထားတဲ့ ရွေးချယ်စရာတွေကျလာမှာဖြစ်ပြီးတော့ ရွေးချယ်စရာတွေကိုအသုံးပြုပြီး အပြန်အလှန်ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ သက်ဆိုင်တဲ့အဖြေတွေအတွက်တော့ ရွေးချယ်စရာတွေကို Bot တွေအတွက်လုပ်ပေးထားဖို့တော့လိုပါတယ်။ ဒီလို Bot မျိုးကတော့ အသုံးပြုသူတွေရဲ့ လိုရင်းကိုရောက်အောင် ရှင်းပြဖို့ကြန့်ကြာနိုင်ပေမယ့် အသုံးအများဆုံး Chatbot အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

IVA Chatbot

အသုံးပြုသူတွေရဲ့ Request တွေနဲ့ အချက်အလက်တွေကိုပါ စုစည်းပြီး Machine Learning (ML) ပြုလုပ်နိုင်တဲ့ Intellectually Independent Chatbot အမျိုးအစားဖြစ်ပါတယ်။ ML ဆိုတာကတော့ အချက်အလက်တွေ ပုံစံတွေကို ကိုယ်တိုင်မှတ်သားနိုင်ပြီး လူသားတွေလိုမျိုး စဉ်းစားတွေးခေါ်မှု အနည်းငယ်ရှိတဲ့ ကွန်ပြူတာစွမ်းဆောင်ချက်တစ်ခုဖြစ်ပါတယ်။ Intellectually Independent Chatbot တွေဟာ အဓိကကျတဲ့စကားလုံးတွေ စကားစုတွေကို မှတ်သားပြီး ဖြေကြားရပိုမိုနားလည်အောင် လေ့ကျင့်ပေးထားတဲ့ Bot တွေ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အသုံးပြုသူက Chatbot မှာ “I have a problem with logging into my account” လို့ရေးလိုက်တဲ့အခါ Bot အနေနဲ့ အဓိကကျတဲ့ “problem”, “logging”, “account”စတာတွေကိုနားလည်မှာဖြစ်ပြီး ဒီစကားလုံးတွေနဲ့ အနီးစပ်ဆုံးသက်ဆိုင်တဲ့ အဖြေကိုပေးမှာပဲ ဖြစ်ပါတယ်။

Photo source https://bit.ly/31cIxf2

AI-powered Chatbots

AI-powered Chatbot ဆိုတာကတော့ Rule-based နဲ့ Intellecurally Independent Chatbots တွေမှာပါဝင်တဲ့ အားသာချက်တွေကို စုစည်းပြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ Artificial Inteligentce (AI) ဆိုတာကတော့ လူသားတွေရဲ့ ဉာဏ်ရည်ကိုတုပခြင်း ဖြစ်ပါတယ်။ AI-powered Chatbots တွေအနေနဲ့ ဘာသာစကားတွေကိုနားလည်ပြီးတော့ အသုံးပြုသူရဲ့ အခက်အခဲကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုလည်း သိကြပါတယ်။ အသုံးပြုသူရဲ့ စိတ်ဝင်စားတာတွေနဲ့ စကားပြောခဲ့တာတွေကို မှတ်သားထားကြပါတယ်။ ဒီ Chatbot အမျိုးအစားတွေဟာ Mechine Learning (ML) နဲ့ Natural Language Processing (NLP) ကိုနားလည်အသုံးပြုကြပါတယ်။ NLP ဆိုတာကတော့ လူသားတွေရဲ့ဘာသာစကား၊ မှန်ကန်တဲ့ရွေးချယ်ဆောင်ရွက်မှုနဲ့ နားလည်လွယ်ကူတဲ့ တုန့်ပြန်မှုတွေကို လူသားဘာသာစကားတဲ့ ဖြေကြားပေးနိုင်တဲ့ ကွန်ပြူတာစွမ်းဆောင်ရည်တစ်ခုလို့ ဆိုနိုင်ပါတယ်။

Bots တွေအနေနဲ့ Website, Applications, နဲ့ Message  ပို့လို့ရတဲ့ Facebook Messenger, Twitter နဲ့ Whatsapp စတဲ့ Social App တွေမှာ အသံနဲ့ဖြစ်ဖြစ် စာနဲ့ဖြစ်ဖြစ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက်လည်း Customer တွေကို လူသားတစ်ဦး မေးခွန်းတွေဖြေကြားပေးနိုင်ပြီး တစ်ဦးချင်းလိုက်ဆက်သွယ်ဖို့အတွက် Chatbot တွေက ကူညီပေးသွားနိုင်ပါတယ်။ ဒါဟာလည်း ဒီလိုတိုးတက်လာတဲ့ခေတ်ကြီးမှာ အသုံးဝင်လာပြီး Chatbot တွေဟာ လုပ်ငန်းတွေနဲ့ Customer တွေထိတွေ့မှုများလာဖို့အတွက် အသုံးတည့်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။