ဆရာဝန်နှင့်ပြသရန် အချိန်တိုအတွင်း Booking ပြုလုပ်နိုင်သည့် Caremebot

ယနေ့ခေတ်မှာ Mobile ဖုန်းကိုယ်စီနဲ့ သိချင်တာ၊ လိုချင်တာတွေကို အင်တာနက်အသုံးပြုပြီး ပိုမိုမြန်ဆန်စွာဖြေရှင်းလာကြ သလို ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေမှာလည်း အင်တာနက်ကိုအသုံးပြုပြီး အကျိုးရှိစွာအသုံးချနေကြတဲ့သူတွေ လည်းရှိကြပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း အချိန်မကုန်လူမပင်ပန်းပဲ လွန်ကူမြန်ဆန်လာစေသလို ငွေကြေးကုန်ကျမှု လည်းပိုမိုသက်သာစေတာလည်း အမှန်ပဲဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာကဏ္ဍတွေမှာတော့ ဆေးရုံ၊ ဆေးခန်းစတာတွေမှာ နေ့ရောညပါဆိုသလို လာရောက်ပြသသူတွေနဲ့ ပြည့် နှက်နေတတ်တာထုံးစံပါပဲ။ မိမိနေထိုင်မကောင်းဖြစ်တဲ့အခါ ဆေးရုံ၊ ဆေးခန်းကိုသွားပြီး ဆရာဝန်မလာမချင်းထိုင်စောင့်နေ ရတာ၊ ရှေ့မှာတန်းစီစောင့်နေကြတဲ့ လူနာတွေများနေလို့ စောင့်ဆိုင်းရတာကလည်း စိတ်ရှုပ်စရာကောင်းပြန်ပါတယ်။ ဆေးရုံ၊ ဆေးခန်းပြဖို့ ကြိုတင်ဘိုကင်လုပ်ထားတာတောင်မှ အကြောင်းအမျိုးမျိုးကြောင့် တခါတလေ မိမိအလှည့်ရောက်ဖို့ စောင့်ရ တာမျိုးလည်းဖြစ်တတ်ပြန်ပါတယ်။

Photo Source – https://www.facebook.com/caremebots/

အဲ့လိုပြဿနာတွေကိုဖြေရှင်းဖို့အတွက် ယနေ့ခေတ်မှာတော့ ဆရာဝန်နဲ့တိုက်ရိုက်ဆွေးနွေးနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ Online Platform တွေ၊ Application တွေနဲ့ အချိန်ပြည့်ဝန်ဆောင်မှုပေးနိုင်တဲ့ Website ကလည်း များစွာထွက်ပေါ်လာပါ တယ်။ ကျန်းမာရေးဆိုင်ရာကဏ္ဍတွေကို ဖြေရှင်းဖို့ နည်းပညာအကူအညီနဲ့ထွက်ပေါ်လာတာများစွာထဲမှာ Caremebot က လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဆေးခန်းပြတဲ့အခါ အချိန်အကြာကြီး မစောင့်ချင်တဲ့သူတွေအတွက် Caremebot ကကူညီဖြေရှင်းပေးမှာဖြစ်ပါတယ်။ ဆရာဝန်ရောက်မရောက်သိချင်တာတွေ လူနာဘယ်နှစ်ယောက်ကြည့်ပြီးသွားပြီလဲဆိုတာကို Caremebot မှာ ဘိုကင်တင် ထားရုံနဲ့ သိနိုင်တဲ့အတွက် ကိုယ့်အလှည့်ရောက်ခါနီးမှ အိမ်ကထွက်လာလို့အဆင်ပြေစေပါတယ်။ Facebook Messenger မှတစ်ဆင့် မိမိပြချင်တဲ့ ဆရာဝန်နဲ့ လွယ်လွယ်ကူကူ ဘိုကင်တင်လို့ရတဲ့အတွက် အချိန်ကုန်ကမှုလည်းသက်သာစေတာ အမှန်ပဲဖြစ်ပါတယ်။

Photo Source – https://www.facebook.com/caremebots/

Caremebot ကိုအသုံးပြုလိုပါက ပထမဆုံးအနေနဲ့ Facebook မှာ Caremebot လို့ရိုက်ရှာပြီး Send Messange ကိုနိုပ်ပါ။ Get Started ကိုနိုပ်ပါ။ မိမိအသုံးပြုလိုတဲ့ ဘာသာစကားရွေးချယ်ပါ။ ဆရာဝန်ရှာမည်ကို နိုပ်ပါ။ မိမိသွားရောက်ချင်တဲ့ ဆေးရုံကို ရှာဖွေရပါမယ်။ ဆရာဝန်အမည်ကို ရှာဖွေရမှာဖြစ်ပါတယ်။ မိမိပြသလိုတဲ့ ရက်နဲ့အချိန်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ လူနာအမည်။ အသက်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။ Book Now ကိုနိုပ်ရမှာဖြစ်ပါ တယ်။ အဲ့ဒါဆိုရင်တော့ ရက်ချိန်းယူမှုအောင်မြင်စွာပြီးမြောက်သွားပြီဖြစ်ပါတယ်။ View my booking ကိုနိုပ်ပြီး မိမိရဲ့ ဘိုကင် အသေးစိတ်ကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ အခုလက်ရှိမှာတော့ ပင်လုံဆေးရုံတစ်ခုကိုပဲ အသုံးပြုနိုင်မှာဖြစ်ပြီး ဆေးရုံများနဲ့ထပ်မံချိတ်ဆက်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/caremebots/

Caremebot ကို Yammobots Co.,Ltd. မှဖန်တီးထားခြင်းဖြစ်ပါတယ်။ မိမိရဲ့ရောဂါလက္ခဏာများပေါ် မူတည်ပြီး ဆရာဝန်များရဲ့ အချိန်ဇယားနဲ့ ဆးရုံဆိုင်ရာအချက်အလက်များ၊ လူသိများတဲ့ကျန်းမာရေးဆောင်းပါးများ ကိုလေ့လာဖတ်ရှုနိုင်ပြီး အခြားကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
အသုံးပြုရာတွင် အခက်အခဲ တစ်စုံတရာရှိခဲ့ပါကလည်း ဖုန်းနံပါတ် 09 973 8000 44, 09 973 8000 55 ကို ဆက်သွယ် မေးမြန်းနိုင်သလို အောက်ပါ Link မှလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/caremebots/