M-ပိုက်ဆံမှ သုံးစွဲသူများအား အထူးသုံးစွဲသူဝန်ဆောင်မှုကဏ္ဍ HOTLINE နံပါတ်ဖြင့် ပံ့ပိုးပေး

M-ပိုက်ဆံမှ မြန်မာနိုင်ငံတစ်ဝန်းရှိ မည်သည့်ဖုန်းလိုင်းကိုမဆို အသုံးပြုသည့် သုံးစွဲသူများအားလုံးအတွက် လွယ်ကူ၊ စိတ်ချ၊ မြန်ဆန်သည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကိုပေးအပ်လျက်ရှိပါသည်။ ယခုအခါ M-ပိုက်ဆံမှ သုံးစွဲသူများအနေဖြင့် လိုအပ်ချက်များရှိပါက ကူညီပေးနိုင်ရန်အတွက် အထူးသုံးစွဲသူဝန်ဆောင်မှုကဏ္ဍ Hotline နံပါတ်များဖြင့်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အူရီဒူးဆင်းကတ်အသုံးပြုသူများအနေဖြင့် M-ပိုက်ဆံ Hotline နံပါတ် “909” ကိုတိုက်ရိုက်ခေါ်ဆိုနိုင်ပြီး အခြားဆင်းကတ်အသုံးပြုသူများအနေဖြင့် “09970000999” သို့ခေါ်ဆိုခြင်းဖြင့် M-ပိုက်ဆံ သုံးစွဲသူဝန်ဆောင်မှုဌာနနှင့် ဆက်သွယ်နိုင်မည်ဖြစ်ပြီး နေ့စဉ် နံနက် (၈) နာရီ မှ ည (၉) နာရီအထိ ခေါ်ဆိုမေးမြန်းနိုင်မည် ဖြစ်သည်။ ယင်း Hotline နံပါတ်များမှသာမက M-ပိုက်ဆံ Facebook ပေ့ချ် Messenger မှတဆင့်လည်း ဆက်သွယ်နိုင်မည် ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် M-ပိုက်ဆံကို အသုံးပြုခြင်းဖြင့် ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊ဖုန်းဘီလ်ဝယ်ယူခြင်းနှင့် ငွေပေးချေခြင်းစသည်တို့ကို မိမိတို့မိုဘိုင်းဖုန်းပေါ်တွင် မည်သည့်အချိန်မည်သည့်နေရာမှမဆို လျှင်မြန်၊ လွက်ကူစွာနှင့် လုံခြုံစိတ်ချစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
M-ပိုက်ဆံအကောင့်ဖွင့်ရန် *999# ကို ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ Play Store (သို့) App Store တို့မှ M-ပိုက်ဆံ အက်ပလီကေးရှင်းကို ဒေါင်းလုတ်ပြုလုပ်၍ သော်လည်းကောင်း M-Pitesan ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/MPitesan/

M- ပိုက်ဆံဝန်ဆောင်မှုကို ၂၀၁၇ စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီး M- ပိုက်ဆံဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းအသုံးပြုသူ မည်သူမဆိုအသုံးပြုနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းသုံးစွဲသူ မည်သူမဆို အူရီဒူး၏ M- ပိုက်ဆံ ကိုယ်စား လှယ်ဆိုင်သို့ သွားရောက်ပြီး ငွေလွှဲခြင်းကို ဆောင်ရွက်နိုင်သည်။
လက်ရှိ ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး ၊ ပဲခူး နှင့် တောင်ကြီး မြို့ တို့တွင် ရှိသည့် အူရီဒူး M- ပိုက်ဆံ ကိုယ်စားလှယ် ပေါင်း ၂၅၀၀ ကျော် အထိ ရှိကာ မကြာသောကာလတွင် ကျေးလက်နှင့် မြန်မာပြည်အနှံ့အပြားမှ ကိုယ်စားလှယ်ပေါင်း ၈၀၀၀ အထိ ထပ်တိုးသွားမည်ဖြစ်ကြောင်းသိရသည်။
M- ပိုက်ဆံ Wallet ဆိုသည်မှာ မိမိ တို့နေ့စဉ်ကိုယ်နဲ့မကွာ သယ်ဆောင်သွားတတ်သည့် လက်ကိုင်အိတ်ကဲ့သို့ အသုံးပြုနိုင် သော မိုးဘိုင်းဒစ်ဂျစ်တယ် ပိုက်ဆံအိတ် တစ်ခုဖြစ်သည်။ M- ပိုက်ဆံမှာ စာရင်းသွင်းလိုက်ယုံနဲ့ တစ်ပြိုင်နက် မိုဘိုင်း ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် ကိုစတင်အသုံးပြုနိုင်မှာဖြစ်သည်။ M- ပိုက်ဆံတွင် မိမိ၏ လုပ်ဆောင်မှုများ အားလုံးကို ကိုယ်ပိုင် လျှို့ဝှက် PIN နံပါတ်ဖြင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်သည်။ M- ပိုက်ဆံဝန်ဆောင်မှုများကို သင်နှင့် နီးစပ်ရာ မည်သည့် M- ပိုက်ဆံကိုယ်စားလှယ်တွင်မဆို ရယူနိုင်မည်ဖြစ်သည်။
M-ပိုက်ဆံအကောင့်ကိုငွေဖြည့်သွင်းရန်နီးစပ်ရာ M- ပိုက်ဆံကိုယ်စားလှယ်ထံသို့သွားရောက်ပြီး မိမိ မိုဘိုင်းဖုန်းနှင့်တကွ NRC ကဒ်ကိုပါ တစ်ပါတည်းယူဆောင်သွားပြီး ငွေဖြည့်သွင်းခြင်းကိုလုပ်ဆောင်နိုင်မည်ဖြစ်သည်။ M- ပိုက်ဆံ Application ပေါ်မှ “ကိုယ်စားလှယ်ရှာဖွေရန်” ကို အသုံးပြု၍ သော်လည်းကောင်း ၊ USSD Code *999# ကိုခေါ်ဆိုပြီးရှာဖွေနိုင်ပါတယ်။
အူရီဒူး အသုံးပြုသူများအတွက် အူရီဒူးရဲ့ M- ပိုက်ဆံံကို အသုံးပြုပြီး သူငယ်ချင်းများ ၊ မိသားစုဝင်များ နှင့် မိမိ ချစ်သူခင်သူများ ၏ ဖုန်းများကို ဖုန်းငွေဖြည့်သွင်းပါက ထည့်သွင်းသည့် ဖုန်းငွေ ရဲ့ ၂ ဆ ကို ငွေဖြည့် လက်ဆောင်ကို ရရှိမည်ဖြစ်သည်။ ရရှိလာမယ့် ငွေဖြည့်လက်ဆောင်ကို အူရီဒူး၏ သုံးသလောက်ပေးအစီစဉ် ၊ အူရီဒူး အချင်းချင်း ဖုန်းခေါ် ဆိုမှုနဲ့ မတ်စေ့ပေးပို့ခြင်းတို့ကို ၃ ရက် အတွင်း အသုံးပြုနိုင်မှာဖြစ်ပြီး ၎င်းအစီစဉ်ကို အချိန်အကန့်အသတ် တစ်ခုအထိသာ ရရှိနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/MPitesan/

နီးစပ်ရာ M- ပိုက်ဆံကိုယ်စားလှယ်များထံံသွားရောက်၍ သော်လည်းကောင်း မိမိ ၏ CB မိုလိုင်းဘဏ်အကောင့်ဖြင့် ချိတ်ဆက်၍ သော် လည်းကောင်း M- ပိုက်ဆံအကောင့်ထဲသို့ ငွေဖြည့်သွင်းနိုင်မည်လည်းဖြစ်သည်။
M- ပိုက်ဆံ သုံးစွဲသူများအားလုံးအနေဖြင့် shop.com.mm ဝဘ်ဆိုက်တွင် ပစ္စည်းများဝယ်ယူသည့်အခါ ဒီဂျစ်တယ်စနစ် ဖြင့်ငွေပေးချေနိုင်မည်ဖြစ်သည်။ ၎င်းသည် မြန်မာပြည်သူလူထုအား အွန်လိုင်းဖြင့် ဈေးဝယ်ခြင်းနှင့် အွန်လိုင်းငွေပေးချေမှု စနစ်တို့နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စတင်မိတ်ဆက်ခဲ့ခြင်းလည်းဖြစ်သည်။ M- ပိုက်ဆံသုံးစွဲသူများ အနေဖြင့် shop.com.mm ဝဘ်ဆိုက်တွင် ဈေးဝယ်သည့်အခါ ကျပ် ၅ သိန်းအထိ ပေးချေနိုင်ပြီး ဈေးဝယ်သူများအနေဖြင့် ဈေးဝယ်သည့်လှည်းထဲတွင် ဝယ်ယူလိုသည့်ပစ္စည်းများကို ထည့်သွင်းပြီးနောက် ငွေပေးချေမှုအတည်ပြုရန်အတွက် “Cash On Delivery” ကိုရွေးချယ်ရမည်မည်ဖြစ်သည်။ ပစ္စည်းများကို လက်ခံသည့်အချိန်တွင် M- ပိုက်ဆံ Application ကိုအသုံးပြုပြီး ငွေပေးချေနိုင်မှာဖြစ်သည်။ သုံးစွဲသူများ ငွေပေးချေရန် အတွက် လုပ်ဆောင်ရမည်မှာကတောက “Buy Goods” ခလုတ်ကို ရွေးချယ်ပြီး shop.com.mm ကိုဒ်ကို ရိုက်ထည့်ရန် (သို့မဟုတ်) QR Code Scanner မှ တစ်ဆင့် ကုဒ်ကို ဖတ်ရန်ဖြစ်သည်။ ထို့နောက် သုံးစွဲသူများ အနေဖြင့် အသေးစိတ်ပြေစာနှင့်အတူ အတည်ပြုချက်ကို SMS မှတဆင့်လက်ခရရှိမည်ဖြစ်သည်။
ဝန်ဆောင်ခနှုန်းထားများကို အောက်ပါ Link တွင်ဆက်လက်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://ooredoo.com.mm/mm/Personal/Services/M-Pitesan/Fees.aspx