ChatGPT လို AI Chatbot Service နဲ့ နောက်ဆုံးပေါ် Google Bard

ယနေ့ခေတ်နည်းပညာနယ်ပယ်မှာ AI တွေဟာ တစ်စိတ်တစ်ဒေသထက်ကိုကျော်လွန်ပြီး နေရာအတော်များများ မှာကို နေရာယူအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ Microsoft အနေနဲ့လည်း ChatGPT နဲ့လက်တွဲပြီး Bing Version အသစ်ကို မြင့်တင်အသုံးပြုမယ့်အကြောင်းကို ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ Google ဟာလည်း Chatbot Tool အသစ်တစ်ခုဖြစ်တဲ့ Google Bard ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က Blog Post တစ်ခုနဲ့အတူ မိတ်ဆက် ခဲ့ပါသေးတယ်။

Image: Google

Google Bard ဟာ ChatGPT လို Artificial Intelligence (AI) တစ်ခု ဖြစ်ပါတယ်။ Microsoft ကမိတ်ဆက်လိုက်တဲ့ Bing လိုမျိုးပဲ Google ရဲ့ ကိုယ်ပိုင် Search Tool တစ်ခု ဖြစ်ပါတယ်။ လူသားတွေနဲ့ အပြန်အလှန်စကားပြောဆိုပြီး Natural Language နဲ့ Machine Learning လုပ်ငန်းစဉ်တွေကို ပေါင်းစပ်နိုင်မယ့် နည်းပညာအသစ်တစ်ခု ဖြစ်ပါတယ်။ Google Bard ကတစ်ဆင့် ကိုယ်မေးသမျှကို Realistic ဆန်ပြီး အကျိုးရှိ၊ အသုံးတည့်တဲ့ အဖြေတွေကိုပဲ ဖြေကြားပေးသွားမယ်လို့ သိရပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေကို Customer တွေကို လူသားတစ်ယောက်လို ပုံမှန်အတိုင်းဖြေကြားပေးနိုင်တဲ့ Chatbot အသုံးပြုလိုတဲ့ လုပ်ငန်းတွေ အတွက်လည်း အတော်လေးအဆင်ပြေစေမှာ ဖြစ်ပါတယ်။

Bard ကို Website, Message Platform နဲ့ Application တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Desktop နဲ့ Mobile Device အမျိုးမျိုးမှာလည်း အသုံးပြုနိုင်မယ့် ဒီဂျစ်တယ်စနစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

Google Bard ကို စမ်းသပ်အသုံးပြုလိုသူတွေအနေနဲ့ကတော့ Limited Beta Tester တွေအတွက်ပဲ အသုံးပြုခွင့်ပေးထားပါသေးတယ်။ Beta Test အဆင့်ပဲရှိသေးပေမယ့် နောက်လာမယ့် ရက်သီတင်းပတ်အတွင်း ပိုင်းလောက်မှာတော့ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Google Bard ကိုထည့်သွင်း မိတ်ဆက်ခဲ့တဲ့ Live from Paris” YouTube Live ကိုလည်း အသေးစိတ်အချက်အလက်တွေအတွက် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။