အူရီဒူးမြန်မာမှ “ချွင် ချွင် ချွင်” ကံစမ်းမဲအစီအစဉ်၏ သြဂုတ်လနှင့် စက်တင်ဘာလအတွက် ရွှေ (၅) ကျပ်သားဆု ကံထူးရှင် စုစု‌ပေါင်း (၆) ဦးကို ဆုချီးမြှင့်

အူရီဒူးမြန်မာသည် ‘ချွင် ချွင် ချွင်’ ကံစမ်းမဲအစီအစဥ်မှ သြဂုတ်လနှင့် စက်တင်ဘာလအတွက်  ရွှေ (၅) ကျပ်သားဆု ကံထူးရှင် စုစုပေါင်း (၆) ဦးကို ဆုချီးမြှင့်သည့် အခမ်းအနားကို အူရီဒူးမြန်မာရန်ကုန်ရုံးချုပ်၌  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်တွင် ကျင်းပခဲ့ပါသည်။

အူရီဒူး၏ ‘ချွင် ချွင် ချွင်’သည် အူရီဒူးသုံးစွဲသူများအား ကျေးဇူးတုံ့ပြန့်သောအားဖြင့် ပြုလုပ်ပေးသည့် အဓိကအစီအစဉ်များထဲမှတစ်ခုဖြစ်ပြီး ပါဝင်ကံစမ်းနိုင်ရန် စာရင်းသွင်း၍  ၉၉၉ ကျပ် နှင့် အထက် ဒေတာ သို့မဟုတ် ဖုန်းခေါ်ဆိုမှုပက်ကေ့ချ်၀ယ်ယူသူတိုင်း ကံစမ်းခွင့်ရရှိပြီး လစဥ် ရွှေ (၅) ကျပ်သား ကံထူးဆုများ ချီးမြှင့်ခဲ့ပါသည်။

Image: ooredoo

“ အူရီဒူးအနေနဲ့ သုံးစွဲသူတွေကို အထူးအလေးထားတဲ့အတွက် လက်တွေ့ကျကျ အသုံးဝင်တန်ဖိုးရှိတဲ့ ရွှေဆုကြီးတွေ ပေးအပ်ချီးမြှင့်တာပဲဖြစ်ပါတယ်။ “ချွင်ချွင်ချွင်” ကံစမ်းမဲအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလမှာ စတင် မိတ်ဆက်ခဲ့ပြီး ဒီအစီအစဉ်ကနေ အထူးဆုကြီးတွေဖြစ်တဲ့ ရွှေ ၁၀ ကျပ်သားဆု ၃ဆုနဲ့ လစဉ်ရွှေ ၅ ကျပ်သားဆု ၂၁ ဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ အူရီဒူးရဲ့ ‘ချွင် ချွင် ချွင်’ ကံစမ်းမဲအစီအစဥ်က ချီးမြှင့်တဲ့ ရွှေသားဆုတွေဟာ မြန်မာနိုင်ငံအနှံ့အပြားရှိ အူရီဒူးသုံးစွဲသူတွေထဲက ကံထူးရှင် တစ်ဦးချင်းတစ်ယောက်ချင်းစီ ဖြစ်ချင်ခဲ့တဲ့ ရွှေအိမ်မက်တွေကို အကောင်အထည် ပေါ်လာအောင် အများကြီးပံ့ပိုးပေးနိုင်တာ တွေ့ရလို့ ကျွန်မတို့အနေနဲ့ ဝမ်းသာဂုဏ်ယူရပါတယ်” ဟု အူရီဒူးမြန်မာ၏ Marketing Communications Director ဖြစ်သူ ဒေါ်ခင်မြတ်သူက ပြောကြားလိုက်သည်။

သြဂုတ်လ နှင့် စက်တင်ဘာလအတွက်  “ချွင်ချွင်ချွင်” ၏ ရွှေ (၅) ကျပ်သားဆု ကံထူးရှင် (၆) ဦးကို အူရီဒူးမှ၎င်း၏ ဆိုရှယ်မီဒီယာတွင် LIVE လွှင့် ရွေးချယ်၍ ဆက်သွယ်အကြောင်းကြားခဲ့ပြီး၊ ယခုကျင်းပခဲ့သောဆုပေးပွဲတွင် အဆိုပါ ကံထူးရှင်များက အူရီဒူး ချွင်ချွင်ချွင်၏ ရွှေဆုကြီးများကံထူးမှုအတွက် ၎င်းတို့၏ ရင်တွင်းစကားများကို အသီးသီးမျှ၀ေခဲ့ကြပါသည်။

သြဂုတ်လအတွက် ကံထူးရှင် တစ်ဦးဖြစ်သည့် ဘားအံမြို့မှ ယာဥ်မောင်းတစ်ဦးဖြစ်သူ ကိုနိုင်ဝင်းက “အူရီဒူးက ဖုန်းဝင်လာပြီး ရွှေ (၅) ကျပ်သားဆု ပေါက်မှန်းသိတော့ မိသားစုကိုလည်း ‌ပြောပြပြီး ဖုန်းကို အတူတူနား‌ထောင်ကြတယ်။ အားလုံးလဲ ပျော်လွန်းလို့ ထပါခုန်ကြတယ်။ အခု ဆုရရင် ကိုယ့်ရပ်ရွာက စာသင်ကျောင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပြန်လှူဖြစ်ပါမယ်။ ရပ်ရွာက သက်ကြီးရွယ်အို လူကြီးမိဘတွေရယ်၊ တခြားလိုအပ်တဲ့ နေရာတွေရယ် တိုင်ပင်ပြီး လှူသွားဖို့လည်းရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Image: ooredoo

ထို့ပြင် စက်တင်ဘာလအတွက် ရေးမြို့မှ အခြားကံထူးရှင် တစ်ဦးဖြစ်သူ ကိုခန့်ကိုကိုက “အူရီဒူး ဆင်းမ်ကတ် သုံးလာတာ ၃နှစ်လောက်ရှိပါပြီ။ အခုလည်း ဆုပေါက်တယ်လို့ ကိုကောင်းထက်ဇော် ပြောတဲ့အချိန် မိန်းမကဖုန်းကိုင်လိုက်ပြီး လာပြောတာဝမ်းသာသွားတာပေါ့။ ဆုရပြီးရင် ကျွန်တော်တို့က မရှိဆင်းရဲသားတွေဆိုတော့ မိသားစုအတွက် ကိုယ်ပိုင်ခြံလေးဝယ်ဖြစ်ဖို့ များပါတယ်” ဟု ပြောကြားခဲ့ပါသည်။

အူရီဒူးမြန်မာသည် ‘ချွင်ချွင်ချွင်’ ကံစမ်းမဲအစီအစဥ်ကို ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ (၁) ရက်နေ့တွင် စတင် မိတ်ဆက်ခဲ့ပါသည်။ ဤအစီအစဥ်မှ အူရီဒူးမြန်မာသည် ယခု ဆိုလျင် အထူးဆုကြီးများဖြစ်သည့် ရွှေ (၁၀) ကျပ်သားဆု (၃) ဆုနှင့်  (၅) ကျပ်သားဆု ၂၁ ဆုတို့ကို ပေးအပ်ခဲ့ပြီးဖြစ်သည်။