အူရီဒူးမြန်မာက ဖြူးမြို့နယ် ရေကျော်ကျေးရွာရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ကျပ်သိန်းတစ်‌ထောင်လှူဒါန်း

 

မြန်မာနိုင်ငံရှိ ထိပ်တန်း နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူးမြန်မာက မြန်မာပြည်သူလူထုအတွက် ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမည့် ကတိကဝတ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်သည့်အနေဖြင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊  ရေကျော်ကျေးရွာရှိ ရတနာမာရ်အောင်တောရ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကလေးငယ်ပေါင်း ၁၀၀ ကျော် ပညာသင်လေ့လာရာတွင် အထောက်အကူဖြစ်စေရန်အတွက်  စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ကျပ်သိန်းတစ်‌ထောင် လှူဒါန်းခဲ့ပါသည်။ ၎င်းသည် သုံးစွဲသူများမှ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုမှု ပြုလုပ်သည့်အခါ ၁ မိနစ် ပြောဆိုမှုတိုင်းအတွက် အူရီဒူးမြန်မာ၏ ဝင်ငွေထဲမှ ၁ ကျပ်စီ လှူဒါန်းပေးသွားသည့် အူရီဒူးကလှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်ဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

Image: ooredoo

ရတနာမာရ်အောင်တောရ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အနီးအနား ရပ်ရွာဝန်းကျင်မှ ကျောင်းသားကျောင်းသူဦးရေ ၁၀၀ ဝန်းကျင် လာရောက် ပညာသင်ကြားလျက် ရှိပါသည်။ ဆရာတော်ဦးဥတ္တရမှ ဦးဆောင်၍    ရပ်ရွာအနီးရှိကလေးသူငယ်များ စာပေတတ်မြောက် စေရန်ရည်ရွယ်ချက်ဖြင့် မူလတန်းဘကကျောင်းကို စတင်ခဲ့ခြင်းဖြစ်သည်။ ရပ်ရွာမှာ ဆင်းရဲနွမ်းပါးသဖြင့် ကလေးများ ပညာသင်ယူခွင့်ရရှိအောင် နဝကမ္မအလှူတော်ငွေများဖြင့် ရပ်တည်ပြီး အစစအရာရာ ပံ့ပိုးပေးခဲ့ရပါသည်။

ရတနာမာရ်အောင်တောရ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ကျောင်းအုပ်ဆရာတော် ဦးဥတ္တရမှ  “ဦးဇင်းအနေနဲ့ အူရီဒူးမြန်မာက ယခုလို မိုးလုံလေလုံကျောင်းဆောင်ကြီးဆောက်လုပ်ဖို့ လာရောက်လှူဒါန်းတဲ့အတွက် ပြောမပြတတ်အောင် ပီတိဖြစ်ရပါတယ်။ ဦးဇင်းတို့ ရပ်ရွာဝန်းကျင်မှာ တတ်နိုင်တဲ့သူ ရှားပါးတော့ ကျောင်းဆောင်တစ်ဆောင်ပေါ်ပေါက်လာဖို့ အလွန်ခဲယဉ်းပါတယ်။ ကျောင်းဆောင်နဲ့ စာသင်ခန်းအလုံအလောက် မရှိတဲ့အတွက် ခန်းမတစ်ခုတည်းမှာ အတန်းတွေမျှပြီး အခက်အခဲတွေကြားထဲက ပညာသင်ပေးခဲ့ရပါတယ်။ ပြီးတော့လက်ရှိအသုံးပြုနေရတဲ့ စာသင်ခန်းက သံဇကာအပေါက်တွေနဲ့ မိုးလေမလုံတော့ ကလေးတွေ အ‌အေးမိဖျားနာတာမျိုးတွေ ဖြစ်ကြတယ်။ ယခု အူရီဒူးကလှူဒါန်းမယ့်ကျောင်း‌‌ဆောင်ကတော့ မိုးလုံလေလုံကျောင်းဆောင်ကြီး ဖြစ်နေတော့ ကျောင်းသားမိဘတွေလည်း ပိုစိတ်ချသွားရပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပါတယ်”   ဟု ဝမ်းမြောက်စွာ မိန့်ကြားခဲ့သည်။

Image: ooredoo

ကလေးငယ်များပညာသင်ယူရာတွင် အထောက်အကူဖြစ်စေရန်အတွက် လှူဒါန်းခဲ့သော ကျပ်သိန်းတစ်‌ထောင်တန်ဖိုးရှိ စာသင်ကျောင်းဆောင်သစ်ကို အူရီဒူးသုံးစွဲသူများမှ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုမှုပြုလုပ်သည့်အခါ ၁မိနစ် ပြောဆိုမှုတိုင်းအတွက် အူရီဒူးမြန်မာ၏ ဝင်ငွေထဲမှ ၁ ကျပ်စီ လှူဒါန်းပေးလျက်ရှိသည့် “အူရီဒူးက လှူနေမှာ ၁မိနစ်ပြောတိုင်း ၁ကျပ်ပါ” အစီအစဉ်ဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

“ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ သီလရှင်စာသင်တိုက်တွေဟာ လိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေက ကလေးငယ်တွေရဲ့ ပညာရေးအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ် တွေပဲဖြစ်ပါတယ်။ ရတနာမာရ်အောင်တောရ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စာသင်ကျောင်းဆောင်သစ် လှူဒါန်းမှုက ဖြူးမြို့နယ်အနီးအနားကျေးရွာတွေက ကလေးငယ်တွေကို သက်သောင့်သက်သာနဲ့ အဆင်ပြေ ကောင်းမွန်စွာ ပညာသင်ယူလေ့လာခွင့်ရစေမှာဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ဒီကနေ့လှူဒါန်းမှုဟာ အူရီဒူးမြန်မာရဲ့ မြန်မာနိုင်ငံတစ်ဝန်းမှ လူမှုအသိုင်းအဝိုင်း တွေအတွက် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို အဓိကထား ပံ့ပိုးပေးသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို အကောင်အထည်ဖော် လုပ်ဆောင်ချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ အနာဂတ်မှာလဲ ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုလုပ်ဆောင်ချက် ကတိကဝတ်တွေနဲ့ အညီ လိုအပ်လျက်ရှိတဲ့ နေရာတွေကို လက်လှမ်းမီသလောက် ပံ့ပိုးပေးသွားမှာပါ” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားခဲ့သည်။

Image: ooredoo

မြန်မာနိုင်ငံတစ်ဝန်းရှိ ပံ့ပိုးမှုများ လိုအပ်နေသော လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်‌ရေးကို အဓိကပံ့ပိုးကူညီရန် ရည်ရွယ်ထားသည့် အူရီဒူးမြန်မာ၏ “မိနစ်များများ ပြောလေ၊ အူရီဒူးကများများလှူပေးလေ” အစီအစဥ်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့ပြီးနောက် ၎င်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်အဖြစ် ပြန်လည်မိတ်ဆက်ခဲ့ပါတယ်။ ကနဦးအစီအစဥ်ဖြင့် အူရီဒူးမြန်မာမှ ကလေးငယ်များ အခမဲ့ ပညာသင်ကြားရေးအတွက် ကျောင်းအဆောက်အအုံ ၄၀ အပါအဝင် ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း စုစုပေါင်း ၅၁ ခုကို ပံ့ပိုးပေးခဲ့ပြီး ဖြစ်ကာ နှစ်စဥ် ကျောင်းသားကျောင်းသူ ဦးရေ ၃သောင်းကျော်ကို အကျိုးပြုလျက်ရှိပါသည်။ ယခု ထပ်မံလှူဒါန်းလိုက်သည့်ကျောင်းဆောင်မှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့ ပြန်လည် မိတ်ဆက်လိုက်သည့် “အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဉ်ကနေ ပထမဦးဆုံး လှူဒါန်းမှုဖြစ်ပြီး ၎င်းအစီအစဉ်ဖြင့်ပညာရေးအတွက် လိုအပ်သည့်နေရာများတွင် ဆက်လက်ပံ့ပိုး ပေးသွားမည်ဖြစ်ပါသည်။