လုပ်ငန်းများ၏ အောင်မြင်နိုင်မှုအလားအလာကို နှောင့်နှေးစေနိုင်သည့် ရှုပ်ထွေးသော Cloud နည်းပညာ

အက်ပလီကေးရှင်းများအတွက် multi-cloud ဝန်ဆောင်မှုများပေးအပ်နေသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းကြီးများအတွက် စီမံထိန်းချုပ်မှုများကို ခေတ်မီဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများ အသုံးချ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးလျက်ရှိသော Vmware ၏ စီစဉ်ထောက်ပံ့မှုဖြင့်  Vanson Bourne ၏လေ့လာချက်အသစ်များအရ အာရှ-ပစိဖိတ်ဒေသတွင်း စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများသည် multi-cloud နည်းပညာကို ထဲထဲဝင်ဝင်အသုံးပြုလျက်ရှိကြသည်။ သို့ရာတွင် ယင်းအဖွဲ့အစည်းတို့၏ ရာခိုင်နှုန်း တော်တော်များများမှာ multi-cloud နည်းပညာကို ဗျူဟာမြောက်စွာ အသုံးပြုနိုင်မှု နည်းပါးနေသေးကြောင်း တွေ့ရှိ ရပါသည်။

စစ်တမ်းကောက်ခံချက်အရ ပါဝင်ဖြေဆိုသော အာရှ-ပစိဖိတ်လုပ်ငန်းများအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာ အများသုံး cloud ဝန်ဆောင်မှုအမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပြီး ၃၈ ရာခိုင်နှုန်းသာ အဆိုပါ နည်းပညာဝန်ဆောင်မှုကို စနစ်တကျသုံးစွဲနေကြကြောင်း သိရသည်။ Cloud နည်းပညာသုံးစွဲသူများတွက် Trailing (ပြိုင်ဖက်များထက် နောက်ကျစွာယခုမှ စတင်သုံးစွဲမည့်သူ)၊ Cloud Beginner (စတင်သုံးစွဲလျက်ရှိသူ)၊ Cloud Intermediate (အသင့်အတင့်သုံးစွဲနေပြီး ဖြစ်သူ) နှင့် Cloud Smart (ဗျူဟာသုံးစီးပွားရေးလုပ်ငန်းများ (ကျွမ်းကျင်သောသုံးစွဲသူ) တို့ကိုတွေ့နိုင်သည်။

Cloud Smart လို့ခေါ်တဲ့ cloud နည်းပညာကို အစီအစဉ်တကျ အသုံးပြုခြင်းမပြုဘဲ multi-cloud နည်းပညာဖက်ကိုသာ အသားပေးနေမယ်ဆိုရင်တော့ အက်ပလီကေးရှင်းတွေနဲ့ ဒေတာအချက်အလက်တွေက cloud အများအပြားပေါ်ရောက်ရှိသွားပြီး ပိုမိုရှုပ်ထွေးတဲ့ cloud chaos အဆင့်ကို ရောက်သွားနိုင်တဲ့ အန္တရာယ်မျိုးရင်ဆိုင်ရနိုင်ပါတယ်။

“ဒေသတွင်း လုပ်ငန်းအဖွဲ့အစည်းတွေက Cloud First ဗျူဟာသုံး ကုမ္ပဏီတွေ အဖြစ်အစဉ်တစိုက် လုပ်ငန်းဆောင်ရွက်နေကြပေမယ့် အများစုက multi-cloud နည်းပညာအသုံးပြုမှုနဲ့ ပက်သက်ရင် လက်ရှိအနေအထားနဲ့ တိုးတက်မှုမှာပဲ ရပ်တန့်လုနီးပါးဖြစ်နေပါတယ်။ Cloud Smart လို့ခေါ်တဲ့ cloud နည်းပညာကို အစီအစဉ်တကျ အသုံးပြုခြင်းမပြုဘဲ multi-cloud နည်းပညာဖက်ကိုသာ အသားပေးနေမယ်ဆိုရင်တော့ အက်ပလီကေးရှင်းတွေနဲ့ ဒေတာအချက်အလက်တွေက cloud အများအပြားပေါ်ရောက်ရှိသွားပြီး ပိုမိုရှုပ်ထွေးတဲ့ cloud chaos အဆင့်ကို ရောက်သွားနိုင်တဲ့ အန္တရာယ်မျိုးရင်ဆိုင်ရနိုင်ပါတယ်။ Cloud Chaos ဆိုတာကတော့ မြင်သာမှုနဲ့ ထိန်းချုပ်နိုင်မှုစွမ်းအားကို လျော့ကျတဲ့ cloud နည်းပညာသုံးစွဲမှု အခြေအနေတစ်ခုဖြစ်ပါတယ်။” ဟု Vmware ၏အရှေ့တောင်အာရှဒေသ နှင့် ကိုးရီးယားနိုင်ငံဆိုင်ရာ ဒုဥက္ကဌနဲ့ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ Paul Simos မှပြောကြားခဲ့ပါသည်။

အာရှ-ပစိဖိတ် တစ်ဝန်းရှိစီးပွားရေးအဖွဲ့အစည်းများအနေဖြင့် Cloud Smart နည်းပညာအသုံးပြုသည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ရန် လုပ်ဆောင်ရာတွင် နောက်တစ်ဆင့်အနေဖြင့် ထည့်သွင်းစဉ်းစားရမည့် အဓိကကဏ္ဍခြောက်ခုမှာ

(၁) ဝင်ငွေနှင့် အကျိုးအမြတ်ရရှိနိုင်မည့်အလားအလာကို ဖော်ထုတ်ခြင်း

(၂) ဒေတာကို ငွေကြေးအဖြစ်ပြောင်းလဲခြင်း

(၃) Cloud နည်းပညာသုံးစွဲမှုကုန်ကျစရိတ်ကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန်ပြုလုပ်ခြင်း

(၄) ဒေတာအချက်အလက် စီမံခန့်ခွဲမှုနှင့် လွှမ်းမိုးချုပ်ကိုင်မှုများကို ဖြေရှင်းခြင်း

(၅) လုံခြုံရေးနှင့် ထိန်းချုပ်နိုင်စွမ်းကို ပိုမိုခိုင်မာအောင် ပြုလုပ်ခြင်း

(၆) နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု ကွာဟချက်ကို လျှော့ချပေးခြင်း

Photo Source Vmware

အဖွဲ့အစည်းများတွင် Cloud နည်းပညာအသုံးပြုမှု အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို တစ်ဆင့်ချင်းဆောင်ရွက်သွားရာတွင် ကူညီပံ့ပိုးနိုင်ရန်အတွက် သုံးစွဲသူများ၏ စီးပွားရေးလုပ်ငန်းဆောင်တာများကို ပုဂ္ဂလိကနှင့် အများသုံး cloud များပေါ်နှင့် edge တို့တွင် လည်ပတ်ဆောင်ရွက်ခြင်း၊ တိုးချဲ့လျှော့ချခြင်းနှင့် လုံခြုံအောင် အကာအကွယ်ပေးခြင်းတို့ကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အကူအညီပေးနိုင်ရန် ရည်ရွယ်သည့် ဝန်ဆောင်မှုများကို Vmware မှမကြာသေးမီက စတင်မိတ်ဆက်ခဲ့ပါသည်။ Multi-cloud စနစ်များကို Cloud Smart ပုံစံအသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်မိတ်ဆက်ခြင်းလည်း ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် အဓိပ္ပာယ်ပြည့်ဝပြီး အကျိုးရလဒ်ခိုင်ခိုင်မာမာရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် multi-cloud နှင့် လုပ်ကိုင်ရာတွင် cloud-smart ပုံစံဖြင့် ဆောင်ရွက်နိုင်ရန်နှင့် အာရှပိစိဖိတ်ဒေသအတွင်း စီးပွားရေးနှင့် တီထွင်ဖန်တီးမှုအခွင့်အလမ်းများကို ရရှိအောင် ကူညီစွမ်းအောင်ပေးနိုင်မည့် စိစစ်အကဲဖြတ်မှု ကိရိယာထုတ်ကုန်သစ်များကိုလည်း Vmware မှမိတ်ဆက်သွားမည် ဖြစ်ပါသည်။