Unilever Myanmar နှင့် Rakuten Viber တို့ ပူးပေါင်း၍ လူနေမှုဘဝမြှင့်တင်မှုအတွက် အထောက်အကူပေးနိုင်မည့် အစီအစဉ်များ မိတ်ဆက်

နောက်ဆုံးပေါ် စာတိုပို့ဆောင်ခြင်း ဝန်ဆောင်မှုများဖြစ်သည့် Viber Community နှင့် Viber Bot များ အား အသုံးပြုနိုင်ခြင်းအတွက် လူကြိုက်များနေသည့် ကမ္ဘာ့ထိပ်တန်း စာတိုပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်သော Rakuten Viber သည် Unilever ၏ ထုတ်ကုန်များဖြစ်သော E-Lan၊ Family Care၊ Misss ၊ Rexona ၊ Sunsilk ၊ Vaseline တို့နှင့် ပူးပေါင်းကာ လူမှုအကျိုးပြု အစီအစဉ်ကောင်းများစွာကို အကောင်အထည်ဖော်လျက်ရှိပါသည်။
အဆိုပါ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ဖြစ်မှုနှင့် ပတ်သက်၍ “Unilever နဲ့ Rakuten Viber က မြန်မာပြည်သူတွေရဲ့ လူနေမှုဘဝကို တတ်နိုင်တဲ့နေရာ တစ်ဖက်တစ်လမ်းကနေ ကူညီပြီး အဆင့်မြှင့်တင်ပေးချင်တယ်ဆိုတဲ့ ရည်မှန်းချက်ချင်းတူတဲ့အတွက် အခုလိုမျိုး ပူးပေါင်းပြီး လုပ်ဆောင်ဖြစ်သွားတာပါ။ ကျွန်တော်တို့ ဆန်းသစ်တီထွင်ထားတဲ့ လုပ်ဆောင်ချက်တွေမှန်သမျှက Viber အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေနဲ့ လုံခြုံမှုတွေကို အလေးထားပြီး ဆောင်ရွက်ခဲ့တာဖြစ်လို့ နိုင်ငံတကာက ကုမ္ပဏီကြီးတွေ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ တစ်နိုင်စီးပွားရေးလုပ်ငန်းလေးတွေ စတဲ့ လုပ်ငန်းအသီးသီးက ကျွန်တော်တို့နဲ့ ယုံကြည်စွာ လက်တွဲလုပ်ဆောင်လိုကြတာဖြစ်ပါတယ်။ Viber community နဲ့ bot တွေမှာ အသုံးပြုထားတဲ့ ကျွန်တော်တို့ရဲ့ အဆင့်မြှင့်တင်ထားတဲ့လုပ်ဆောင်ချက်တွေက အခုလို တခြား လုပ်ငန်းအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်တဲ့အခါမှာ မိတ်ဖက်လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုကို ပိုမိုခိုင်မာစွာ ရရှိနိုင်ဖို့ကိုလည်း အများကြီး အထောက်အပံ့ပြုနိုင်ပါတယ်။” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse က ပြောကြားသွားခဲ့ပါသည်။


“အခုလို ခက်ခဲနေတဲ့ အချိန်မျိုးမှာ မြန်မာလူမျိုးတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို ဂရုပြုဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းမှု ကိုထိန်းသိမ်းဖို့နဲ့ ကိုယ့်ကိုယ်ပိုင် အရည်အသွေးတွေ မြှင့်တင်နေဖို့က အင်မတန်မှ အရေးကြီးပါတယ်။ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အခုလို လူမှုအကျိုးပြု အစီအစဉ်တွေ ဆောင်ရွက်ရာမှာ Rakuten Viber လို ကုမ္ပဏီမျိုးနဲ့ ပူးပေါင်းလုပ်ဆောင်ရတာ အရမ်းကျေနပ်မိပါတယ်။ သူတို့မှာ ကျွန်တော်တို့လိုချင်သလို မြန်မာနိုင်ငံတွင်းက အသုံးပြုသူပရိတ်သတ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့အစီအစဉ်မှာ ဗွီဒီယိုတွေ၊ ပုံတွေနဲ့ အခြားသော မက်ဆေ့ချ် ပုံစံမျိုးစုံကို ပရိတ်သတ်‌တွေဆီ အရောက် ပို့ဆောင်ဖို့အတွက်က လုံခြုံစိတ်ချရတဲ့၊ ကောင်းမွန်ပြီး အသုံးပြုရလွယ်ကူတဲ့ ပလက်ဖောင်း တစ်ခုရှိဖို့ အဓိကလိုအပ်ပါတယ်။ Viber Community နဲ့ Bot တွေက ကျွန်တော်တို့ရှာဖွေနေတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြည့်စုံတဲ့အတွက် ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုအစီအစဉ်တွေ အနေနဲ့ မြန်မာပြည်သူတွေ ကျန်းမာရေးကို ဂရုစိုက် ထိန်းသိမ်းနိုင်ကြပြီး မိမိတို့အနာဂတ်အတွက် အရေးပါတဲ့ ဗဟုသုတတွေ အရည်အသွေးတွေ မြှင့်တင်ဖို့ အကူအညီပေးရာမှာ အထောက်အကူပြုမယ်လို့ ယုံကြည်ထားပါတယ်” ဟုလည်း Unilever Myanmar, Cambodia and Laos မှ Marketing Director ဖြစ်သူ Nipun Talwar က ပြောကြားသည်။
Viber Community နှင့် Bot များအတွင်း ဗွီဒီယိုသင်ခန်းစာများမှတစ်ဆင့် သင်ကြားပြသပေးသော Unilever ၏ အစီအစဉ်များသည် မြန်မာပြည်သူပြည်သားများ၏ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အသိပညာ အတတ်ပညာများအား အဆင့်မြှင့်တင်ပေးရာတွင် အ‌ထောက်အကူပြုနိုင်စေရန် ရည်ရွယ်သည်။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းသင်ခန်းစာများအား ပရော်ဖက်ရှင်နယ် နည်းပြများမှတစ်ဆင့် ရွေးချယ်ထားသည့် Rexona Heroes ၁၀ ဦးအား သင်ကြားပြသပေးသွားသည်ကို အပိုင်း ၁၀ ပိုင်းဖြင့် တင်ဆက်ပေးသွားမည့် အစီအစဉ်ဖြစ်သည်။ အဆိုပါ သင်ခန်းစာ ဗွီဒီယိုများအား Rexona ၏ Viber Community နှင့် Bot သို့ဝင်ရောက်ကာ ကြည့်ရှုနိုင်ပြီး သင်ကြားပြသမှုများအတိုင်း ကိုယ်တိုင်လိုက်လုပ်ထားသည့် ဓာတ်ပုံ (သို့မဟုတ်) ဗွီဒီယိုအား Rexona Myanmar chatbot သို့ ပေးပို့၍ ကမ်ပိန်းတွင် ပါဝင်သူတိုင်းအတွက်လည်း တစ်ဦးလျှင် ၃၀၀ ကျပ်နှုန်းဖြင့် Rexona Hero များထံသို့ လှူဒါန်းရာ၌ ထည့်ဝင်ပေးသွားမည်ဖြစ်သည်။