ပါဝင်လာတော့မယ့် Instagram လုပ်ဆောင်ချက်အသစ်များ

လုပ်ဆောင်ချက်အသစ်အသစ်တွေကို အသုံးပြုသူတွေအတွက် ထည့်သွင်းဖန်တီးပေးနေတဲ့ Instagram ဟာ နောက်ထပ်လုပ်ဆောင်ချက်အသစ်တွေကိုလည်း ဒီဇင်ဘာလ ၁၃ ရက်နေ့က Blog Post တစ်ခုနဲ့ စတင် မိတ်ဆက်ခဲ့ပါတယ်။

Image: Meta

Instagram ဟာ ဓာတ်ပုံတွေ Reels တွေတင်ဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်သလို ကိုယ့်ရဲ့ Lifestylel တွေကို ချပြလို့ရတဲ့ နေရာကောင်းတစ်ခုဆိုရင်လည်းမမှားပါဘူး။ အသစ်မိတ်ဆက်လိုက်တဲ့အထဲမှာတော့ Instagram Platform ပေါ်မှာ အသုံးပြုသူတွေဟာ Notes” ဆိုတဲ့လုပ်ဆောင်ချက်ကတစ်ဆင့် ကိုယ့်ရဲ့အတွေးအမြင်တွေ၊ မှတ်စုတွေကို အခြားသူတွေမြင်တွေ့အောင် မျှဝေပေးနိုင်တော့မယ်လို့ ဖော်ပြထားပါတယ်။ Notes တွေဆိုတာ Post အတိုလေးတွေဖြစ်ပြီး စာသားနဲ့ Emoji တွေအပါအဝင် စာလုံးရေ ၆၀ အထိပဲရေးသားနိုင်မှာ ဖြစ်ပါတယ်။

Notes ကိုအသုံးပြုဖို့အတွက် Inbox ရဲ့ပေါ်ဆုံးမှာ ကိုယ်ပြန် Follow လုပ်ထားတဲ့ Follower တွေ ဒါမှမဟုတ် Close Friends List ကိုရွေးချယ်ပြီး Note တွေရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ရေးသားလိုက်တဲ့ Note တွေဟာ သူတို့ Inbox ရဲ့အပေါ်မှာ ၂၄ နာရီကြာရှိနေမှာ ဖြစ်ပါတယ်။ Note တွေကို Reply ပြန်လိုက်ရင်လည်း ကိုယ့်ရဲ့  inbox ထဲရောက်ရှိနေမှာပါ။ ဒီလုပ်ဆောင်ချက်ကိုအသုံးပြုပြီး ကိုယ်ဘာတွေတွေးနေလဲ စကားဘယ်လို စပြောရမလဲဆို တာမျိုးတွေကို အလိုတကူပြုလုပ်နိုင်မှာ ဖြစ်ပြီး တစ်ခုခုကို Recommend ပြုလုပ်ခိုင်းတာတွေပြုလုပ်နိုင်သလို သူငယ်ချင်း အချင်းချင်း ပိုပြီး ချိတ်ဆက်နိုင်စေမှာပါ။

Image: Meta

နောက်ထပ်မိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ ကိုယ့်ရဲ့ Stories တွေကို Trend တစ်ခုအနေနဲ့ သူငယ်ချင်းတွေလည်း ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ တစ်ယောက်ယောက်က Stories တစ်ခုခုလုပ်လိုက်တဲ့အခါ “Pass it on” ဆိုတဲ့စကားလုံးကို နှိပ်ပြီး ကိုဘ်တိုင်လည်း လိုက်လုပ်နိုင်မှာ ဖြစ်ပါတယ်။

Image: Meta

နောက်ဆုံးလုပ်ဆောင်ချက်တစ်ခုအနေနဲ့ကတော့ Group အလိုက် အသုံးပြုနိုင်တဲ့ Group Profiles ဖြစ်ပါတယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ ဟာသတွေ၊ Entertainment Content တွေမျှဝေပေးပို့ဖို့အတွက် Group Chat တွေပြုလုပ်လေ့ရှိကြပါတယ်။ Instagram အနေနဲ့လည်း အသုံးပြုသူတွေလွယ်ကူစေဖို့အတွက် Group Profiles လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ Group Profile အသုံးပြုမှုအတွက် Content တွေမျှဝေလိုက်တာနဲ့ Group Profile အောက်က အသုံးပြုသူတွေပဲ တွေ့မြင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Follower တွေကတော့ မြင်တွေ့မှာ မဟုတ်ပါဘူး။ Group Profile တွေကို ဖန်တီး အသုံးပြုမယ်ဆိုရင်တော့ + icon လေးကိုနှိပ်ပြီး Group Profile ကိုရွေးချယ်ပြီး ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။