Epson မှ ဈေးကွက်ထဲသို့ မျိုးဆက်သစ် Eco Tank Model အမျိုးအစားသစ်အား မိတ်ဆက်

Epson သည် ၂၀၂၁ ခုနှစ် နှစ်ဝက် နောက်ပိုင်းတွင် များပြားလှစွာသော Eco Tank printer အမျိုးအစားများကို မိတ်ဆက် ခြင်းဖြင့် ပရင်တာဈေးကွက်၏ တုံ့ပြန်မှုများကို ဖြည့်တင်းဆောင်ရွက်လျက်ရှိသည်။ ရုံးတွင်း လူမှုဘဝ နေထိုင်မှုပုံစံသစ်နှင့် နေအိမ်မှပင် အလုပ်လုပ်ခြင်း လိုအပ်ချက်များအတွက် အပူ လျှော့စေသည့် ပုံနှိပ်နည်းပညာ (heat-free printing technology) ကို အထူးဦီးစားပေး မိတ်ဆက်ကာ ကိရိယာများ၏ စွမ်းအင်စုဆောင်းမှုနှင့် အချိန်ကုန်သက်သာစေသော အကျိုး ကျေးဇူးများမှတစ်ဆင့် ထူးခြားကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတန်ဖိုးကို ပေးစွမ်းနိုင်ခြင်း၊ ပုံနှိပ်ရာတွင် ချောမွေ့စွာ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ခြင်းကို ကတိပေးနိုင်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများကိုလည်း လျှော့ချပေး သည်။

Photo Source http://www.epson.co.th

နောက်ဆုံး မိတ်ဆက်လိုက်သော printers ထဲတွင် အသားပေးဖော်ပြထားသည့် အမျိုး အစားများမှာ EcoTank L6460 နှင့် L6490 ပင်ဖြစ်သည်။ အဆိုပါအမျိုးအစားများမှာ အရည်အသွေးမြင့် တစ်ခုထက်မက ဘက်စုံသုံးစွဲနိုင်သော အရောင် လေးရောင်ထုတ် printer များ ဖြစ်ပါသည်။ ကျစ်လျစ်သေသပ်လှသော စက်အရွယ်အစားဖြင့် တစ်လလျှင် အရွက်ရေ ၂ ထောင်နှင့်အထက် ထုတ်ဖို့လိုအပ်မည့် အမျိုးမျိုးသော ကုမ္ပဏီလုပ်ငန်းဌာနများတွင် ပြီးပြည့်စုံ စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ နှစ်မျိုးလုံးသည် ကြည်လင်တောက်ပသော ကာလာဆန်း များနှင့် တိကျသေသပ်သော စာလုံးများ ထင်ပေါ်စေရန်အတွက် ရေစိုခံမှင်ကို အသုံးပြုထား ခြင်းဖြစ်သည်။ ပုံနှိပ်ထားမှုများမှာလည်း အချိန်ကြာလာသည်နှင့်မျှ မှေးမှိန်ပြီး အရောင်ကျ သွားခြင်းမရှိပဲ ကြာရှည်ခံပါသည်။
ပိုမိုကောင်းမွန်သောအချက်က အချို့သောမှင်များအတွက် printer စက်တွင် nozzles လဲတပ်ရန် မလိုအပ်ခြင်းဖြစ်သည်။ မှင်တစ်စုံဆီတိုင်းမှ အဖြူ အမည်းစာရွက် ၇၅၀၀ နှင့် ကာလာစာရွက် ၆၀၀၀ အထိ ထုတ်နိုင်သည်။ အဆိုပါ အမျိုး အစားများ၏ printing အမြန်နှုန်းမှာလည်း အံ့မခန်းပင်ဖြစ်သည်။ အဖြူအမည်း ထုတ်ခြင်းကို 17 ipm (တစ်မိနစ်လျှင် ၁၇ ပုံနှုန်း) နှင့် အရောင်ဖြင့် ထုတ်ခြင်းကို 9.5 ipm (တစ်မိနစ်လျှင် ၉ပုံခွဲနှုန်း) ရှိသည်။ အချိန်အားဖြင့် ပထမဦးဆုံး First Print-out Time (FPOT) ထုတ်သည့်အခါ အဖြူအမည်းအတွက် ၇ စက္ကန့်နှင့် ကာလာ အတွက် ၁၁ စက္ကန့်သာ ကြာမြင့်ပါသည်။ Printer ထဲမှာ စာရွက်ရေ ၂၅၀ အထိ ထည့်ထားနိုင်တာကြောင့် အချိန်တော်တော် ကြာကြာ မရပ်မနား ဆက်တိုက်ထုတ်နိုင်ပါသည်။ L6490 အမျိုးအစားကလည်း fax စနစ် တပ်ဆင်ထားခြင်းနဲ့အတူ ဈေးကွက်ထဲကို ဝင်ရောက်လာခြင်း ဖြစ်သည်။

Photo Source http://www.epson.co.th

EcoTank အမျိုးအစားသစ်အားလုံးမှာ Heat-Free အပူလျှော့နည်းပညာသစ် တပ်ဆပ်ပေးထားသောကြောင့် သုံးစွဲသူ များအတွက် laser printer များအသုံးပြုခြင်းနှင့် နှိုင်းယှဉ်ရင် ကုန်ကျစရိတ် သက်သာစေသည်။ ထို့အပြင် အဆိုပါ အမျိုးအစားများသည် အစမ်းထုတ်လုပ်သည့်နေရာမှာတောင် တိကျထင်ရှားမှုကို ပေးစွမ်းနိုင်သည့်Draft Vivid mode လုပ်ဆောင်ချက် ပါဝင်ပါသည် ။ Printer တွင် အသုံးပြုမည့် စက္ကူကလည်းပဲ မည်သည့်စာရွက်အမျိုးအစားဖြင့်မဆို အသုံးပြုနိုင်ပါသည်။ အဆိုပါ Eco Tank အမျိုးအစားများအား Epson Smart Panel application ဖြင့်လည်း တွဲဖက် အသုံးပြုနိုင်မည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ဘယ်နေရာမှာမဆို မိမိတို့၏ စမတ်ဖုန်း သို့မဟုတ် tablets များမှတဆင့် လုပ်ဆောင်နိုင်ပါသည်။ ထို့အပြင် အဆိုပါအမျိုးအစားများတွင် စက်အတွင်း စာရွက်ရွှေ့လျားကူးပြောင်းရာ၌ အဆင်ပြေ စေသည့် grid-texture မျက်နှာပြင် ပေါင်းထည့်ထားပြီး အဆင့်အတန်းမြင့် non-slippery လုပ်ဆောင်ချက်များလည်း ပါရှိသည်။
များပြားလှစွာသော ပုံနှိပ်ပစ္စည်းများကို ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းရှိသော Eco Tank က ကျစ်လျစ်သည့်အလျောက် လုပ်ငန်းဆောင်တာများကို ပြီးမြောက်စေပါသည်။ တစ်ခုတည်းဖြင့် အားလုံးပြီးမြောက်စေမည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ စက်အတွင်း မှင်နှင့် စာရွက် သိုလှောင်ထားနိုင်မှု မြင့်မားခြင်းနှင့်အတူ အချိန်တိုအတွင်း မှင် သို့မဟုတ် စာရွက် ပြန်လည်ဖြည့်တင်းရသည့် ဒုက္ခကိုလည်း လျှော့ချပေးပါသည်။ အရေးပါဆုံးသောအချက်မှာ EcoTank printer သည် ပတ်ဝန်းကျင်ကို အကျိုးပြုစေပြီး ပါဝင်အစိတ်အပိုင်းများက ပြန်လည်အသုံးပြုလို့ရသည့် ပစ္စည်းများဖြင့် တပ်ဆင်ပြုလုပ် ထားခြင်းပင် ဖြစ်သည်။