လုပ်ငန်းသုံးအတွက်သာမက Work From Home အတွက်ပါ အထူးသင့်လျော်သည့်EcoTank Printer အမျိုးအစားသစ်များကို Epson မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Epson သည် နာမည်ကျော် EcoTank Printer အမျိုးအစားသစ် (၂) မျိုးအား မြန်မာနိုင်ငံဈေးကွက်အတွက် မကြာမီက မိတ်ဆက်ပေးခဲ့ပြီးနောက် စတင်ဖြန့်ချိ ရောင်းချပေးနေပြီ ဖြစ်သည်။
အဆိုပါ Epson EcoTank L6460 နှင့် L6490 Printer များသည် ကိရိယာများ၏ စွမ်းအင်ချွေတာမှုနှင့် အချိန်ကုန် သက်သာစေသော အကျိုးကျေးဇူးများမှတစ်ဆင့် ထူးခြားကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတန်ဖိုးကို ပေးစွမ်း နိုင်ခြင်း၊ ပုံနှိပ်ရာတွင် ချောမွေ့စွာ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်မှုကို အာမခံပေးနိုင်ခြင်းတို့ကြောင့် ရုံးတွင်း လူမှုဘဝ နေထိုင်မှုပုံစံသစ် လုပ်ကိုင်ခြင်းသာမက နေအိမ်မှပင် အလုပ်လုပ်ခြင်း (Work from Home) လိုအပ်ချက်များအတွက်ပါ အထူးသင့်လျော်သည့် Printer များဖြစ်သည်။

Photo Source info@cftgmyn.com

Epson EcoTank Printer များတွင် ကြာရှည်ခံမှင်ကို အသုံးပြုထားခြင်း၊ Printer အစိတ်အပိုင်းများကို တစ်ကျော့ပြန် (Recycle) ပစ္စည်းများ အသုံးပြု ဖန်တီးထား ခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို လျှော့ချနိုင်စေတဲ့ အပူလျှော့စေသည့် (Heat Free) နည်းပညာသစ်တို့ ပါဝင်တာကြောင့် ရုံးခန်းမှာပဲဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် သဘာဝ ပတ်ဝန်းကျင်အတွက် အကျိုးရှိရှိနဲ့ အဆင်ပြေစွာ သုံးစွဲနိုင်စေမည်။
လုပ်ဆောင်ချက်နှင့် အကျိုးကျေးဇူးများ မှာအောက်ပါအတိုင်းဖြစ်သည်။
– ဘက်စုံသုံးစွဲနိုင်သော အရောင်လေးရောင်ထုတ် Printer
– ကျစ်လျစ်သေသပ်သော စက်အရွယ်အစား
– Printer Nozzle လဲတပ်ရန် မလိုအပ်သည့် ရေစိုခံမှင်ကို အသုံးပြုထားခြင်း
-ပုံနှိပ်ထားမှုများမှာလည်း အချိန်ကြာလာသည်နှင့်မျှ မှေးမှိန်ပြီး အရောင်ကျသွားခြင်းမရှိပဲ ကြာရှည်ခံ
– မှင်တစ်စုံဆီတိုင်းမှ အဖြူအမည်းစာရွက် ၇၅၀၀ နှင့် ကာလာစာရွက် ၆၀၀၀ အထိ ထုတ်နိုင်
– အဖြူအမည်း ထုတ်ခြင်းကို 17 ipm (တစ်မိနစ်လျှင် ၁၇ ပုံနှုန်း)
– အရောင်ဖြင့် ထုတ်ခြင်းကို 9.5 ipm (တစ်မိနစ်လျှင် ၉ပုံခွဲနှုန်း)
– L6490 အမျိုးအစားတွင် Fax စနစ် တပ်ဆင်ထားခြင်း
– Laser Printer များနှင့် နှိုင်းယှဉ်လျှင် ကုန်ကျစရိတ် ပိုမိုသက်သာစေနိုင်
– အစမ်းထုတ်ခြင်းကို တိကျထင်ရှားစွာ ပေးစွမ်းနိုင်သည့် Draft Vivid Mode ပါဝင်
– Eco Tank အမျိုးအစားများအား Epson Smart Panel Application ဖြင့် တွဲဖက်ပြီး နေရာမရွေး၊ အချိန်မရွေး အသုံးပြုနိုင်ခြင်းတို့ဖြစ်သည်။

Photo Source info@cftgmyn.com

ဈေးနှုန်းသတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
EcoTank L6460 – 399 $
Eco Tank L6490 – 445 $