ဖုန်းနှင့်စာရေးသူများအတွက် အသုံးပြုသင့်သော Application များအကြောင်း

ဖုန်းနဲ့ စာပေရေးသားသူများအနေဖြင့် အောက်ပါ App လေးတွေက အသုံးဝင်တဲ့ App များပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခု ဖော်ပြမယ့် App တွေကိုတော့ ဖုန်းနဲ့စာရေးသူများအနေဖြင့် ဆောင်ထားသင့်ပါတယ်။

Photo Source https://web.facebook.com/yaymaltraining/posts/148608320056117

(၁) Eng-Mm Dictionary App
တစ်ခါတလေ ဘာသာပြန်ပြီး ရေးရတဲ့ စာတွေအတွက် အနက်အဓိပ္ပါယ်တွေကို သေသေချာချာ သိချင်တဲ့အခါ အင်္ဂလိပ်-မြန်မာ အဘိဓာန်လေးလည်း ထည့်ထားဖို့လိုပါတယ်။ ဒီအင်္ဂလိပ်-မြန်မာ အဘိဓာန်လေးကတော့ သုံးစွဲရ ရိုးရှင်းလွယ်ကူတဲ့အပြင် အဘိဓာန် ကြည့်ဖို့အတွက် သာမက Word Quiz ဆိုတဲ့ စကားလုံး အမှန်၊ အမှား ရွေးချယ်တဲ့ ကစားနည်း၊ အင်္ဂလိပ်စကားပြောများကို အသံထွက်နဲ့တကွ စုဖွဲ့ပေးထားတဲ့ Category ပါလို့ သုံးရတာ အကျိုးရှိတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်လေးပါ။
(၂) Mm YearX (Mm Calendar)
ဘယ်နေ့မှာ ဘာနေ့ထူးနေ့မြတ်တွေ၊ အထိမ်းအမှတ်ပွဲတွေ ရှိလဲ ဆိုတာကတော့ ဝရိုက်တာကြီးတွေ မဖြစ်မနေ သိသင့်ပါတယ်။ ဒါလေးကတော့ မြန်မာနှစ်၁၀၀ ပြက္ခဒိန်လေးပါ။ အစိုးရရုံးပိတ်ရက်တွေ၊ မြန်မာ့ပွဲတော်နေ့ရက်တွေအပြင် မြန်မာသက္ကရာဇ်ကို ရိုက်ထည့်ပြီး ခရစ်နှစ်ကို ရှာလို့ရပါသေးတယ်။ Android ဖုန်းတွေအတွက် လွယ်ကူရိုးရှင်းပြီး အဆင်ပြေစေတဲ့ App လေးပါ။ ios ဖုန်းတွေအတွက်ကတော့MM Calendar U ဆိုတဲ့ App လေးကို သုံးကြည့်ဖို့ အကြံပြုပါရစေ။ ဒီ App လေးကလည်း မြန်မာခုနှစ်၊ ခရစ်နှစ်တို့နဲ့ အလွယ်တကူ ရှာဖွေနိုင်သလို ရုံးပိတ်ရက်တွေ၊ နေ့ထူးနေ့မြတ်တွေကိုလည်း ထည့်သွင်းဖော်ပြထားတဲ့အပြင် နေ့စဉ် ငွေလဲနှုန်းကိုပါ ဖော်ပြပေးတာကြောင့် သုံးစွဲရ အဆင်ပြေ လွယ်ကူတဲ့ App လေးပါ။
(၃) Canva
စာတွေကို လိုက်ဖက်တဲ့ ပုံလေးနဲ့ တွဲတင်ချင်တဲ့အခါ ဖန်တီးလို့ရတဲ့ app လေးပါ။ သုံးရတာ လွယ်ပါတယ်။
(၄) Viva Video
ဒါက ဗွီဒီယို( Video) တွေ ဖန်တီးလို့ရတဲ့ app ပါ။ဗွီဒီယိုပဲဖြစ်ဖြစ် ဆလိုက်ရှိုး(Slide Show) လေးပဲဖြစ်ဖြစ်၊ သီချင်းလေးတွေ၊ အထူးပြုလုပ်ချက်လေးတွေနဲ့ ဖန်တီးနိုင်ပါတယ်။
(၅) Athone Sayin
အသုံးစာရင်းလို့ခေါ်ပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာဝင်ငွေ၊ ထွက်ငွေတွေကို ထည့်မှတ်လို့ရတော့ ရလာတဲ့စာမူခတွေကို စနစ်တကျသုံးစွဲလို့ရပါတယ်။

Source Yay Mal Training