လုပ်ငန်းတိုးချဲ့ရန် ဒေါ်လာသိန်းဂဏန်းပမာဏရှိ ရင်းနှီးမြှုပ်နှံမှုအသစ် Better HR ရရှိ

Cloud နည်းပညာ အခြေပြု ထိပ်တန်း HR စွန့်ဦးတီထွင်လုပ်ငန်းတစ်ခု ဖြစ်တဲ့ Better Technologies (Better HR) ဟာ ဆိုရင် ဒေါ်လာ သိန်းဂဏန်းတန်းဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို လက်ရှိ ရင်းနှီးမြှုပ်နှံသူတွေဖြစ်တဲ့ Seed Myanmar Ventures, Blibros, nexlabs သာမက ရင်းနှီးမြှုပ်နှံသူ အသစ်တွေဆီကပါ ရရှိခဲ့ပါတယ်။
Better HR cloud နည်းပညာ အခြေပြုဆော့ဝဲလ်နှင့် mobile application ဟာ ဝန်ထမ်းများရုံးတက်ရုံးဆင်းချိန်မှတ်တမ်း တင်ခြင်း၊ ခွင့်ယူခြင်း၊ အချိန်ပိုဆင်းခြင်း၊ လစာတွက်ချက်ခြင်း စတဲ့ HR လုပ်ငန်းစဉ်များကို ချောမွေ့မြန်ဆန်စွာလည်ပတ်နိုင်ရေး အသေးစားနဲ့ အလတ်စားကုမ္ပဏီများအတွက် ဆောင်ရွက်ပေးနေပါတယ်။

Photo Source https://betterhr.io

မြန်မာ၊ သီရိလင်္ကာ၊ ဗီယက်နမ်နိုင်ငံများမှ လုပ်ငန်းပေါင်း ၂၀၀ ကျော်ဟာ better HR ကို အသုံးပြုပြီး ဝန်ထမ်းပေါင်း ၃၅၀၀၀ ကို စီမံခန့်ခွဲနေပြီး ဒေါ်လာ ၂ မီလီယမ်ကျော် ပမာဏရှိတဲ့ ဝန်ထမ်းများ၏ လစာများကို လစဉ်လတိုင်း တွက်ချက်ပေးလျက်ရှိ ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားလျက်ရှိတဲ့ ကပ်ရောဂါကာလမှာ ဒစ်ဂျစ်တယ်ထုတ်ကုန်ဖြစ်တဲ့ Better HR ရဲ့ အသုံးပြုသူ အရေအတွက်ဟာ လေးဆအထိ တိုးတက်လာပါတော့တယ်။
ရရှိထားတဲ့ ရင်းနှီးမြှုပ်နှံမှုကို အာဆီယံသာမက အရှေ့တောင်အာရှတစ်ခွင် ဈေးကွက်တိုးချဲ့ဖို့ အသုံးပြုသွားမှာဘဲဖြစ်ပါ တယ်။ ဈေးကွက်နဲ့ ထုတ်ကုန်ကိုက်ညီမှု၊ ကပ်ရောဂါကာလတွင်ပင် လုပ်ငန်းတိုးတက်မှု၊ အဓိကဈေးကွက်ဖြစ်တဲ့ မြန်မာနိုင်ငံ တွင် ဈေးကွက်အပြောင်းအလဲအလိုက် Better HR အဖွဲ့သားများက လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်မှုစတဲ့ အချက်များကို ခိုင်ခိုင်မာမာ သက်သေပြုကာ ရင်းနှီးမြှုပ်နှံမှုရရှိလာခြင်းဘဲဖြစ်ပါတယ်။
“ယခုလို Covid ကြောင့် အပြင်မထွက်ရဘဲ အိမ်ကနေ အဆင်ပြေပြေ အလုပ်လုပ်လို့ရအောင် ကျွန်တော်တို့ရဲ့ Better BR က လုပ်ငန်းပေါင်းမြောက်များစွာကို ကူညီပေးနိုင်တာကိုတွေ့ရတဲ့အခါ ဝမ်းသာမိပါတယ်။ ရုံးမတက်ရဘဲ အဝေးကဘဲ အလုပ် လုပ်နေရတဲ့ ကျွန်တော်တို့ရဲ့ Clients တွေဟာ ဝန်ထမ်းအချင်းချင်းဆက်သွယ်ရာမှာ HR လုပ်ငန်းစဉ်များ ဆောင်ရွက်မှု အဆက်မပြတ်သွားစေဖို့ Better HR အသုံးပြုကာ အဆင်ပြေနေကြပါတယ်။ ဒါကြောင့်မလို့ဘဲ ကျွန်တော်တို့ ရှေ့ဆက်နှစ်ဆ တိုးတက်အောင် လုပ်ဆောင်ဖို့အတွက် ယုံကြည်မှုပိုရှိလာပြီး ရင်းနှီးမြှုပ်နံှမှု နောက်တစ်ခုကို ရယူနိုင်ခဲ့တာပါ”ဟု Better HR ရဲ့ Chairman ကိုရဲမြတ်မင်းက ပြောကြားခဲ့သည်။
ယခုအချိန်မှာတော့ နေ့စဉ်လုပ်ငန်းကိစ္စများနှင့် လုပ်ငန်းတိုးတက်ရေးကို CEO ဖြစ်တဲ့ ကိုမျိုးဇော်ဟိန်းက လွှဲပြောင်းတာဝန်ယူ လုပ်ဆောင်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် Better HR က ဒေါ်လာသိန်းဂဏန်းရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို Seed Myanmar Ventures မှ ရရှိခဲ့သည်။
Better Technologies သည် စက်တင်ဘာ ၂၀၁၉ တွင် မြန်မာပြည်အခြေစိုက် Cloud နည်းပညာ အခြပြု HR စွန့်ဦးတီထွင် လုပ်ငန်းတစ်ခုအဖြစ် တည်ထောင်ခဲ့သည်။