Ecosia နဲ့အတူ အင်တာနက်သုံးရင်း သစ်ပင်စိုက်ပါ

Ecosia ဆိုတာကတော့ ဂျာမနီနိုင်ငံ ဘာလင်မြို့အခြေစိုက် Search Engine တစ်ခု ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ Nonprofit Organizations တစ်ခုဖြစ်သလို ကမ္ဘာတစ်လွှားသစ်တော ပြုန်းတီးမှု ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Ecosia အနေနဲ့ Europe နဲ့တခြားနေရာတွေမှာ ဆုတံဆိပ်ပေါင်းများစွာလည်း ရရှိထားပါသေးတယ်။ Social နဲ့ Environmental Performance အမြင့်မားဆုံးပါဝင်ခဲ့တဲ့အတွက် ပထမဆုံး B Corporation Certificate ရရှိထားတဲ့ ဂျာမနီကုမ္ပဏီလည်း ဖြစ်ပါတယ်။ Photo Source https://www.ecosia.org/

အသုံးပြုသူတွေအနေနဲ့ Ecosia Search Engine ကိုအသုံးပြုပြီး ရှာဖွေလိုက်တာနဲ့ Ads တွေက ရရှိတဲ့ဝင်ငွေတွေကို သစ်ပင်စိုက်တဲ့နေရာမှာ အသုံးပြုပေးနေတာ ဖြစ်ပါတယ်။ သစ်ပင်တစ်ပင် စိုက်ပျိုးပေးဖို့အတွက် ၄၅ ခါရှာဖွေအသုံးပြုပေးဖို့လိုပါတယ်။ Ecosia Search Engine ကို အသုံးပြုလိုက်တဲ့ အရေအတွက်ကိုလည်း ညာဘက်အပေါ်ထောင့်မှာ သစ်ပင်ပုံလေးနဲ့ အရေအတွက် ဖော်ပြပေးနေမှာပါ။ Android နဲ့ iOS Application တွေပါရှိတဲ့အတွက် အကောင့်ပြုလုပ် ဝင်ရောက် ထားတာနဲ့ Cross Platform တွေကဝင်ရောက်သမျှကိုလည်း ထည့်ပေါင်းပေးမှာ ဖြစ်ပါတယ်။

အသုံးပြုသူတွေအနေနဲ့ အလုပ်လုပ်ရင်း အင်တာနက်သုံးရင်း ရှာဖွေမှဒ ၄၅ ခါပြည့်တိုင်း သစ်ပင်တစ်ပင် စိုက်ပျိုးပြီးနေပါပြီ။ လက်ရှိအချိန်ကာလ အထိ အသုံးပြုသူပေါင်း ၁၅ မီလီယံကျော်နဲ့ ရရှိလာတဲ့ဝင်ငွေရဲ့ 80% ကိုသစ်ပင်စိုက်ပျိုးတဲ့နေရာမှာ အသုံးပြုခဲ့ပြီး သစ်ပင်ပေါင်း ၁၄၈ မီလီယံကို စိုက်ပျိုးပေးပြီးပါပြီ။ စိုက်ပျိုးနေတဲ့သစ်ပင်အရေအတွက်ကလည်း အချိန်နဲ့အမျှ တိုးနေမှာပါ။ သစ်ပင်စိုက်ပျိုးဖို့ အဓိက လိုအပ်နေတဲ့ Burkina Faso, Madagascar, Peru, Indonesia, Morocco, Brazil, Nicaragua, Ethiopia, Tanzania နဲ့တခြားနိုင်ငံအများအပြားမှာ သစ်ပင်တွေ စိုက်ပျိုးလျက်ရှိပါတယ်။ 

Photo Source https://www.ecosia.org/

Search Engine အသုံးပြုခြင်းအတွက် ရရှိလာတဲ့ဝင်ငွေအပြင် Ecosia Shop ကိုလည်း ထည့်သွင်း ထားပါသေးတယ်။ Shop မှာ Special Edition, T-shirts, Jumpers + Hoodies, Kids, Stickers, Bundles တွေကိုဝယ်ယူနိုင်ပါတယ်။ အင်္ကျီတစ်ထည်ရောင်းရတာနဲ့ သစ်ပင်ပေါင်း ၂၀ ကို ချက်ချင်း စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေအတွက် www.ecosia.org မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Ecosia – The search engine that plant trees Chrome Extension ကိုအခမဲ့ထည့်သွင်းနိုင်ပြီး Android နဲ့ iOS Application ကို Google Plat Store နဲ့ App Store တို့မှာ ဒေါင်းလုတ်ပြုလုပ်နိုင်ပါတယ်။