အိမ်မှာနေရင်းအပိုဝင်ငွေရရှိနိုင်တဲ့ Freelance Website အကြောင်း

အခုလို အချိန်ကာလမှာ အိမ်မှာနေရင်းနဲ့ ဝင်ငွေရှာနိုင်တဲ့ နည်းလမ်းတွေ များစွာရှိနေပါတယ်။ ကိုယ်တတ်ထားတဲ့ပညာ တစ်ခုကို အသုံးချပြီး အချိန်ကို အကျိုးကျိုးရှိရှိဖြတ်သန်းနိုင်မှလည်း အဆင်ပြေစေမှာပါ။ အဲ့ဒါကြောင့် အခုပြောပြမှာကတော့ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး Freelance Website တွေထဲက တစ်ခုဖြစ်တဲ့ Freelancer Website အကြောင်းပဲဖြစ်ပါ တယ်။ တော်တော်များများသိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် မသိသေးတဲ့သူတွေ အတွက်ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။

Photo Source https://web.facebook.com/llBurma/photos/pcb.102987195495884/102970622164208/

Freelancer က Australia-based Freelance Website တစ်ခုဖြစ်ပါတယ်။ PC တင်မက ဖုန်းမှာလည်း သုံးလို့ရပါတယ်။ အဲ့ဒီ Website မှာ ပါဝင်တဲ့အလုပ်အကိုင်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Accounting
(၂) Data Entry
(၃) Content Writing
(၄) Web/Mobile App Design
(၅) Illustration
(၆) Logo Design
(၇) Social Media Manager
(၈) Translation
(၉) Proofreadingအစသဖြင့် Skill ပေါင်း 1800 ကျော် ရှာဖွေလုပ်ကိုင်လို့ရပါတယ်။ ဘွဲ့လက်မှတ်မလို၊ အတွေ့အကြုံမလိုပဲတောင် လုပ်လို့ရပါတယ်။ Burmese Transcription လို အလုပ်မျိုးရှာပြီးလုပ်မယ်ဆိုရင်လည်း No Skill, No Experience ဆိုရင်တောင် လုပ်လို့ရပါတယ်။ (မြန်မာလို ပြောတဲ့ Audio တွေကို နားထောင်ပြီး မြန်မာလို ပြန်ရေးပေးရတဲ့ အလုပ်မျိုးပါ)
Website ဝင်ရောက်အသုံးပြုပုံကလည်း အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Sign Up လုပ်ရင် ကိုယ်အမြဲသုံးတဲ့ Gmail, Ph no. တွေနဲ့ အကောင့်ဖွင့်ပါ။
(၂) ကိုယ့် ID ကို အမှန်ပဲ ထည့်ပါ။ (Name အတုတွေ၊ ID အတုတွေ တတ်နိုင်သမျှ မထည့်ပါနဲ့။ အဘမ်းခံရနိုင်ပါတယ်။)
(၃) Project တွေက အချိန်နဲ့အမျှ ပြောင်းလဲနေမှာမို့ အချိန်ရရင် ရသလောက် အမြဲတမ်း ရှာကြည့်ပါ။
(၄) အလုပ်ရပြီဆိုရင် Client နဲ့ Freelancer site က Chat Box မှာ အလုပ်အကြောင်း အနည်းငယ်ပြောရတဲ့အတွက် English Basic လောက်တော့ လိုပါမယ်။ (Freelancer Website ကလွဲပြီး Client နဲ့ Freelancer များသည် Privately ဆက်သွယ်လို့မရပါဘူး။ အဲ့ဒီ Website မှာ Chat Box ပါပြီးသားပါ။ အဲ့ကနေ ဆက်သွယ်ပြောဆိုရုံပါပဲ။)
Payment Method ကတော့ Paypal နဲ့ နဲ့ဖြစ်ပါတယ်။ အောက်ပါ Link တွေမှာကြည့်ပါ။
1. https://www.paypal.com
2. https://bit.ly/3mnxsRb (Skrill)
Freelancer မှာ $30 အနည်းဆုံးရမှ ထုတ်ခွင့်ရှိပါတယ်။ Paypal နဲ့ Skrill က မြန်မာပြည် Official မဖြစ်တဲ့အတွက် အခက်အခဲအနည်းငယ်ရှိပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.freelancer.com/