AI စနစ်ပါဝင်ပြီး အသုံးပြုနိုင်မဲ့ Google ရဲ့ A.I. Experiment ၅ ခု

အသုံးပြုသူတွေအနေနဲ့ လုပ်ငန်းဆောင်တာတွေပြုလုပ်တာမှာ အဆင်ပြေလွယ်ကူစေဖို့အတွက် AI စနစ်တွေကို အများဆုံးထည့်သွင်းအသုံးပြုလာကြပါပြီ။ AI စနစ်အသုံးပြုထားပြီး အသုံးဝင်စေမဲ့ Google ရဲ့ AI Experiments ၅ ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Auto Draw

Auto Draw ဆိုတာကတော့ အသုံးပြုရလွယ်ကူအောင် AI စနစ်အသုံးပြုထားတဲ့ Drawing Tool တစ်ခုပဲ ဖြစ်ပါတယ်။ Talented Artists တွေက အသုံးပြုရလွယ်ကူအောင် ဖန်တီး ကူညီပေးထားကြတာ ဖြစ်ပါတယ်။ ပုံကြမ်းတစ်ခုဆွဲလိုက်တာနဲ့ ပုံကြမ်းနဲ့ဆက်စပ်တူညီတဲ့ ပုံစံတွေကို ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။ Smartphone, Tablet, Laptop နဲ့ Desktop တွေမှာအသုံးပြုနိုင်မှဦ ဖြစ်ပါတယ်။

Ai-Duet

Computer နဲ့ Piano Duet တီးချင်တဲ့သူတွေအတွက် ကိုယ့်ရဲ့ Keyboard, Computer Keyboard ဒါမှမဟုတ် Plug-in MIDI Keyboard ကိုအသုံးပြုပြီး Duet တီးနိုင်ပြီ ဖြစ်ပါတယ်။ ဂီတနုတ်တွေကိုတီးလိုက်တာနဲ့ ကွန်ပြူတာက မှတ်သားထားပြီး ကိုယ်တီးလိုက်တဲ့ Melody နဲ့လိုက်ဖက်တာကို တီးခတ်ပေးမှာဖြစ်ပါတယ်။

Blob Opera

Opera Song တွေကိုနှစ်သက်သဘောကျတဲ့သူတွေအနေနဲ့ Google Arts & Culture Experiments ကအသုံးပြုခွင့်ပေးထားတဲ့ Blob Opera နဲ့ ကိုယ်တိုင်သီဆိုနိုင်ပြီ ဖြစ်ပါတယ်။ Bass, Tenor, Mezzo-Soprano နဲ့ Soprano နေရာတွေအတွက် ဂီတနုတ်တွေကို ကိုယ်တိုင်ရွေးချယ်ပြီး သီဆိုနိုင်မှာ ဖြစ်ပါတယ်။

Thing Translator

ကိုယ့်ရဲ့ ကင်မရာနဲ့ ပစ္စည်းတစ်ခုခုကို ရိုက်ယူလိုက်တာနဲ့ ပစ္စည်းနာမည်ကိုဖော်ပြပေးမှာဖြစ်သလို တခြား ဘာသာစကားတစ်ခုနဲ့လဲ ဘာသာပြန်ပေးဦးမှာ ဖြစ်ပါတယ်။ ဘာသာပြန်ချင်တဲ့ ဘာသာစကားကိုလည်း စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

Semi-conductor

Orchestra နားထောင်ရတာသဘောကျသလို ကိုယ်တိုင်လဲတီးခတ်ချင်တဲ့သူတွေအနေနဲ့ Browser ကတစ်ဆင့် တီးခတ်အသုံးပြုလို့ရပါပြီ။ ကင်မရာကနေ AI စနစ်အသုံးပြုပြီး တီးခတ်သူတစ်ယောက်အနေနဲ့ တီးဝိုင်းတစ်ခုလုံးကိုထိန်းချုပ်တီးခတ်နိုင်မှာပဲ ဖြစ်ပါတယ်။