MPT ၏ Data Center Colocation ဝန်ဆောင်မှုဖြင့် စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်နိုင်ပြီ

MPT သည် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် သန္နိဌာန် နှင့်အတူ  လုံခြုံစိတ်ချရသည့် နောက်ဆုံးပေါ် နိုင်ငံတကာသုံး ဆက်သွယ်ရေး နည်းပညာများကို အသုံးချ ဆောင်ရွက်နေပြီး စီးပွားရေးလုပ်ငန်းရှင်များအတွက် မိမိတို့၏ လုပ်ငန်းတိုးတက်မှုအရှိန်အဟုန်ကို MPT နှင့်အတူ မြှင့်တင်နိုင်ကြရန် ဖိတ်ခေါ်လိုက်ပါသည်။

MPT ၏ Data Center colocation ဝန်ဆောင်မှုတွင် Rack space ဌားရမ်းပေးခြင်း (with rack and without rack) နှင့်အတူ Facilities များအဖြစ် Power (with Backup Generators, UPS)၊ Ventilation and Cooling System၊ 24/7 Monitoring and Building Security System အစရှိသည့် ဝန်ဆောင်မှုများကိုပါ အပြည့်အဝရရှိနိုင်မည် ဖြစ်ပါသည်။ ယနေ့ဒီဂျစ်တယ်ခေတ်တွင် ထိရောက်သော စီးပွားရေးစီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင်ရန်အတွက် ဒေတာလုံခြုံရေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။Tier III Level Data Center တစ်ခု အနေဖြင့် MPT သည် အကောင်းမွန်ဆုံးFacilities များနှင့်အတူ လုံခြုံမှုကို ပေးအပ်လျက်ရှိပြီး ယခုဝန်ဆောင်မှုကို ရန်ကုန်(ဟံသာဝတီ D.C နှင့် ဘုရင့်နောင် D.C) နှင့် နေပြည်တော် D.C တို့တွင် ရရှိနေပြီဖြစ်ပါသည်။

Image: MPT

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori NAGASHIMA က “ကျွန်တော်တို့အနေနဲ့ လုပ်ငန်းတစ်ခုရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်ရမှုအတွက် ဒေတာလုံခြုံရေးရဲ့ အရေးပါမှုကို အပြည့်အဝ သိရှိနားလည်ထားပါတယ်။ ယုံကြည်မှုက အရေးကြီးတဲ့ အခုလိုကာလမှာ ဒီဝန်ဆောင်မှုက စီးပွားရေးလုပ်ငန်းတွေရဲ့ ဒေတာလုံခြုံမှုအတွက် မဆုတ်မနစ်ကြိုးစားနေတဲ့ ကျွန်တော်တို့ရဲ့ အားထုတ်မှုကို သက်သေပြတဲ့ အချက်ဖြစ်သလို စီးပွားရေးလုပ်ငန်းတွေ အတွက်ကလည်း အခုလို ဒေတာလုံခြုံမှုအားကောင်းတဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းနဲ့ သက်ဆိုင်သူတွေရဲ့ ယုံကြည်မှုကို တန်ဖိုးထားကြောင်း ပြသနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုဟာ Tier III အဆင့်ဖြစ်တာကြောင့် ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းစဥ်တွေ ဒါမှမဟုတ် စက်ကိရိယာလဲလှယ်ရေးတွေ ကို ဆောင်ရွက်တဲ့အခါ စက်ပိတ်ချဖို့ မလိုအပ်ဘဲ (ပုံမှန်ပေးအပ်နေသော ဝန်ဆောင်မှုကို ထိခိုက်မှုမရှိဘဲ) ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အခုအခွင့်အရေးကို အသုံးချပြီး စီးပွားရေးလုပ်ငန်းများ တိုးတက်ရေး နဲ့ လုံခြုံရေးကို တိုးမြှင့်ကြဖို့ စီးပွားရေးလုပ်ငန်းအားလုံးကို ဖိတ်ခါ်လိုက်ပါတယ်။” ဟု ပြောကြားခဲ့ ပါသည်။

အစိုးရဌာနများ၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းများ (International Carrier များ) အပါအဝင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အားလုံးအနေဖြင့် ဝန်ဆောင်မှုကို အလွယ်တကူ လျှောက်ထားရယူနိုင်ပါသည်။ ထို့နောက် MPT မှ ပေးအပ်လျက်ရှိသည့် အခြားများပြားလှသော ဝန်ဆောင်မှုများစွာကို အလွယ်တကူ ရယူ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးကွန်ရက်ကို ပိုင်ဆိုင်ထားသည့် MPT အနေဖြင့်တည်ငြိမ်သော ကွန်ရက်ချိတ်ဆက်မှုများအပြင် နည်းပညာဆိုင်ရာပံ့ပိုးမှုများကို (၂၄) နာရီပတ်လုံးဖြေရှင်းဆောင်ရွက်ပေး လျက်ရှိပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ဆန်းသစ်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် အစဥ်အမြဲ ကြိုးစားလျက်ရှိပါသည်။ အစဥ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး သုံးစွဲသူအသစ်များကိုလည်း MPT နှင့်အတူ အောင်မြင်မှုခရီးလမ်းကို အတူတစ်ကွ လျှောက်လှမ်းရန် ဖိတ်ခေါ်လိုပါသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  hotline နံပါတ်- 0800 800 9990 (MPT သုံးစွဲသူများအတွက် အခမဲ့) (သို့မဟုတ်) 09426000323 (အခြားအော်ပရေတာများအတွက်) ကို ခေါ်ဆိုပြီး (သို့မဟုတ်) b2b@groups.mptmmf.com သို့ ဆက်သွယ်၍ ဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။ MPT ၏ B2B ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက https://mpt.com.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။