ရေရှည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန်အတွက် MPT မှ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို စတင်ဆောင်ရွက်

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ၎င်း၏အဖွဲ့အစည်းအတွင်း ရေရှည်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်သည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို စတင်ဆောင်ရွက်လျက်ရှိပါသည်။ တစ်ခါသုံးပစ္စည်း အသုံးစရိတ်အား တတ်နိုင်သမျှလျှော့ချ အသုံးပြုစေခြင်း (Reduce)၊ လက်ရှိသုံးစွဲနေသောပစ္စည်းများအား ပြန်လည်အသုံးပြုခြင်း (Resue) နှင့် လုပ်ငန်းခွင်အားလုံးတွင် စွန့်ပစ်ပစ္စည်းများအား အခြားထုတ်ကုန်အသစ်တစ်ခုသို့ ပြောင်းလဲထုတ်လုပ်ခြင်း (ပြန်လည်အသုံးပြုခြင်း/Recycle) ဆိုင်ရာ ယဉ်ကျေးမှုကို မြှင့်တင်ခြင်းတို့တွင် အဓိကထားလုပ်ဆောင်ခြင်းဖြင့် စွန့်ပစ်စက္ကူနှင့် ပလတ်စတစ်တို့ကို ပြန်လည်အသုံးပြုသည့် အစီအစဉ်များ ပါဝင်သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

Image: MPT

ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းလမ်းများဆီသို့ ကူးပြောင်းမှုသည် မကြာသေးမီနှစ်များအတွင်း အသွင်ကူးပြောင်းရေးလမ်းကြောင်းတစ်ခုဖြစ်ခဲ့သော်လည်း စက္ကူနှင့် ပလတ်စတစ်ကို စဉ်ဆက်မပြတ် အသုံးပြုနေမှုသည် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်စရာကိစ္စဖြစ်နေဆဲ ဖြစ်ပါသည်။ စွန့်ပစ်ပစ္စည်း လျှော့ချရေးနှင့် ပြန်လည်အသုံးပြုခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုသည့်အနေဖြင့် MPT သည် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အစီအစဉ်မှတစ်ဆင့် ပိုမိုရေရှည်တည်တံ့သော သန့်ရှင်းသာယာလှပသော ရုံးတွင်းပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်အတွက် စတင်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးရှိ ရုံး (၅) ရုံးတွင် စွန့်ပစ်စက္ကူစီမံခန့်ခွဲမှု ပထမအဆင့်ကို စမ်းသပ်ဆောင်ရွက်နိုင်ခဲ့ပြီး ရေရှည်တည်တံ့သော အလေ့အကျင့်များကို မြှင့်တင်ရန် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ပါသည်။ စမ်းသပ်ကာလ အောင်မြင်စွာပြီးဆုံးပြီးနောက် ယခုအခါတွင် MPT သည် ၎င်း၏ စွန့်ပစ်စက္ကူစီမံခန့်ခွဲမှု အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးရှိ ရုံး (၁၀) ရုံးသို့ တိုးချဲ့ဆောင်ရွက်ခဲ့ပြီး သန့်ရှင်းသာယာလှပသော ရုံးတွင်းပတ်ဝန်းကျင် ဖန်တီးရန် အဖွဲ့အစည်း၏ ကြိုးပမ်းမှုကို ပြသနိုင်ခဲ့ပါသည်။

Image: MPT

တစ်ချိန်းတည်းမှာပင် MPT သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လကုန်အထိ ရန်ကုန်တိုင်း ဒေသကြီးရှိ ရုံး (၃) ရုံးတွင် စွန့်ပစ်ပလတ်စတစ်စီမံခန့်ခွဲမှု စမ်းသပ်ကာလကိုလည်း ဆောင်ရွက်လျက် ရှိနေပါသည်။ စမ်းသပ်ဆောင်ရွက်မှု၏ အပြုသဘောဆောင်သော ရလဒ်များသည် MPT ၏ လုပ်ငန်းခွင်အားလုံးတွင် စွန့်ပစ်ပလတ်စတစ်စီမံခန့်ခွဲမှု အလေ့အကျင့်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်‌ မျှော်လင့်ထားပြီး အဖွဲ့အစည်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုဆိုင်ရာ ကတိကဝတ်ကို အားဖြည့်ပေးခြင်း ဖြစ်ပါသည်။

အဆိုပါ လုပ်ဆောင်ချက်များ၏ ရလဒ်များကြောင့် MPT သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ စွန့်ပစ်စက္ကူအမှိုက်ပုံးများမှ စွန့်ပစ်စက္ကူ (၁,၀၂၀) ကီလိုဂရမ်ကို စုဆောင်းသိမ်းဆည်းရရှိပြီး  စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေးကုမ္ပဏီ (ဂျပန်နိုင်ငံနှင့် အရှေ့တောင်အာရှရှိ အမှိုက်စီမံခန့်ခွဲမှု ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသော ကုမ္ပဏီတစ်ခု ဖြစ်သည့် Golden Dowa Eco-System Myanmar ကုမ္ပဏီ) နှင့် ပူးပေါင်း၍ Recycling ပြုလုပ်ရန်အတွက် ပေးပို့ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ MPT အနေဖြင့် ရေရှည်တည်တံ့သော အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ အလေ့အကျင့်များကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။  

Image: MPT

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က အဖွဲ့အစည်းရဲ့ ကတိကဝတ်ဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ရာမှာ အလေးထားဆောင်ရွက်နေကြောင်း ပြောကြားခဲ့ကာ “ကျွန်တော်တို့အနေနဲ့  စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုနဲ့ သုံးစွဲသူတွေအတွက် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-Invoice) ဆောင်ရွက်ခြင်းကတစ်ဆင့် မြန်မာ့သဘာဝဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အဓိကထား ဆောင်ရွက်နေပါတယ်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ခြင်းကတစ်ဆင့် သန့်ရှင်းသာယာလှပတဲ့ ရုံးတွင်းပတ်ဝန်းကျင်ကို မြှင့်တင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို အထောက်အကူဖြစ်စေဖို့အတွက် ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှုကို အလေးထား ဖော်ပြနေပါတယ်။ ဒီလုပ်ဆောင်ချက်တွေက သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုစေရုံသာမက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အမှိုက်လျှော့ချခြင်း နဲ့ ပြန်လည်အသုံးပြုခြင်းကတစ်ဆင့် ကုန်ကျစရိတ်သက်သာစေနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်ဟု ပြောကြားခဲ့ပါသည်။

 

MPT သည် ပိုမိုကျယ်ပြန့်သော ရေရှည်တည်တံ့ခိုင်မြဲရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၁၇ ခုနှစ်မှ စတင်ကာ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့”  သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်တွင် ဒေသခံ သဘာဝပတ်ဝန်းကျင် လူမှုဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ တက်ကြွစွာ ပူးပေါင်း၍ သစ်ပင်ပေါင်း ၁၇,၀၀၀ ကျော် စိုက်ပျိုးခဲ့ပါသည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ်တွင် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) စနစ် မိတ်ဆက်ခြင်းဖြင့် သုံးစွဲသူများ လွယ်ကူအဆင်ပြေစေရေးကို မြှင့်တင်ရန်နှင့် ကာဗွန်အသုံးပြုမှုကို လျှော့ချရန်အတွက် MPT ၏ လက်ရှိဆောင်ရွက်နေသော ကတိကဝတ်ကို   ထင်ဟပ်စေပါသည်။

Image: MPT

MPT အနေဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော်ပြီး လုပ်ငန်းဆောင်ရွက်မှုများတွင် သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်မှုအလေ့အကျင့်များကို ပေါင်းစပ်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှု၊ လုပ်ငန်းခွင်ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားများကို ဦးစားပေးသည့် အဖွဲ့အစည်းဖြစ်ကြောင်း ပြသနေပါသည်။ အဆိုပါ ကြိုးပမ်းမှုများသည် ရေရှည်တည်တံ့ခိုင်မြဲမှုကို မြှင့်တင်ရန်နှင့်  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို လျှော့ချရန် ကမ္ဘာ့ကြိုးပမ်းအားထုတ်မှုများနှင့်အညီ ကိုက်ညီပြီး  MPT သည် မြန်မာနိုင်ငံနှင့် ပြင်ပတွင် အပြုသဘောဆောင်သော အပြောင်းအလဲများကို ဆောင်ရွက်ရာတွင် ဦးဆောင်သူအဖြစ် ရပ်တည်လျက်ရှိသည်။

 

MPT အကြောင်း ပိုမိုသိရှိလိုပါက MPT ၏ တရားဝင်ဝဘ်ဆိုဒ်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့်လည်းကောင်း သိရှိနိုင်ပါသည်။