မြန်မာ Programmer များအတွက်အကျော်ကြားဆုံး Programming language များ……

ယနေ့ခေတ်ဟာနည်းပညာရေစီးကြောင်းမှာကူးခတ်နေရတဲ့အချိန်ကာလပါ။ဒီလိုခေတ်မှာကွန်ပျူတာတွေရဲ့လုပ်ဆောင်ဖွယ်ရာတွေကိုတည်ဆောက်ပေးတဲ့ပရိုဂရမ်တည်ဆောက်ခြင်း (Programming) ဆိုတာဟာအတော်လေးကိုအားကောင်းနေတဲ့အလုပ်အကိုင်ပါ။ Programming လုပ်တော့မယ်ဆိုရင်အဓိကကျတဲ့ ပရိုဂရမ်တည်ဆောက်ရေးဘာသာရပ်များ (Programming Languages) ကိုမဖြစ်မနေသိနေရပါမယ်။ ကမ္ဘာပေါ်မှာ Programming Language များစွာရှိတဲ့အနက် နှစ်မျိုး၊ သုံးမျိုးလောက်ကိုထဲထဲဝင်ဝင်သိနေပြီဆိုလျှင်ကျွမ်းကျင်တဲ့ Programmer တစ်ယောက်ဖြစ်လာဖို့ဆိုတာလက်တစ်ကမ်းအလိုမှာပါ။ ဒီဆောင်းပါးမှာတော့မြန်မာ Programmer တွေအတွက်အသုံးဝင်မယ့်အကျော်ကြားဆုံး Programming Language ၁၀ ခုအကြောင်းအတိုချုံးမျှဝေပေးသွားပါမယ်။

(၁) JavaScript

Image Source:  https://rikymetalist.blogspot.com

ဒီ Programming Language ဟာကမ္ဘာ့အကျော်ကြားဆုံးလို့ဆိုရမှာပါ။ JavaScript ဟာအွန်လိုင်းဗီဒီယိုဂိမ်းအကြီးစားတွေ၊သက်ဝင်လှုပ်ရှားနေတဲ့ဝက်ဘ်ဆိုဒ်တွေ၊ Android နဲ့ကွန်ပျူတာတွေအတွက် Application နဲ့ Widget စတာတွေတည်ဆောက်ရာမှာအသုံးဝင်လှပါတယ်။ JavaScript Engine နဲ့ဆိုရင် Plugins မလိုတဲ့ခေတ်မီရှာဖွေရေးဝက်ဆိုဒ်တွေကိုထောက်ပံ့ရာမှာအသုံးဝင်မှာဖြစ်ပါတယ်။

(၂) Python

Image Source: https://www.python.org/

Python ကတော့မြန်မာပြည်မှာအတော်လေးနာမည်ရလာနေတဲ့ Programming Language လို့စာရေးသူထင်မြင်ပါတယ်။ အသုံးတွင်ကျယ်လာတဲ့အဆင့်မြင့် Python Programming language ဟာဆိုရင်အသက်ဝင်တဲ့စနစ်နဲ့အလိုအလျောက်မှတ်ဉာဏ်စီမံမှုတွေကိုလုပ်ဆောင်ပေးနိုင်ပါတယ်။

(၃) Java

Image Source: https://networthpost.com

Java နဲ့ JavaScript ဟာ Programming Language စစ်တမ်းတွေအရနှစ်ခုလုံး Top Ten မှာပါဝင်ပေမဲ့ဒီနှစ်ခုဟာအတော်ကွဲပြားပါတယ်။ ၁၉၉၁ ကတည်းကစတင်တီထွင်ခဲ့တဲ့ Java ဟာဆိုရင်မကြာခဏအသုံးပြုနေရသေးတဲ့ Language ပါပဲ။ သူ့ကိုတော့သာမာန်ဝက်ဆိုဒ် app နဲ့ အသေးစားဝက်ဘ် app တွေကိုတည်ဆောက်ရာမှာသုံးနိုင်ပါတယ်။

(၄) CSS

Image Source: http://howtoprogram.wikia.com

CSS ရဲ့အရှည်ကောက်ဟာ Cascading Style Sheets ဖြစ်ပါတယ်။ Style sheet ဆိုသလိုပဲ မှန်ကန်တဲ့စာသားတွေနဲ့အကြောင်းအရာကိုတင်ပြရာမှာ Style တွေထည့်သွင်းအသုံးပြုနိုင်ပါတယ်။ CSS ဟာဆန်းသစ်တဲ့ရှာဖွေရေးဝက်ဆိုဒ်တွေ၊ ဝက်ဆိုဒ်နဲ့မိုဘိုင်း application တွေကိုအသုံးပြုတွေရဲ့ပင်မစာမျက်နှာတွေအတွက်ဝက်ဘ်ဆိုဒ်အများစုကသုံးနေတဲ့ Programming Language ပဲဖြစ်ပါတယ်။

(၅) Ruby

Image Source: https://www.pinterest.fr

Ruby ဟာဝက်ဆိုဒ် app တွေကိုရိုးရိုးရှင်းရှင်းတည်ဆောက်လိုသူတွေအတွက်အားထားရာပါ။ ရိုးရှင်းတယ်ဆိုတဲ့အတိုင်း Language ကိုဖတ်ရ၊ရေးသားရတာလွယ်ကူပါတယ်။ သူဟာလည်း Python လိုပဲအသက်ဝင်တဲ့စနစ်နဲ့အလိုအလျောက်မှတ်ဉာဏ်စီမံမှုတွေကိုလုပ်ဆောင်ပေးနိုင်ပါတယ်။

(၆) PHP

Image Source: http://php.net/download-logos.php

PHP ကိုယေဘုယျ Programming Language အဖြစ်သုံးကြပါတယ်။ ၁၉၉၄ ခုနှစ်ကတည်းကဖန်တီးခဲ့တာဖြစ်ပြီး Hypertext Preprocessor လို့အရှည်ဖွဲ့ထားပါတယ်။ PHP ကိုဝက်ဆိုဒ်စီမံခန့်ခွဲမှုစနစ်တွေနဲ့ framework တွေအတွက်သုံးနိုင်ပါတယ်။ Open source scripting language တစ်ခုလဲဖြစ်ပါတယ်။

(၇) C++

Image Source: https://github.com/isocpp/logos

၁၉၈၅ ခုနှစ်ကစတင်ထွက်ပေါ်ခဲ့တဲ့ C++ ကတော့မူလ C ဆိုတဲ့ Programming Language ရဲ့ကိုယ်ပွားတစ်ခုပါ။ C++ ဟာကွန်ပျူတာ application တွေ၊ဆာဗာတွေ၊ဆန်းသစ်တဲ့လုပ်ဆောင်ချက်နဲ့ Application တွေအတွက်အသုံးဝင်လှပါတယ်။

(၈) C

Image Source: https://en.wikipedia.org

C++ ရဲ့မူရင်း C ကိုတော့ ၁၉၇၀ လောက်မှာဖန်တီးခဲ့တာပါ။ နေရာတကာမှာအသုံးကျခဲ့တဲ့အစောပိုင်း Programming Language ပဲဖြစ်ပါတယ်။ အခုထိလည်းအသုံးဝင်နေဆဲပါ။

(၉) C#

Image Source: https://www.macworld.co.uk

ဒီတစ်ခုကိုတော့ Microsoft ကဖန်တီးခဲ့တာဖြစ်ပါတယ်။ Java ရဲ့ပြိုင်ဘက်Programming language လို့ပြောရမှာပါ။ C- sharp လို့လည်းဒါကိုလူသိများပါတယ်။

(၁၀) Typescript

Image Source: https://steemkr.com

Microsoft ကပဲဖန်တီးခဲ့တဲ့ Typescript ကတော့ ၂၀၁၂ ခုနှစ်ကမှစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အကြီးစား application တွေကိုပြုလုပ်ဖို့ Java နဲ့ဆက်နွယ်နေတဲ့ language ပါ။
…ဖော်ပြခဲ့တဲ့ programming language တွေရဲ့အကြောင်းကိုပြည့်ပြည့်စုံစုံသ်ိချင်ရင် google မှာလှုပ်ရှားကြည့်ဖို့တိုက်တွန်းပါတယ်။ဒီလောက်နဲ့ပဲနိဂုံးချုပ်ပါရစေ။ဖတ်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိပါတယ်….
Khin Nyein Chan