OPPO INNO DAY 2022 တွင် နည်းပညာသစ်များဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို မြှင့်တင်ပေးခြင်းနှင့် ပြည့်စုံသော တီထွင်မှုများ မိတ်ဆက်

OPPO ၏ နှစ်စဉ်ပြုလုပ်နေကြ နည်းပညာသစ်မိတ်ဆက်ပွဲတစ်ခုဖြစ်သော OPP INNO DAY 2022 ကို အွန်လိုင်းကတစ်ဆင့် Live ထုတ်လွှင့်ကာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင် ‘Empowering a Better Future’ ဟူသော အကြောင်းအရာကို ဦးတည်ကာ အားလုံးအတွက် ကောင်းကျိုးတွေ အပြည့်အဝ ပိုင်ဆိုင်နိုင်စေမဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်ရန် OPPO ကနေ Smart Entertainment, Smart Productivity, Smart Health နဲ့ Smart Learning ဟူ၍ OPPO ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ Smartt Initiatives ၄ ရပ်နဲ့ အားထုတ်မှုများကို မိတ်ဆက်ပြသခဲ့ပါတယ်။

Smart Initiatives ၄ ရက်တွင်တစ်ခုဖြစ်သည့် Smart Health Technology (အဆင့်မြင့် ကျန်းမာရေးနည်းပညာ) ရပ်ဝန်းတွင်လည်း OPPO မှရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။

Image: OPPO

The OHealth H1

OPPO မှ INNO DAY 2022 နည်းပညာသစ် မိတ်ဆက်ပွဲနေ့တွင် OHealth Brand ၏ပထမဆုံး ထုတ်ကုန် ပစ္စည်းဖြစ်သည့် OHealth H1 Family Health Monitor ကို စတင် မိတ်ဆက်ခဲ့သည်။

 

OHealth H1 ကျန်းမာရေးစက်ကို မိသားစုသုံးစက်အဖြစ် ရည်ရွယ်ကာ သွေးတွင်းအောက်စီဂျင်ပမာဏ တိုင်းတာခြင်း၊ ECG၊ နှလုံးနှင့် အဆုတ်တိုင်းတာခြင်း၊ နှလုံးခုန်နှုန်း၊ ကိုယ်အပူချိန်နှင့် အိပ်ချိန်တိုင်းတာခြင်းဟူ၍ ကျန်းမာရေးလုပ်ဆောင်ချက် ၆ ချက်ကို စက်တစ်ခုတည်းဖြင့် အသုံးပြုနိုင်ရန် ထည့်သွင်းထားသည်။ အဆိုပါ OHealth H1 ကျန်းမာရေးတိုင်းတာစက်သည် တိကျသောအာရုံခံစနင်နှင့် ထိပ်တန်းကျန်းမာရေးဆိုင်ရာ တွက်ချက်မှုများပါဝင်သည့်အတွက် အသုံးပြုသူနှင့် မိသားစုတစ်ခုလုံး၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မည် ဖြစ်သည်။ သမားရိုးကျ ကျန်းမာရေးပစ္စည်းများနှင့် မတူဘဲ အလေးချိန်အားဖြင့် 95g သာရှိပြီး အလွန်ပေါ့ပါးသည့်အပြင် လှပလုံးဝန်းသည့် အနားသတ်များနှင့် ဘဲဥပုံစံ ဒီဇိုင်းဖန်တီးပြုလုပ်ထားပါသည်။

Image: OPPO

MariSilicon Y Bluetooth audio SoC

OPPO မှ ပထမဆုံးကိုယ်တိုင်ဖန်တီးထုတ်လုပ်ခဲ့သည့် Imaging NPU ဖြစ်သည့် Marisilicon X ထွက်ရှိခဲ့ပြီး အဆိုပါမိတ်ဆက်ပွဲတွင် MariSilicon အမျိုးအသား ဒုတိယဖန်တီးမှုအနေဖြင့် The all-new MariSilicon Y Bluetooth Audio SoC ကိုလည်း မိတ်ဆက်ခဲ့သည်။ Bluetooth Bandwidth ကို 50% အထိတိုးချဲ့ပေးနိုင်သည့် ကိုယ်ပိုင်နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ထားကာ အဆင့်မြင့် N6RF နည်းပညာအသုံးပြုထားသည့်အတွက် ပထမဆုံး SoC များအနက်တစ်ခုဖြစ်သည့် MariSilicon Y Pro Bluetooth Pack ကိုလည်း မိတ်ဆက်ပေးခဲ့သည်။

 

MariSlicon Y တွင် အထူး URLC Codec နည်းပညာဖြင့် 590 GOPS လုပ်နိုင်စွမ်းရှိသည့် NPU တပ်ဆင်ထားကာ အသံပိုင်း 24-bit/192kHz အထိအထူးကြည်လင်သည့် အသံကို ကြားနိုင်စေမည်ဖြစ်သည်။ ထို့အပြင် Wireless စနစ်အသုံးပြုနေစဉ် အရည်အသွေးနှင့် ကြိုးတပ်ဆင်အသုံးပြုသည့် အသံအတွေ့အကြုံကြား ကွက်လပ်များကိုလည်း ဖြည့်ဆည်းပေးကာ အသံပိုင်းအတွေ့အကြုံသစ်များစွာ ယူဆောင် လာပေး နိုင်မည် ဖြစ်သည်။ MariSilicon Y အသုံးပြုများသည် Wireless Bluetooth Earbud နှင့် Headphone များမှ တစ်ဆင့် Digital အသံပိုင်းဆိုင်ရာ ထိပ်တန်းအရည်အသွေးများကို ခံစားနိုင်တော့မည် ဖြစ်သည်။

Image: OPPO

OPPO Air Glass 2

‌အဆိုပါနည်းပညာသစ်မိတ်ဆက်ပွဲတွင် OPPO မှ နောက်ဆုံပေါ် Assisted Reality Glass ဖြစ်သည့် OPPO Air Glass 2 ကိုလည်း မိတ်ဆက်ခဲ့သေးသည်။ အလေးချိန်အားဖြင့် 38g သာရှိသည့် OPPO Air Glass 2 သည် လွန်စွာပေါ့ပါးပြီး အကြမ်းခံသည့် ဒီဇိုင်းနှင့် ထုတ်လုပ်ထားသည့်အပြင် OPPO မှ ဖန်တီးထုတ်လုပ်ထားသည့် ကမ္ဘာ့ပထမဆုံး SRG အလင်းဖြာထွက် လှိုင်းထိန်းပေးသည့် မှန်ကိုလည်း တပ်ဆင်ထားပေးသည်။ ထိုမှန်များသည် အမြင်အာရုံထိန်းညှိပေးသည်နှင့် စိတ်းတိုင်းကျ ပိုမိုပြုပြင်လာနိုင်စေမည်ဖြစ်ပြီး ပုံမှန်တပ်ဆင်လေ့ရှိသည့် မျက်မှန်များနှင့် ခွဲမရအောင် ထပ်တူကျ နေစေမည် ဖြစ်သည်။ OPPO Air Glass 2 သည် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ခြင်း၊ အချိန်နှင့်တပြေးညီ ဘာသာပြန်ပေးနိုင်ခြင်း၊ တည်နေရာအခြေခံပြီး လမ်းညွှန်ပြပေးနိုင်ခြင်း၊ အကြားစွမ်းရည်ချို့တဲ့သူများအတွက် စကားသံကို စာအဖြစ် ပြောင်းလဲ ပေးနိုင်ခြင်း များအပြင် အဆင့်မြင့်အတွေ့အကြုံများစွာကို ပိုင်ဆိုင်စေမည် ဖြစ်သည်။ OPPO Air Glass 2 မျက်မှန်အသစ်သည် လူနှင့် စက်ကြားယှဉ်တွဲ လုပ်ဆောင်နိုင်ခြေအားလုံးကို သရုပ်ဖော်နိုင်ရန်နှင့် Smart Initiatives ၄ ရပ်တွင် OPPO ၏ နည်းပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုများကို ခင်ကျင်းပြသရန် ရည်ရွယ်ထားခြင်းလည်း ဖြစ်သည်။

 

နည်းပညာရပ်ဝန်းမှာ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲလိုမျိုး ကျွန်တော်တို့ ရင်ဆိုင်ရတဲ့အခါမှာ ရှေ့ဆက်သွားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဆက်ပြီး တီထွင်ဆန်းသစ်ရင်းနဲ့ နယ်နိမိတ်အသစ်တွေကို ဖောက်ထွက်သွားဖို့ပါပဲ။

OPPO ရဲ့ Senior Vice President နဲ့ Chief Product Officer ဖြစ်သူ Mr. Pete Lau

OPPO သည် ပြည့်စုံသော တီထွင်မှုအပေါ်ထားရှိသည့် ယုံကြည်ချင်ဖြင့် နည်းပညာနယ်နိမိတ် အတားအဆီးများကို ကျော်ဖြတ်ခဲ့ပြီး OHealth H1, MariSilicon Y နှင့် Air Glass 2 ကဲ့သို့ အဆင့်မြင့်အတွေ့အကြုံသစ်များကို ဆက်လက်ယူဆောင်လာခဲ့ပြီ ဖြစ်သည်။