လုပ်ငန်းရှင်များအတွက် Excellent ကွန်ပျုတာစာရင်းကိုင်စနစ် Software အကြောင်း

ကွန်ပြူတာဆိုတာ တစ်ချိန်က လူသားတွေ အချိန်ကြာမြင့်စွာ လုပ်ခဲ့ကြရတဲ့ အလုပ်တွေကို အချိန်တိုအတွင်း ပြီးစီးအောင်လုပ်ဆောင်ပေးခြင်းနှင့်တွက်ချက်ပေးခြင်းတို့ကို လျင်မြန်တိကျစွာ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဂဏန်းပေါင်းစက် calculator သည်လက်ဖြင့်ချတွက်သည်ထက် အဆများစွာလျင်မြန်သည်ဆိုလျှင် ကွန်ပြူတာ၏စွမ်းရည်ကို မှန်းဆသိနိုင်ပါတယ်။သို့သော်လည်း ကွန်ပြူတာကို အသုံးပြုမှု မကျွမ်းကျင်ခြင်း၊ သိပ်နားမလည်ခြင်း၊ စိမ်းနေခြင်းကြောင့် အသုံးပြုရမှာကို ခပ်ရွံ့ရွံ့ဖြစ်နေကြတာကိုတွေ့ရပါတယ်။ အထူးသဖြင့် လုပ်ငန်းစာရင်းဇယားပိုင်းတွေမှာ လူနဲ့သာ အချိန်များ စွာပေးပြီး လုပ်နေကြပါတယ်။
လက်ဖြင့်တစ်နေကုန်တွက်ချက်မှ အဖြေထွက်မည့် စာရင်းတစ်ခုကို ကွန်ပြူတာက စက္ကန့်ပိုင်းအတွင်းထုတ်ပေးနိုင်ပါတယ်။ သိချင်တဲ့ အချက်အလက်တွေကို ချက်ချင်းထုတ်ပေးနိုင်လို့ ကွန်ပြူတာစာရင်းကိုင်စနစ် သုံးထားသော လုပ်ငန်းရှင်သည် စာရင်းကိုစိတ်မဝင်စားသော လုပ်ငန်းရှင်ထက် ကိုယ့်လုပ်ငန်းအခြေအနေကို အသေးစိတ်ပိုမိုသိရှိတာတော့ အမှန်ပါပဲ။ စီးပွားရေးလုပ်တဲ့နေရာမှာ ကိန်းဂဏန်းသည် အလွန်အရေးကြီးပါတယ်။

Photo Source https://web.facebook.com/171047953323187/posts/1225930994501539/?_rdc=1&_rdr

ကွန်ပြူတာစာရင်းကိုင်စနစ်ကို အသုံးပြုခြင်းဖြင့် ရရှိမယ့်အကျိုးကျေးဇူးများစွာထဲကတော့ ကုန်ကျစားရိတ်သက်သာခြင်း၊ လုပ်ငန်းရှင်ကိုယ်တိုင် ကြိုက်တဲ့စာရင်းကို ကြိုက်သလိုကြည့်နိုင်ခြင်း၊ ကွန်ပြူတာက အလုပ်ထွက်မှာမဟုတ်တဲ့အတွက် စိတ်ပူနေစရာမလိုခြင်း၊ အခုလက်ရှိသိထားတဲ့ စာရင်းအချက်အလက်အပြင် ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး သိကိုသိရမယ့် စာရင်းတွေပါသိရှိလာခြင်း တို့ပဲဖြစ်ပါတယ်။
ကွန်ပြူတာစာရင်းကိုင်စနစ်သည် လုပ်ငန်းရှင်တွေကို များစွာအထောက်အကူပြုတဲ့အတွက် ယနေ့မှာကမ္ဘာ တစ်ဝှမ်းလုံးသုံးနေကြပြီလည်းဖြစ်ပါတယ်။
Excellent POS စနစ်သည် ၂၀၀၉ ခုနှစ်မှစပြီး မြန်မာနိုင်ငံ လုပ်ငန်းရှင်များအားထားစရာ ဆော့ဖ်ဝဲကောင်းတစ်ခုအဖြစ် နှစ်ပေါင်း ၁၂ ကျော်ရပ်တည်ခဲ့ပြီး လုပ်ငန်းပေါင်း ၆၀၀၀ ကျော်တွင်အသုံးပြုနေကြသည့်အပြင် အခြားနိုင်ငံများသို့လည်း တင်ပို့ရောင်းချရသည်အထိ အောင်မြင်လူကြိုက်များနေဆဲဖြစ်ပါတယ်။

Photo Source https://web.facebook.com/171047953323187/posts/1225930994501539/?_rdc=1&_rdr

ငွေနှင့်ကုန်ပစ္စည်းပိုင်းတွင် အဝင်အထွက် လက်ကျန်များကိုနိုင်နင်းစွာ စီမံပေးနိုင်ရုံမျှမက လုပ်ငန်းရှင်တစ်ဦးအတွက် မသိမဖြစ်အရေးကြီးသော အချက်များစွာကိုဖော်ပြပေးထားပြီး အဆင်ပြေသလိုရေးထားသော ဆော့ဖ်ဝဲမဟုတ်ပဲ ကုမ္ပဏီ စာရင်းပုံစံကို SME လုပ်ငန်းများနှင့်ကိုက်ညီစေရန်နှင့် သုံးရလွယ် နားလည်လွယ်အောင် ဖန်တီးထားခြင်းလည်းဖြစ်ပါတယ်။
Excellent POS အသုံးပြုနိုင်သော လုပ်ငန်းအလိုက်ဆော့ဖ်ဝဲများမှာလက်လီလက်ကားဆိုင်သုံး pos၊ စားသောက်ဆိုင်သုံး pos၊ ဖုန်းအရောင်းဆိုင်သုံး pos၊ စက်သုံးဆီအရောင်းဆိုင်သုံး pos၊ ဆေးအရောင်းဆိုင်သုံး pos၊ ရွှေဆိုင်သုံး pos၊ Factory သုံးစနစ် တို့ပဲဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://web.facebook.com/171047953323187/posts/1225930994501539/?_rdc=1&_rdr