Excellent POS မှ လက်လီလက်ကားဆိုင်သုံး စာရင်းထိန်းအရောင်းလက်ကိုင်စက်အား Cloud Version ဖြင့်စတင်ရောင်းချ

နှစ်ပေါင်း ၁၂ နှစ်ကျော်လုပ်ငန်းသုံး ဆော့ဖ်ဝဲများအား တစ်စိုက်မတ်မတ် ရေးသားဖြန့်ချိခဲ့သော Excellent POS Company မှ Sunmi V2 pro လက်ကိုင်စက်နှင့်ပူးပေါင်း၍ လက်လီလက်ကားဆိုင်သုံး စာရင်းထိန်းအရောင်းလက်ကိုင်စက်အား cloud version ဖြင့် ဈေးကွက်ထဲသို့ စတင်ဖြန့်ချိလိုက်ကြောင်းသိရပါတယ်။

Photo Source https://web.facebook.com/excellentpos/

ဈေးကွက်ထဲမှာ လုပ်ငန်းရှင်များအကြိုက်တွေ့နေတဲ့ Excellent POS ဆော့ဖ်ဝဲကိုတော့အသုံးပြုသူတိုင်း ကြိုက်နှစ်သက်ကြပါတယ်။ အခုလက်ကိုင်စက်မှာ Excellent POS ဆော့ဖ်ဝဲကို free ထည့်ပေးလိုက်ပါတယ်။ လက်ကိုင်စက်ကို ဆိုင်အသေးနဲ့ အလတ်တွေမှာ ကွန်ပြူတာအစားထိုးအနေနဲ့ သူ့ချည်းပဲသုံးသုံး၊ ဆိုင်ကြီးနဲ့ super market တွေမှာ ကွန်ပြူတာနဲ့ တွဲဖက်၍ပဲသုံးသုံး အဆင်ပြေလွန်းလှပါတယ်။
လက်ရှိမှာတော့ ဈေးကွက်ထဲမှာ လူကြိုက်အများဆုံးအဖြစ် နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။ ဖုန်းဖြစ်လို့သုံး ရလွယ်ကူခြင်း ပေါ့ပါးကျစ်လျစ်ခြင်း မီးပျက်လည်းပြဿနာမရှိခြင်း Mi ကုမ္ပဏီမှထုတ်လုပ်ပြီး အရည်အသွေးကောင်းတဲ့ Global Brand ဖြစ်၍ ဒီဇိုင်းလှပခြင်းနှင့် အကြမ်းခံခြင်း ဈေးသက်သာခြင်း အရောင်း အဝယ်ပိုင်းကို လျင်မြန်စွာ လုပ်ဆောင်နိုင်ခြင်း ဘားကုတ်ပရင်တာနှင့် wireless ချိတ်ဆက်ထုတ်နိုင်ခြင်း စသည်တို့အပြင် များစွာသော အားသာချက် များပါဝင်ပါတယ်။
အဲဒီအပြင် ရောင်းသူတိုက်ရိုက် website ပေါ်တွင် ကုန်ပစ္စည်းများအား လက်ကိုင်စက်မှတိုက်ရိုက်ကြော်ငြာရောင်းချနိုင်တဲ့ အခွင့်အရေးပါရရှိဦးမှာပါ။
အသေးစိတ်ကို အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/excellentpos/