၂၁ ရာစုမှာ လုပ်ငန်းရှင်တိုင်း လက်ကိုင်ထားသင့်ဆုံး POS Printer

လုပ်ငန်း ရဲ့ စာရင်း ဇယား ငွေဖြတ်ပိုင်း အတွက် ခေတ်မှီ နည်းပညာနဲ့ အမှားအယွင်း မရှိ လုပ်ကိုင်လို့ ရတဲ့အချိန်မှာ ဘောင်ချာ စာအုပ် အထပ်လိုက်ကြီးတွေနဲ့ အချိန်ကုန်၊ ငွေကုန် မခံသင့်ပါဘူး။ အခုဆိုရင် တိကျသေချာပြီး အသုံးပြုရ လွယ်ကူတဲ့ POS Printer ဘောင်ချာထုတ်စက်ကြောင့် မြန်မာနိုင်ငံ အနှံ့အပြားက လုပ်ငန်းရှင်တိုင်း အကြိုက် တွေ့နေကြပါပြီ။
ဖုန်းတစ်လုံးရှိရုံနဲ့ ဆော့ဖ်ဝဲလ် ထဲမှာမိမိလုပ်ငန်းရဲ့ ကုန်ပစ္စည်းများနဲ့ ပတ်သက်တဲ့ အချက်အလက် ဈေးနှုန်းများကို ထည့်သွင်း မှတ်ထားနိုင်ပြီး အချိန်တိုတွင်းမှာ ရောင်းသူ၊ ဝယ်သူ အကြောင်း အချက်အလက်များနဲ့ စုစုပေါင်း ငွေစာရင်း ပါဝင်သည့် ဘောင်ချာ စာရွက်ကို ထုတ်နိုင်မှာပဲ ဖြစ်ပါတယ်။

Photo Source https://web.facebook.com/mmwposprinter/posts/4083091415078241

အရင်လို ဘောင်ချာ စာအုပ်နဲ့ အလုပ်လုပ်တဲ့အခါ စာရင်း ငွေကြေးမှားယွင်းတွက်ချက်နိုင်ခြင်း၊ လက်ရေး လက်သားကြောင့် ဝယ်ယူသူ အနေနဲ့ ပြန်စစ်ဆေးကြည့်တဲ့ အခါ မလွယ်ကူခြင်း၊ အချိန်ကုန်ခြင်း၊ ငွေကုန်ခြင်း၊ လူအင်အား ကုန်ခြင်း အစရှိတဲ့ အခက်အခဲတွေ များစွာ ရှိပါတယ်။
POS Printer ကို ဘက်ထရီနဲ့ တွဲရက်ထုတ်လုပ်ထားတာကြောင့် အချိန် မရွေး၊ နေရာမရွေး အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ပစ္စည်း လက်ကျန် စာရင်း၊ ရက်၊ လ၊ နှစ်အလိုက် အရှုံးအမြတ် များစွာကိုလည်း အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။
POS Printer လေးရဲ့ ဈေးနှုန်း တွေကတော့ 58mm(၂လက်မ) -95000ကျပ်၊၂လက်မ စက္ကူ 1လိပ်- 550 ကျပ် ဖြစ်ပါတယ်။ Printer ဝယ်ယူသူတိုင်းအတွက်လည်း စက္ကူသုံးလိပ်ကို မေတ္တာလက်ဆောင်ထည့်ပေးသွားမှာဖြစ်ပါတယ်။ (ဒေါ်လာဈေး အတက်အကျကြောင့် ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်)
အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://web.facebook.com/mmwposprinter/posts/4083091415078241