စားသောက်ဆိုင်သုံးကွန်ပျုတာစနစ် CafePOS Software များကို Galaxy Software Services Co.,Ltd မှ ရောင်းချ

ယခုလို မိုးရာသီမှာ အများပြည်သူများ စားသောက်ရေး လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်ပြီး Tea House နဲ့ လ္ဘက်ရည်ဆိုင် ၊ထမင်းဆိုင်၊Fast-food၊ Restaurant လုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ်လာကြပါတယ်။ ငွေကြေးကြပ်တည်းသောကာလမှာ မိမိဆိုင်ရဲ့ ငွေကြေးပိုင်း၊ အရောင်းပိုင်းနှင့် ပတ်သက်သော စာရင်းဇယားများ ၊ လက်ကျန် Recipe တွေကိုထိန်းချုပ်နိုင်ဖို့မှာ လည်းအရေးကြီးတဲ့ အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။
ဒါကြောင့် မိမိဆိုင်ရဲ့ စာရင်းဇယား၊ လက်ကျန် Recipe တွေကို တိကျသေချာစွာထိန်းချုပ်နိုင်ဖို့ဆိုရင် ပုံမှန်လုပ်ဆောင် မှုများမှာ ခွဲထွက်ပြီး IT နည်းပညာအသုံးပြုထိန်းချုပ်မှသာ ပိုမိုအဆင်ပြေနိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းအပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာသော စာရင်းဇယားအခက်အခဲများအား ပြေလည်စေရန် စာရင်းများကို စနစ်တကျ တိကျမှန်ကန်စွာ မှတ်သားထားနိုင်ဖို့လည်းလိုအပ်ပါတယ်။
မိမိဆိုင်ရဲ့ငွေကြေးပိုင်းနှင့်ပတ်သက်သော စာရင်းဇယားစတာတွေကို တိကျမှန်ကန်စွာ သိရှိနိုင်ဖို့အတွက် လက်ကျန် Recipe တွေကိုလည်း တိကျသေချာစွာ ထိန်းချုပ်နိုင်ဖို့အရေးကြီးပါတယ်။ အဲ့ဒါတွေအတွက် Galaxy Software က CafePOS (Restaurant Management System) ကို ပြုလုပ်ရောင်းချနေပြီလည်းဖြစ်ပါတယ်။

Photo Source https://www.facebook.com/GalaxySoftware/?ref=page_internal

CaféPOS စားသောက်ဆိုင်သုံးကွန်ပျူတာစနစ်မှာတော့ စားသောက်ဆိုင်လုပ်ငန်း တစ်ခုအတွက် မရှိမဖြစ်ပါဝင်ရမည့် အခြေခံ Feature များအပြင် စားပွဲဝိုင်းများတွင် Tablet ထားရှိပြီး စားသုံးသူကိုယ်တိုင် မိမိစိတ်ကြိုက် ဟင်းပွဲများကို Order Taking လုပ်ဆောင်နိုင်ခြင်း၊ Special Package များ၊ Set Menu များ၊ Sold Out ဟင်းပွဲများ၊ သတ်မှတ်နိုင်ခြင်း၊ Happy Hour, Item Discount, Buy 1 Get 1, Buy 2 Get 1 စသည့် Promotion Plan အမျိုးမျိုးသတ်မှတ်နိုင်ခြင်း၊ စာရင်းဇယားများကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းကြောင့် ဝန်ထမ်းအပြောင်းအလဲများရှိသော်လည်း စာရင်းပိုင်းဆိုင်ရာများကို အခက်အခဲမရှိ တိကျမှန်ကန်စွာ ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။
ဒါ့အပြင် CB/ AYA/ KBZ Card Device များဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပြီး မည်သည့် Bank Card ( MPU/ Visa/ Master Card) အမျိုးအစားနှင့်မဆို ငွေပေးချေမည်ဆိုပါက ကျသင့်ငွေများကို ပြန်လည်ရိုက်နှိပ်စရာ မလိုပဲ Card Device ထဲသို့ တိုက်ရိုက်ပေးပို့နိုင်ခြင်းကြောင့် ငွေပမာဏ မှားယွင်းမှု မရှိနိုင်ခြင်း၊ KBZ Pay / AYA Pay / MDY Smart Pay ကို အသုံးပြု၍ ငွေပေးချေမည်ဆိုပါကလည်း QR Code ကို Scan ဖတ်လိုက်ရုံဖြင့် ကျသင့်ငွေများကို အလွယ်တကူပေးချေနိုင်ခြင်း၊ Delivery System ကို အသုံးပြု၍ စားသုံးသူ အိမ်အရောက် Delivery Agents (FoodPanda, GrabFood, စသည်များမှ Order များအလိုက် မှတ်သား၍ ပို့ဆောင်ခြင်းများအပြင် မိမိဆိုင်မှ ကိုယ်တိုင်ပို့ဆောင်ခြင်းများ လုပ်ဆောင်နိုင်ခြင်း၊ မိမိဆိုင်၏ နေ့စဉ် အရောင်းစာရင်း၊ လက်ကျန် Recipe များအပြင် ဝင်ငွေစာရင်းများကို အသေးစိတ် ကြည့်ရှုစစ်ဆေးနိုင်သည့် Analysis Reports များကိုပါ အလွယ်တကူထုတ်ယူကြည့်ရှုနိုင်မည့်အပြင် တခြားအရေးပါသည့် Feature များလည်း ပါဝင်ပါတယ်။
Tea House လက်ဖက်ရည်ဆိုင်များအတွက် စားပွဲဝိုင်းတစ်ခုထဲမှ မှာယူထားသော စားပွဲများအား စားသုံးသူတစ်ဦးချင်း အလိုက် Bill ခွဲရှင်းပေးနိုင်ခြင်း၊ မှာယူထားသော စားပွဲတစ်ပွဲချင်းဆီ၏ အသေးစိတ်အချက်အလက်များ( ဥပမာ – ချိုစိမ့် ၊ ပေါ့စိမ့်) ကို လွယ်ကူစွာ မှတ်သားနိုင်ပြီး Kitchen သို့ တိုက်ရိုက်ပေးပို့နိုင်ခြင်း၊ Tablet မှ ဟင်းပွဲ Menu များအလွယ်တကူ သိရှိနိုင်ခြင်းကြောင့် စားသုံးသူမှ ဟင်းပွဲမှာယူ ချိန်တွင် အချိန်ကြန့်ကြာမှုမရှိခြင်း စသည့်လုပ်ဆောင်ချက်များ ပါရှိသောကြောင့် Tea House နှင့် လက်ဖက်ရည်ဆိုင်များကို ယခုထက်ပိုမိုကောင်းမွန်အောင် အထိရောက်ဆုံး ထိန်းချုပ်ပေးနိုင်မှာဖြစ်ပြီး ကောင်းမွန်စွာ လည်ပတ်စေနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source https://www.facebook.com/GalaxySoftware/?ref=page_internal

Galaxy Software Services Co.,Ltd က CafePOS ကို ရောင်းချပြီးနောက်ပိုင်း Training & Service များအတွက်လည်း Training Video / Guide Book PDF များပေးခြင်း၊ On-site / Telephone / Online ဖြင့် ဝန်ဆောင်မှုပေးခြင်းများကို အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်သွားမည်လည်းဖြစ်သည်။ Software တန်ဖိုးအနေဖြင့် ကျပ် (၇) သိန်းမှ စတင်မှာဖြစ်ပြီး မိမိလုပ်ငန်းအတွက် အသေးစိတ်ဆွေးနွေးတိုင်ပင်ချင်ပါက အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။
https://www.facebook.com/GalaxySoftware/?ref=page_internal