Facebook Page များအတွက် ကြော်ငြာချိန်နည်းများထဲမှ Demogrphics ချိန်နည်း Part 2

ယခင်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာတော့ Facebook Page များအတွက် Demographics ချိန်နည်း Part (1) ကို ဖော်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ audience ချိန်နည်းများထဲမှ Demographics ချိန်နည်း Part (2) ကို ဆက်လက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Demographics ချိန်နည်းများထဲမှာ Relationship ချိန်နည်းတစ်ခုကို ထပ်မံဖော်ပြပါ့မယ်။ ဦးစွာ Demographics ထဲက Relationship ကိုဝင်ပါ။ ပြီးရင် Relationship Status ထဲကိုထပ်ဝင်ပါ။ အဲ့ဒီအထဲမှာ ကိုယ်ကြော်ငြာချင်တဲ့ လူတွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ Civil Union, Complicated, Divorced, Domestic Partnership, Engaged, In a relationship, Married, Open Relationship, Separated, Single, Unspecified, Widowed စတဲ့အမျိုးအစားပေါင်းများ စွာကို ဖော်ပြပေးထားပါတယ်။ အဲ့ဒီထဲမှာ မိမိ ကြော်ငြာချင်တဲ့ လူတန်းစားကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အလုပ်လုပ်တဲ့ လုပ်ငန်းကုမ္ပဏီတွေကို ရွေးချယ်ကြော်ငြာခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Demographics ထဲက Work ကိုဝင်ပါ။ ပြီးရင် Employers ကို ထပ်ဝင်ပါ။ အဲ့ဒီထဲမှာ ဘဏ်လုပ်ငန်းတွေ သက်ဆိုင်တဲ့ သူတွေကိုကြော်ငြာချင်ရင်တော့ ဘဏ်နာမည်အမျိုးအစားတွေကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။


အဲ့ဒီထဲမှာ နောက်တစ်ခုကတော့ စက်မှုဆိုင်ရာနဲ့အခြားဆက်စပ်တဲ့လုပ်ငန်းတွေကို ကြော်ငြာချင်တဲ့သူတွေအတွက်တော့ Demographics ထဲက Work ကို ဝင်ပါ။ ပြီးရင် Industries ကိုရွေးချယ်ပေးပါ။

အဲ့ဒီထဲမှာတော့ Administrative Services, Architecture and engineering, Arts entertainment , sport and media, Business and finance, Cleaning and maintenance services, Community and social services, Computation and mathematics, Construction and extraction, Education and libraries, Farming fishing and forestry, Food and restaurants, Government employees(gobal), Healthcare and medical services, IT and technical services, Installation and repair services, Legal services, Life Physical and social sciences, Management, Military (gobal), Production, Protective services, Sales, Transport and moving, Veterans(US) စတဲ့ နယ်ပယ်တွေကို ဖော်ပြပေးထားပါတယ်။ အဲ့ဒီထဲမှာမှ မိမိလုပ်ငန်းနဲ့ ဆက်စပ်တဲ့နေရာတွေကို ရွေးချယ်ကြော်ငြာပေးရမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အလုပ်ရာထူးနဲ့ ကြော်ငြာချိန်နည်းပါ။ အဲ့ဒီအတွက် Work ထဲက Job titles ကိုဝင်ရောက်ရ မှာဖြစ်ပါတယ်။ အဲ့ဒါကတော့ လူတွေ Facebook အကောင့်မှာ စဖွင့်ကတည်းက အလုပ်နေရာကို ထည့်တတ်ကြစမြဲပါ။ အဲ့ဒါ ကြောင့် အလုပ်နာမည်နဲ့ ရွေးချယ်ကြော်ငြာတာကလည်း ပိုမိုထိရောက်တဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။
အထက်မှာဖော်ပြပေးခဲ့တာတွေကတော့ Facebook Page ကြော်ငြာချိန်နည်းများထဲက Demogrphics ချိန်နည်း Part (2) ပဲဖြစ်ပါတယ်။ နောက်အပတ်စဉ်တိုင်း ဗုဒ္ဓနေ့များ မှာလည်း ကြေငြာချိန်နည်းများစွာကို အခန်းဆက်အနေ ဖြင့်ပုံနဲ့တကွ အသေးစိတ် ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။