Facebook Page များအတွက် ကြော်ငြာချိန်နည်းများထဲမှ Demogrphics ချိန်နည်း Part 3

ယခင်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာတော့ Facebook Page များအတွက် Demographics ချိန်နည်း Part (2) ကို ဖော်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ audience ချိန်နည်းများထဲမှ Demographics ချိန်နည်း Part (3) ကို ဆက်လက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Facebook ရဲ့ Target ချိန်နည်းတွေထဲက Demographics ချိန်နည်းဟာ အွန်လိုင်းလုပ်ငန်းတွေထဲမှာ အထိရောက်ဆုံးဖြစ်ပါ တယ်။ အခုအပတ်မှာတော့ Demographics ချိန်နည်းတွေထဲက Business and industry ချိန်နည်းကို အရင်ဆုံးရှင်းပြမှာ ဖြစ်ပါတယ်။

 

 

 

 

အရင်ဆုံး Demographics ထဲက Interests > Business and industry ထဲကိုဝင်ပါ။ အဲ့ဒီထဲမှာ စီးပွားရေးလုပ် ငန်းတွေဖြစ်တဲ့ Advertising, Agriculture, Architecture, Aviation, Banking စတဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်များစွာ ပေါ် လာမှာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ကိုယ်ကြော်ငြာချင်တဲ့ စီးပွားရေးနယ်ပယ်တွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။

 

Banking စိတ်ဝင်စားသူတွေအတွက် ကြော်ငြာချိန်မယ်ဆိုရင်လည်း Investment Banking , Online Banking, Retail Banking ဆိုပြီး သုံးမျိုးခွဲခြားထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Investment Banking ကတော့ လုပ်ငန်းထူထောင်ရန် အတွက် အရင်းအနှီးစိုက်ထုတ်ဖို့စိတ်ဝင်စားသူများအတွက်(သို့) လုပ်ငန်းထူထောင်မယ့်သူတွေအတွက် ငွေအရင်းစိုက်ရှာပေး မယ့်သူ၊ ငွေအရင်းအနှီးစိုက်ထုတ်ပေးမယ့်သူ တွေကိုပိုပြီးပါ ဝင်နိုင်မယ်လို့ ယူဆထားပါတယ်။ Online Banking ကတော့ Mobile Banking သုံးတဲ့သူတွေအတွက်ဖြစ်ပါတယ်။ Retail Banking ကတော့ ဘဏ်မှာ ငွေသွင်း၊ ငွေထုတ်ပြုလုပ်သူတွေအတွက် ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ မိမိကြော်ငြာချင်တဲ့ လူတွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ရွေးချယ်ပြီးတာနဲ့ ဘေးမှာ ပြထားတဲ့ လေးထောင့်ကွက်ကို အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်။


နောက်တစ်ခုကတော့ Instrests > Business and Industry > Design ကို ချိန်နည်းဖြစ်ပါတယ်။ Design ပိုင်းမှာတော့ Fashion design စိတ်ဝင်စားသူတွေ၊ Graphic Desigin စိတ်ဝင်စားသူတွေ၊ Interior design စိတ်ဝင်စားသူတွေ ကိုဖော်ပြ ထားပါတယ်။ မိမိရွေးချယ်ကြော်ငြာချင်တဲ့ သူတွေကို ရွေးချယ်ပြီး အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်။


နောက်တစ်ခုကတော့ Interests > Business and industry > Online ကြော်ငြာချိန်နည်းပဲဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ Digital Marketing, Display advertising, Email Marketing, Online advertising, Search engine optimization, Social media, Social media marketing, Web design, Web development, Web hosting လူတွေအတွက် ရွေးချယ် ကြော်ငြာနိုင်မှာဖြစ်ပါတယ်။


နောက်တစ်ခုကတော့ Business and industry > Personal finance ( ကိုယ်ပိုင်ငွေကြေးစီမံမှုကို စိတ်ဝင်စားသူတွေ) အတွက် ကြော်ငြာချိန်နည်းဖြစ်ပါတယ်။ အဲ့ဒီအထဲမှာတော့ Credit Cards, Insurance, Investment, Mortgage loans စာတွေကို ရွေးချယ်ကြော်ငြာနိုင်မှာဖြစ်ပါတယ်။
အထက်မှာဖော်ပြပေးခဲ့တာတွေကတော့ Facebook Page ကြော်ငြာချိန်နည်းများထဲက Demogrphics ချိန်နည်း Part (3) ပဲဖြစ်ပါတယ်။ နောက်အပတ်စဉ်တိုင်း ဗုဒ္ဓနေ့များ မှာလည်း ကြေငြာချိန်နည်းများစွာကို အခန်းဆက်အနေ ဖြင့်ပုံနဲ့တကွ အသေးစိတ် ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။