Facebook Page များအတွက် ကြော်ငြာချိန်နည်းများထဲမှ Demogrphics ချိန်နည်း

ယခင်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာတော့ Facebook Page များအတွက် အခြေခံ audience ချိန်နည်းကို ဖော်ပြပေးခဲ့ပြီးဖြစ်ပါ တယ်။ ဒီတစ်ပတ်မှာတော့ audience ချိန်နည်းများထဲမှ Demographics ချိန်နည်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Demographics ချိန်နည်းများထဲမှာ Education Level ရွေးနည်းကလည်း အရေးကြီးပါတယ်။ Facebook Account တွေမှာ လူတွေက မိမိတို့ရဲ့ ပညာရေးကို ဖြည့်စွတ်ထားရင် ဒီ Targeting ကများစွာအသုံးဝင်ပါတယ်။
(၁) ဦးစွာ Demographics ကိုနိုပ်ပါ။ Education Level ကိုနိုပ်ပါ။ Education Level ကိုနိုပ်ရင် ဘွဲ့အမျိုးမျိုးထွက်ပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒီမှာ မိမိကြော်ငြာချင်တဲ့ ဘွဲ့ကိုရွေးချယ်လို့ရနိုင်ပြီဖြစ်ပါတယ်။


(၂)နောက်တစ်ခုအနေနဲ့ ကတော့ ဝင်ငွေအကောင်းဆုံးအုပ်စု ချိန်နည်းပါ။ အဲ့ဒါကလည်း မိမိကြော်ငြာချင်တဲ့ အုပ်စုကိုရွေးချယ်ရ တာဖြစ်ပါတယ်။ ဦးစွာ Demographics ထဲမှ Financial ကို ရွေးချယ်ပါ။ အဲ့ဒီအထဲမှာ ဝင်ငွေအကောင်းဆုံး ထိပ်ဦး ၅ ရာခိုင်နှုန်းအုပ်စု၊ ဝင်ငွေအကောင်းဆုံးထိပ်သီး ၁၀ ရာခိုင်နှုန်းအုပ်စု၊ ဝင်ငွေအကောင်းဆုံးထိပ်သီး ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအုပ်စု၊ ဝင်ငွေ အလယ်အလတ် ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအုပ်စုဆိုပြီး (၄) မျိုးထွက်ပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ မိမိကြော်ငြာချင်တဲ့ အုပ်စုကို ရွေးချယ်ပါ။


(၃) နောက်တစ်ခုကတော့ မင်္ဂလာနှစ်ပတ်လည်ရက်ချိန်နည်းပါ။ ဒီနည်းကလည်း Target ချိန်နည်းထဲမှာအ ကောင်းဆုံးတစ် ခုလို့ ဆိုနိုင်ပါတယ်။ မင်္ဂလာနှစ်ပတ်လည်ရောက်တော့မယ့် ဇနီးမောင်နှံတွေကို ရွေးချယ်ကြော်ငြာခြင်းပဲဖြစ်ပါတယ်။ ဦးစွာ Demographics ထဲမှာ Life Events ကိုနိုပ်ပါ။ ပြီးရင် Anniversary ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ လာမယ့်ရက် ၃၀ အတွင်း နှစ်ပတ်လည်ရောက်မယ့်သူတွေ၊ လာမယ့် ၃၁ ရက်မှ ရက် ၆၀ အတွင်း နှစ်ပတ်လည်ရောက်မယ့်သူတွေကို ဖော်ပြ ပေးနေမှာဖြစ်ပါတယ်။ အဲ့ဒီမှာ မိမိကြော်ငြာချင်တဲ့ Target ကိုရွေးရမှာဖြစ်ပါတယ်။


(၄) နောက်တစ်ခုကတော့ မိသားစုနဲ့ ဝေးနေတဲ့ သူတွေကို ချိန်ပြီးကြော်ငြာနည်းပါ။ Life Events ထဲက Away From Family ကိုနိုပ်ပါ။ ဒီချိန်နည်းကလည်း တစ်မျိုးအသုံးဝင်ပြန်ပါတယ်။


(၅) နောက်တစ်ခုကတော့ အိမ်နဲ့ဝေးကွာနေသူတွေကို ချိန်နည်းဖြစ်ပါတယ်။ Life Events ထဲမှ Away From Hometown ကိုနိုပ်ပါ။ ဒါကတော့ Facebook Account မှာထည့်ကိုယ့်မွေးရပ်မြေမြို့နဲ့ အခုလက်ရှိ Location မတူညီတဲ့ လူတွေကို ကြော် ငြာဖို့ပြုလုပ်ပေးထားတာဖြစ်ပါတယ်။


(၆) နောက်တစ်ခုကတော့ လအလိုက်မွေးနေ့ရှင်ကို ရွေးချယ်ကြော်ငြာနည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Life Events ထဲက Birthday Month ကိုနိုပ်ပါ။ အဲ့ဒီထဲမှာ လအလိုက်မွေးနေ့ကျရောက်သူများကို ဖော်ပြပေးထားပါတယ်။ မိမိကြော်ငြာလိုတဲ့ လူ ရဲ့ မွေးလကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။


အထက်မှာဖော်ပြပေးခဲ့တာတွေကတော့ Facebook Page ကြော်ငြာချိန်နည်းများထဲက Demogrphics ချိန်နည်း အကြောင်းပဲဖြစ်ပါတယ်။ နောက်အပတ်စဉ်တိုင်း ဗုဒ္ဓနေ့များ မှာလည်း ကြေငြာချိန်နည်းများစွာကို အခန်းဆက်အနေ ဖြင့်ပုံနဲ့တကွ အသေးစိတ် ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။