Design ပညာရပ် လေ့လာလိုသူများအတွက် ပိုမိုကောင်းမွန်သည့် လေ့လာခြင်းအတွေ့အကြုံများ ဖန်တီးမည့် Futura School 1.0

Futura မှ ယနေ့တွင် Design ပညာရပ်များကို အခြေခံမှစ၍ စနစ်တကျလေ့လာလိုသူများအတွက် သမရိုးကျ သင်ကြားရေးစနစ်များနှင့် မတူဘဲ News Feed, Community, Events, Chat နှင့် Gamification စသည့် အင်္ဂါရပ်များ ပါဝင်သော Futura School 1.0 ကို မိတ်ဆက်လိုက်ပါသည်။

Futura ၏ ရည်မှန်းချက်မှာ Designers များအား မိမိတို့၏ ကျွမ်းကျင်မှုအသစ်များကို အချိန်၊ နေရာမရွေး လေ့လာသင်ယူနိုင်စေရန် အထောက်အကူပြုရေးဖြစ်ပါသည်။ ထိုရည်မှန်းချက် အောင်မြင်စေရန် အဘက်ဘက်မှ ပံ့ပိုးကူညီပေးခဲ့ကြသော ဝါရင့်စီနီယာ အကို၊ အမ၊ ဆရာ၊ ဆရာမများနှင့် ယုံကြည်စွာ ရင်းနှီးမြှုပ်နှံပေးကြသော Investor များအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

Futura School တွင် ပါဝင်သော Community Feature ကြောင့် Design ကို စိတ်ဝင်စားသူများအတွက် သီးသန့်ကမ္ဘာငယ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး၊ တစ်ဦးချင်းအလိုက် သင်ယူလိုသူများသာမက အဖွဲ့လိုက် လေ့လာလိုသူများအတွက်ပါ အဆင်ပြေစေမည်ဖြစ်ပါသည်။

“ကျွန်တော်တို့ Futura School အနေနဲ့ Design Education ကို သေသေချာချာလေ့လာနိုင်အောင် နည်းပညာနဲ့ ပေါင်းစပ်ကာ လက်တွေ့ ပြင်ပကမ္ဘာရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စေဖို့ ရည်ရွယ်ပါတယ်။ Design နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက အင်တာနက်မှာ အင်္ဂလိပ်ဘာသာစကားနဲ့ ဖတ်လို့ရတယ်ဆိုပေမယ့် ဒေသခံဘာသာစကားတွေနဲ့ လေ့လာနိုင်ခွင့်က နည်းနေပါသေးတယ်။

Design ကျောင်းကောင်းကောင်း မတက်နိုင်ခြင်း၊ အင်္ဂလိပ်စာ အခက်အခဲ စတာတွေကြောင့် ကျွန်တော်တို့ Designer တွေအတွက် လေ့လာရတာနှောင့်နှေးစေတာကို အဖြေရှာဖို့ Futura School ကို မိတ်ဆက်လိုက်တာပါ။ ဒီ Community အခြေပြု သင်ကြားရေးနည်းလမ်းက အားလုံးအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

ဒီ Platform ဖြစ်ဖို့ သေချာ ကြိုးစားပေးကြတဲ့ Futura Team နဲ့ ဆရာ၊ ဆရာမတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ချင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ အားလုံးအတူတူ Design လေ့လာယုံတင်မကဘဲ ဆန်းသစ်ဖန်တီးမှုတွေ ပိုလုပ်နိုင်တဲ့ လူ့ဘောင်အဖွဲ့အစည်းဆီကို လျှောက်လှမ်းကြရအောင်ခင်ဗျာ။”

နန်းဦး

အမှုဆောင်အရာရှိချုပ်

Futura School

Image: Futura

Futura Schoolရဲ့ စူးစိုက်သင်ယူမှု အတွေ့အကြုံသစ်တွင် ပါဝင်သော Features များ

၁။ News Feed

ကျောင်းသား/သူများအနေဖြင့် Futura School Account သို့ ဝင်ရောက်သည်နှင့် တပြိုင်နက် Learning Mode အလိုအလျောက် စတင်မည်ဖြစ်ပြီး Design လေ့လာရာတွင် အနှောင့်အယှက်ကင်းစွာ လေ့လာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် လေ့လာဖော်များ၏ ဆွေးနွေးချက်များကိုလည်း ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

၂။ Town hall

Design နှင့်ပတ်သက်သော မည်သည့် အကြံဉာဏ်ကိုမဆို Town hall တွင် အခြားသူများနှင့် လုံခြုံစိတ်ချစွာ မျှဝေနိုင်မည်ဖြစ်ပြီး၊ Community ကို သေချာစွာ ထိန်းသိမ်းထားသောကြောင့် ကြော်ငြာများ တွေ့မြင်ရမည် မဟုတ်ပါ။

၃။ Leaderboard

အပြိုင်အဆိုင် လေ့လာလိုသူများအတွက် ကျောင်းတစ်ကျောင်းလုံးမှ စာအလုပ်ဆုံးနှင့် အဆွေးနွေးဆုံးသူများ၏ အမှတ်စဉ်များကို ဖော်ပြထားသော Leaderboard ထားရှိပါသည်။

၄။ Self-paced Courses

ကျွမ်းကျင်သူများနှင့် တိုင်ပင်၍ စနစ်တကျ ဖန်တီးထားသော အွန်လိုင်းသင်တန်းများတွင် Design History ကဲ့သို့သော အခြေခံသင်တန်းများမှ Portfolio Building အထိ ပါဝင်ပါသည်။

၅။ Chat Feature

Community အဖွဲ့ဝင်များအချင်းချင်း စာဆွေးနွေးခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်နိုင်သလို သင်ကြားပို့ချသူများကိုလည်း မေးမြန်းနိုင်ပါသည်။

၆။ Events

Group coaching များ၊ ဗဟုသုတရစေမည့် Webinar events များကို Community မှတစ်ဆင့် အချိန်နှင့်တပြေးညီ သိရှိနိုင်မည်ဖြစ်ပါသည်။

မိမိ၏ Design Skills များကို မြှင့်တင်ရန် အတွက် futuraschool.org ကို အခမဲ့ ဝင်ရောက်ကြည့်ရှူနိုင်ပါပြီ။

 

Futura အကြောင်း

Futura သည် Education Technology Startup တစ်ခုဖြစ်ပြီး သင်ယူလေ့လာခြင်းအတွေ့အကြုံများကို နည်းပညာအသုံးပြုပြီး ပိုမိုထိရောက်စေရန် ကြိုးပမ်းနေသော Company ဖြစ်သည်။ Futura၏ နည်းပညာဖြင့် Community, Course, Content, Coaching, Career တို့ပါဝင်သည့် 5Cs Ecosystem ကို တည်ဆောက်နေပြီး ခေတ်မီပညာရပ်များကို လက်တွေ့လောကဖြင့် ချိတ်ဆက်သင်ယူနိုင်ရန် ဖန်တီးနေပါသည်။ Futura ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက www.futuraschool.org တွင် ဝင်ရောက် ကြည့်ရှူနိုင်ပါသည်။