ကလေးငယ်များရဲ့ ပညာရေးအတွက် ရွေးချယ်စရာ One Education (One Education ၏ Academic Manager တီချယ်ယမင်းနှင့် အင်တာဗျုးဆောင်းပါး)

One Education ဆိုတာကတော့ ကလေးငယ်တွေနဲ့ လူငယ်ပိုင်းတွေအတွက် Pre-school,Wiley Young Learner Class နဲ့ Adjust Class တွေကို ဖွင့်လှစ်သင်ကြားပေးနေတဲ့ သင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။ ကလေးငယ်ပညာရေးနောင်ရေး အတွက် ယုံကြည်စိတ်ချရတဲ့ သင်တန်းကျောင်းတစ်ခုဖြစ်သလို လူငယ်များအတွက်လည်း အတတ်ပညာလေ့လာဆည်းပူး စရာနေရာကောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။
“Pre-school မှာဆိုရင်လည်း Half-day နဲ့ Full-day နှစ်ခုဖွင့်ပေးထားပါတယ်။ Half-day ဆိုရင် မနက် ၉ နာရီကနေ ၁၂ ထိ၊ နေ့လည် ၁ နာရီကနေ ၄ နာရီထိ စသဖြင့်တက်လို့ရပါတယ်။ Full-day အနေနဲ့ကတော့ ၉ နာရီကနေ ၃ နာရီထိတက်လို့ရပါတယ်။ Young Learner Class အနေနဲ့ကျတော့ Online Zoom Class အနေနဲ့လည်း သင်ပေးတယ် Face-to-face လူကိုယ်တိုင်လာပြီးတက်ရောက်လို့ရတဲ့ သင်တန်းလည်းဖွင့်ထားပါတယ်”ဟု One Education ၏ Academic Manager ဖြစ်သူ တီချယ်ယမင်းက ပြောပါတယ်။
လက်ရှိ One Education သင်တန်းကျောင်းမှာ Adult Class တွေအတွက် Basic, Pre-intermediate, Intermediate, Advance ဆိုပြီး Class တွေဖွင့်ထားရှိပါတယ်။ အခြေခံဘာသာစကားအနေနဲ့ဆိုရင်တော့ Speaking ပိုင်းကို အဓိကထား သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။ အဲဒီ Basic Level မှာဆိုရင်လည်း Team 1,2 နှစ်ခု ခွဲကာ ဖွင့်လှစ်ထားပါတယ်။

Photo…One Education ၏ Academic Manager တီချယ်ယမင်
“Team 1 အတွက် Monday ကနေ Thursday တစ်ပတ်လေးရက်တက်မယ်ဆိုရင် တစ်လကို Team 1 Level တစ်ဝက်ပြတ်သွားမယ်။ Term 2 တစ်လဆက်တက်မယ်ဆိုရင် Basic Level course ပြတ်သွားပါမယ်။ ပြီးရင် စာမေးပွဲစစ်ပေးတယ် Certificate လေးတွေထုတ်ပေးပါတယ်။ ဒီလိုပဲ Pre-intermediate ကိုလည်း Team 1,2 ထား ပေးပါတယ်။ Intermediate ဆိုရင်လည်း ဒီလိုပါပဲ။ IELTS အထိသင်သွားပေးပါတယ်”ဟု သူမက ဆက်လက်ရှင်းပြပါတယ်။
One Education မှာတော့ Basic Course တစ်ခုကို Team 1,2 ပါဝင်တဲ့အတွက်ကြောင့် တစ်သိန်းလေးသောင်း ကျသင့် မှာဖြစ်ပါတယ်။ ဒါပေမဲ့ Level တစ်ခုကို လူကိုယ်တိုင်လာရောက်သင်ကြားမယ်ဆိုရင်တော့ ၇ သောင်းသာကျသင့်မှာဖြစ်ပါ တယ်။ Basic Course တစ်ခုကို Team 1,2 ပါဝင်တဲ့အတွက်ကြောင့် တစ်သိန်းလေးသောင်းကျသင့်ပေမယ့် Discount ပေးထားတဲ့အတွက် တစ်သိန်းသုံးသောင်းသာ ကျသင့်မှာဖြစ်ပါတယ်။
“Online ကတက်မယ်ဆိုရင်တော့ Class A,B,C,D လေးခုဖွင့်ထားပါတယ်။ Class တစ်ခုကို ၅ သောင်းခွဲကျပါတယ်။ သင်တန်းကြေးအတွက် Course တစ်ခုကို တစ်ခါသွင်းပေးရပါတယ်။ Team 1,2 ကိုလည်းခွဲသွင်းလည်းရပါတယ်။ နှစ်ခုစာပေါင်းသွင်းလည်းရပါတယ်။ Mobile Banking လည်းလက်ခံတယ် Cash အနေနဲ့လည်း လက်ခံပေးပါတယ်” ဟုသူမ ကပြောကြားပါတယ်။
One Education သင်တန်းကျောင်းမှာ နောက်ပိုင်းမှာတော့ ယခုနှစ်အတွင်း Singapore Math ကို အသစ်ဖွင့်လှစ်သွားမှာဖြစ်ပြီး ကလေးများအတွက်လည်း P1 မှနေ P6 အထိ စင်ကာပူသင်ရိုးကို အသုံးပြုကာ ဖွင့်လှစ်သွားဦးမှာလည်းဖြစ်ပါတယ်။ နောက် ပိုင်းမှာလည်း One Education အနေနဲ့ Application တစ်ခုပြုလုပ်သွားဖို့စီစဉ်ထားပါသေးတယ်။
“အခုလောလောဆယ်ကတော့ Website အနေနဲ့မဟုတ်ဘဲ Institute ပုံစံနဲ့သွားပြီးတော့ လူကိုယ်တိုင်လာ တက်လို့ရတယ်။ အွန်လိုင်းကနေလာတက်လို့ရတဲ့ အတန်းတွေကို ဦးစားပေးဖွင့်ပေးနေပါတယ်။ လစဉ် တန်းခွဲအသစ်တွေကိုလည်း စတင်ဖွင့် ပေးထားပါတယ်။ Wiley In Person အတန်းကိုလည်း လတစ်လရဲ့ ပထမအပတ်မှာ တန်းခွဲအသစ်တွေ စပြီးဖွင့်ပေးပါတယ်။ ဒါကတော့ Cambridge စာမေးပွဲကိုအဓိကဖြေချင်တဲ့ကလေးတွေအတွက်ပါ။ ဒီကလေးတွေအတွက် 4 Skills အပြည့် သင်ပေးတယ် Cambridge အပြင် Oxford စာအုပ်တွေကိုသုံးသွားတယ်။ Extra Reading Writing တွေအပြင် သူတို့တွေ စာသင်ချိန်မှာ မပျင်းရအောင် Activity Time ထားထားပြီးတော့ ဆရာမတွေက အဓိက Speaking ကိုဦးစားပေးပါတယ်” ဟု သူမက ဆက်လက်ရှင်းပြပါတယ်။

Photo Source https://www.facebook.com/OneEducationInstitute

One Education မှာ လာရောက်သင်ကြားတဲ့ကလေးငယ်တွေကတော့ တစ်လအတွင်းမှာ Speaking ပိုင်းမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာစေတယ်လို့ သူမကဆိုပါတယ်။ ဒါ့အပြင် Student Record တွေလုပ်ပြီး ကလေးမိဘတွေဆီကို ပြန် လည်ပေးပို့ပေးတာဖြစ်ပါတယ်။ လက်ရှိ One Education မှာ အွန်လိုင်းကနေ ပညာသင်ကြားခဲ့တဲ့ ကလေးငယ်ဦးရေ ၅၀၀ ကျော်လောက်ရှိနေပြီဖြစ်ပါတယ်။ In person ကလေးတွေနဲ့ဆိုရင် စုစုပေါင်း ကျောင်းသားဦးရေက ၇၀၀/၈၀၀ နီးပါး လောက်ရှိနေပြီလည်းဖြစ်ပါတယ်။
“One Education ရဲ့ ကျောင်းခွဲတွေအနေနဲ့ Pre-school ဆိုရင် သင်္ကန်းကျွန်းမှာ နှစ်ကျောင်း၊ ဘုရားလမ်းမှာတစ်ကျောင်း၊ ပန်းဆိုးတန်းမှာတစ်ကျောင်း၊ လှိုင်မြို့နယ်မှာတစ်ကျောင်း ဖွင့်လှစ်ထားပေးပါတယ်။ ဒါကတော့ International Pre-school အနေနဲ့ဖွင့်ထားတဲ့ ကျောင်း ၄ ကျောင်းဖြစ်ပါတယ်။ နောက်တစ်ခုက Adult English Class အနေနဲ့ ဆင်ရေတွင်း၊ ပန်းဆိုးတန်း၊ သင်္ကန်းကျွန်း၊ လှိုင်ဘူတာရုံ ကျောင်းလေးကျောင်းဖွင့်ထားပါတယ်။ အဲ့ဒီကျောင်းတွေမှာ In Person Basic ကနေ Intermediate အထိ တက်ရောက်နိုင်ပါတယ်” ဟု သူကမ ဖြည့်စွတ်ပြောကြားခဲ့ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/OneEducationInstitute