ဂျပန်ဘာသာစကားလေ့လာနေသူများအတွက် အကောင်းဆုံး Website များ

ယနေ့ခေတ်လူငယ်တွေအနေနဲ့ အိမ်မှာနေရင်း ဘာသာစကားတစ်ခုမဟုတ်တစ်ခုတော့လေ့လာနေကြပါပြီ။ တချို့ကလည်း ဘာသာစကားဆိုင်ရာတွေကို လေ့လာဖို့ အွန်လိုင်းသင်တန်းတွေတက်ကြသလို တချို့ကလည်း မိမိသင်ယူလိုတဲ့ ဘာသာစကားတွေအလိုက် Mobile Application တွေ Website တွေကဆင့်လေ့လာနေကြပါတယ်။

မိမိရဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေမှာ ဝါသနာပါတဲ့ဘာသာစကားတစ်ခုကို သင်ယူလေ့လာနေတာက များစွာအကျိုးရှိစေတဲ့ အတွက် လေ့လာလို့ရနိုင်မယ့် Platform တွေ App တွေကိုတော့ မဖြစ်မနေသိရှိထားဖို့လည်းလိုအပ်ပါတယ်။ အဲ့ဒါမှ မိမိ လေ့လာချင်တဲ့အခါ အလွယ်တကူရှာဖွေ လေ့လာသင်ယူနိုင်ကြမှာပါ။ အခုဖော်ပြပေးမှာကတော့ ဂျပန်ဘာသာစကားကို လေ့လာလိုက်စားသူတွေအနေနဲ့ အလွယ်တကူဝင်ရောက်လေ့လာနိုင်တဲ့ Website (၄) ခုအကြောင်းပဲဖြစ်ပါတယ်။

(၁) Hirogaru

လက်ရေးလှ၊ လက်ဖက်ရည်ပွဲနဲ့ ကိုယ်ခံပညာများကဲ့သို့သော ဂျပန်ယဉ်ကျေးမှုအကြောင်း ကိုယ်တိုင်လေ့လာလိုသူ များအတွက် အလွန်ကောင်းမွန်သော Website တစ်ခုဖြစ်ပါတယ်။ စကားလုံးအသစ်များနှင့် ရုပ်ပုံများစွာပါရှိသော ရိုးရှင်းသောဂျပန်ဘာသာဖြင့် စာသားတိုများဖြင့် ခေါင်းစဉ်တစ်ခုစီတွင် ဗီဒီယိုတိုများ (အင်္ဂလိပ်စာတန်းများပါရှိပါတယ်)။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://hirogaru-nihongo.jp

Photo Source hirogaru-nihongo.jp/en/

(၂) NHK News Web Easy

NHK ရဲ့ ထိပ်တန်းသတင်းများကို ရိုးရှင်းသော ဂျပန်ဘာသာဖြင့် နေ့စဉ်ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒီ site မှာဆိုရင် furigana (အသံထွက်လမ်းညွှန်များ) နှင့် စကားလုံးတစ်လုံးချင်းဆီအတွက် ဂျပန်-ဂျပန်အဘိဓာန် နဲ့  ရှင်းလင်းဖော်ပြထားပါတယ်။ hiragana, katakana and kanji အခြေခံရှိသူများအတွက် သင့်လျော်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်လေ့လာနိုင်ပါ တယ်။
http://www3.nhk.or.jp/news/easy/

(၃) Matcha

Matcha သည် ပေါ့ပါးပြီး စတိုင်ကျသော ဂျပန်ခရီးသွားနှင့် ယဉ်ကျေးမှုမဂ္ဂဇင်းတစ်ခုဖြစ်ပါတယ်။  လွယ်ကူသော ဂျပန်ဗားရှင်းအပါအဝင် ဘာသာစကား 8 မျိုးဖြင့် ရနိုင်ပါတယ်။  ဆောင်းပါးအများစုကို အင်္ဂလိပ်နဲ့လည်း ဖတ်ရှုရနိုင် တာကြောင့် ဘာသာစကားနှစ်မျိုးစလုံးဖြင့် ဖတ်ရှုနိုင်ပြီး မိမိရဲ့ဘာသာစကားစွမ်းရည်ကို စစ်ဆေးကြည့်နိုင်ပါတယ်။  Intermediate Level များအတွက် အကောင်းဆုံး Website တစ်ခုလည်း ဖြစ်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။
https://matcha-jp.com/easy/

(၄) JapanesePod101

ဒီ Website မှာဆိုရင်တော့ Beginner အဆင့်မှ Advanced အထိ လေ့လာနိုင်ဖို့ရာအတွက် podcasts ထောင်ပေါင်း များစွာကို download ရရှိနိုင်ပါတယ်။  သီချင်းတစ်ပုဒ်ချင်းစီကို အင်္ဂလိပ်စကားလုံးအသစ်များ၊ သဒ္ဒါဆိုင်ရာ ရှင်းလင်းချက် အတူ ဂျပန်စကားတိုတိုရှင်းရှင်းနဲ့ ရှင်းလင်းသင်ကြားပေးထားပါတယ်။ Free membership အဖြစ် Register လုပ်ပြီး သင်ခန်းစာအသစ်အားလုံးကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.japanesepod101.com/