ဂျပန်စာလေ့လာသူများအားထားစရာ OHAYO Japanese Language Center (OHAYO Japanese Language Center ၏ Founder ဖြစ်သူမအိအိမင်းနှင့်အင်တာဗျုးဆောင်းပါး)

OHAYO Japanese Language Center ဟာ ဂျပန်ဘာသာစကားတတ်ကျွမ်းချင်တဲ့လူငယ်တွေ၊ ဂျပန်နိုင်ငံမှာ IT ပိုင်းဆိုင် ရာနဲ့ အလုပ်သွားလုပ်ချင်သူတွေအတွက် စေတနာပါပါနဲ့ အထိရောက်ဆုံးသင်ကြားပေးဖို့ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်း တစ်ခုလည်းဖြစ်ပါတယ်။ ဂျပန်ဘာသာစကားကို မဖြစ်မနေတတ်ထားသင့်တယ်လို့ ယူဆထားတဲ့လူငယ်တွေအတွက်တော့ ယုံကြည်စိတ်ချစွာ သင်ကြားနိုင်တဲ့နေရာတစ်ခုဆိုရင်လည်းမမှားပါဘူး။
OHAYO Japanese Language Center ကို ၂၀၁၉ ခုနှစ်ဇန်နဝါရီလလောက်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ဂျပန်စာဘာသာရပ်ကို လေ့လာနေတဲ့လူငယ်တွေကိုပြန်လည်မျှဝေချင်တဲ့ စိတ်နဲ့ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ နောက်ရည်ရွယ်ချက်တစ်ခုကတော့ လူငယ်တွေကို ဂျပန်စာကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ပြီးဂျပန်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နိုင်အောင် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

Photo..OHAYO Japanese Language Center ၏ Founder ဖြစ်သူမအိအိမင်း

“လူနည်းနည်းနဲ့ ထိထိရောက်ရောက်သင်တဲ့အပိုင်းကိုပဲ ဦးစားပေးသင်ကြားပေးတာပါ။ စဖွင့်ကတည်းက ၅ ယောက်တန်း၊ ၁၀ယောက်တန်းတွေ စဖွင့်ခဲ့တာပေါ့နော်။ လူဦးရေနည်းနည်းနဲ့ဖွင့်ခဲ့လို့လည်း အချိန်ကာလအတိုင်းအတာတစ်ခုမှာ လူဦးရေ နည်းနေပါသေးတယ်။ကိုဗစ်ဖြစ်လာတော့ ၂ နှစ်နီးပါးလောက်ကျောင်းပိတ်ဖြစ်လိုက်တယ်။ အဲအချိန်မှာလည်း ဖွင့်လက်စအတန်းတွေကို online class ကနေပြန်ဖွင့်တယ်။ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလောက်မှာစပြီး သင်တန်းကျောင်းတွင် လာတက်လို့ရတဲ့အတန်းကိုပြန်ဖွင့်ခဲ့တာပါ”ဟု OHAYO Japanese Language Center ၏ Founder ဖြစ်သူ မအိအိမင်း ကရှင်းပြပါတယ်။
OHAYO Japanese Language Center မှာ သင်တန်းစဖွင့်စဉ်မှာပဲ IT Calss အတန်းကိုစဖွင့်ခဲ့ပေမယ့် သိပ်ပီးတော့ အောင်မြင်မှုမရရှိခဲ့ပါဘူး။ အဲဒီအချိန်တုန်းက လူငယ်တွေအနေနဲ့ IT Class ကို သိပ်စိတ်မဝင်စားကြသေးလို့ လည်းဖြစ်ပါတယ်။ အခုချိန်မှာတော့ OHAYO Japanese Language Center မှာ ITPEC ရဲ့ တန်းခွဲတွေဖြစ်တဲ့ IP Class နှင့် FE Class အပြင်၊ ဂျပန်စာသီးသန့်သင်တန်းတွေနဲ့အောင်မြင်မှုရရှိနေပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင်ဂျပန်စာ Special Class များ၊ Level လိုက်အတန်းများအပြင် ITPEC Class ကိုလည်းဖွင့်နေပါပြီ။
“သင်တန်းကြေးနဲ့ပြောရမယ်ဆိုရင်လည်း IT Class ကိုသင်တန်းကြေးသက်သက်သာသာနဲ့ လုပ်ပေးပါတယ်။ သင်ပေးတဲ့ဆရာ/ဆရာမတွေကအစ ပညာဒါနသဘောမျိုးလုပ်ပေးကြတာပါ။ ITPEC နဲ့ပတ်သက်တဲ့ IP Class နှင့် FE Class အပြင် JAVA လိုဘာသာရပ်တွေလည်းလက်ရှိဖွင့်နေတယ်။ နောက်ပိုင်းလည်းဆက်ဖွင့်သွားဖို့ရှိတယ်။ လက်ရှိဂျပန်စာမှာ ဆိုရင်တော့ Level 5,4,3,2 ပေါ့။အဲ့လိုတော့ရှိတယ်။ပြီးရင်သင်တန်းဆင်းလက်မှတ်တွေလည်းပေးပါတယ်” ဟု သူမက ပြောပါတယ်။
OHAYO Japanese Language Center မှာသင်တန်းတက်မယ်ဆိုရင်လည်းသင်တန်းကြေးကို တစ်ခါတည်းအပြီး မသွင်းနိုင်တဲ့သူတွေအတွက် သင်တန်းကြေးကိုနှစ်ကြိမ်အရစ်ကျပေးချေလို့ရပါသေးတယ်။ ဒါ့အပြင်ပညာဒါနအနေနဲ့ Free တက်ဖွင့်ရအောင်စီစဉ်ပေးတဲ့အခွင့်အရေးတွေကိုလည်းပြုလုပ်ပေးထားပါတယ်။ နောက်ပိုင်းမှာကျောင်းနဲ့ပတ်သက်တဲ့ Application ကိုလုပ်ဖြစ်သွားအုံးမှာပါ။
“ကျွမ်းကျင်လုပ်သားသင်တန်းတွေကိုလည်း ထပ်ဖွင့်သွားဖို့ရှိတယ်။ ဂျပန်စာနဲ့ IT Calss အတန်းတွေကတော့ ပုံမှန်ဆက်လက်ဖွင့်သွားမှာပါ။ သင်တန်းထပ်ဖွင့်ပြီလားဆိုပြီးမေးတဲ့သူတွေကလည်းရှိတယ်။ အောက်တိုဘာလမှာ သင်တန်းထပ်ဖွင့်သွားဖို့ရှိတယ်။ ပညာဒါနအနေနဲ့ပါထပ်ထည့်ပြီးလုပ်ဆောင်သွားဖို့ရှိတယ်။ အခုတော့အွန်လိုင်းကသင်တာကို ခဏနားထားတယ်။ပြီးတော့မှပြန်ဖွင့်မယ်စိတ်ကူးထားတယ်”ဟုသူမကဆက်လက်ရှင်းပြပါတယ်။

Photo Source https://www.facebook.com/OHAYO-Japanese-Language-Center-357801321698042

လက်ရှိသင်တန်းကြေးတွေကတော့ ၁၈၀၀၀၀-၁၅၀၀၀၀ ဝန်းကျင်နဲ့ဖွင့်လှစ်ထားတာဖြစ်ပြီး ၅ လကြာသင်တန်းဖြစ်တဲ့ဂျပန်စာ 5/4 Level ကိုတော့ သင်တန်းကြေး ငါးသိန်းဝန်းကျင် သတ်မှတ်ဖွင့်လှစ်ထားပါတယ်။ IP Class နှင့် FE Classကို သင်တန်းကြေး ၅ သိန်းနဲ့ ၆ သိန်းဝန်းကျင် သတ်မှတ်ထားပါတယ်။ သင်တန်းတက်ရောက်ချင်တဲ့သူတွေ အနေနဲ့ KBZPay နဲ့ငွေပေးချေလို့ရသလို ငွေသားနဲ့တိုက်ရိုက်ပေးသွင်းလည်းရနိုင်မှာဖြစ်ပါတယ်။
“OHAYO မှာသင်တန်းတက်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျောင်းသားတွေအတွက် ဘယ်လောက်အကျိုးရှိမလဲ ဆိုတာ ကိုယ်တိုင် သင်ယူ ခံစားကြည့်ရင်သိပါလိမ့်မယ်။ သင်တန်းတိုင်းကို တကယ်တတ်မြောက်အောင် ထိထိရောက်ရောက်သင်ပေး နေပါတယ်။ ငွေရရင်ပြီးရောဆိုတဲ့စိတ်နဲ့ သင်ကြားတာမဟုတ်ဘဲ ကျောင်းသားတွေရဲ့ ပညာတက်မြောက်ရေးကိုသာ အဓိကထား သင်ကြားပေးတာပါလို့ပြောချင်ပါတယ်”ဟုသူမကပြောကြားခဲ့ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/OHAYO-Japanese-Language-Center-357801321698042