ကလေးများအိမ်မှာနေရင်းစာသင်ယူနိုင်သည့် KG တန်းမှ Grade 11 အထိ သင်ရိုးများအကြောင်း (၈)

ကျောင်းမသွားတဲ့ ကလေးများမိမိအိမ်မှာနေရင်းစာသင်ယူလို့ရနိုင်ရန်အတွက် KG တန်းကနေ Great 11 အထိ သင်ရိုး Link တွေ ထုတ်ပြန်ထားပါရှိပါတယ်။ အခုသင်ရိုးကတော့ Grade ၈ တန်းတွေအတွက် ဖော်ပြပေးထားတဲ့ သင်ရိုးဖြစ်ပါတယ်။ သင်ကြား ရေးလမ်းညွှန်ဆရာ၊ ဆရာမတွေအတွက်လည်း အကျိုးရှိစေမှာ အမှန်ပါပဲ။
အခြေခံပညာ G8 ကို တက်ရောက်ရမယ့်ကလေးတွေဟာ စနစ်ဟောင်း G7 ဆဌမတန်းသင်ရိုးဟောင်းကို အောင်မြင်ပြီး စနစ်ဟောင်းပညာရေးနဲ့ တောက်လျှောက်တွေ့ခဲ့ရတဲ့ ကလေးတွေဖြစ်တာကြောင့် အောက်ပါအချက်များကို မိဘများလုပ် ပေးနိုင်ပါတယ်။

Photo Source https://m.facebook.com/story.php?story_fbid=559929708313445&id=100028892617574

(၁) စာဖတ်ခြင်း
G8 ကလေးတွေဟာ အတော်အတန်သင့်အရွယ်ရောက်လာပြီ ဖြစ်တဲ့အတွက် ဗဟုသုတရဖွယ်စာများကို ဖတ်တတ်တဲ့ အလေ့အကျင့်လုပ်ပေးပါ။ တစ်နေ့တာအချိန်အတွက် စာဖတ်ချိန်များကို ကလေးနှင့်မိဘတိုင်ပင်၍ ရွေးချယ်ပေးပါ။ စာဖတ်ပြီးသိရှိလာတဲ့အကြောင်းအရာကို မိဘနှင့်ပြန်လည်ဝေမျှစေရပါမယ်။
(၂) စာရေးခြင်း
အကြောင်းအရာတစ်ခုအပေါ်မူတည်၍ ကလေးရဲ့ စိတ်ကူးဖြင့် စာရေးခြင်းအလေ့အကျင့်ကိုလုပ်ပေးနိုင်ပါတယ်။ စာဖတ် ခြင်းနဲ့စာရေးခြင်းကိုတွဲလုပ်ပေးနိုင်ပါတယ်။
(၃) အချိန်ဇယားဆွဲစေခြင်း
တစ်နေ့တာအချိန်ဇယားကိုဆွဲတတ်ဖို့နှင့် အချိန်ဇယားကို လိုက်နာတတ်ဖို့ သင်ပေးနိုင်ပါတယ်။
(၄) ရွေးချယ်ခွင့်ပေးခြင်း
အရွယ်ရောက်လာတာနဲ့အမျှ ကောင်းသော ရွေးချယ်စရာများဖြင့် ကြီးပြင်းပါစေ။
(၅) ကလေးရဲ့စကားသံကိုနားထောင်ပေးခြင်း
မိဘအနေနဲ့ ဖြစ်စေချင်တဲ့အရာတွေများလာတဲ့အခါ ကလေးဟာ ကြာရင်မွန်းကြပ်လာနိုင်ပါတယ်။ ဒီလိုတော့လုပ်စေချင်တယ် လုပ်ပေးနိုင်မလား။ မလုပ်ပေးနိုင်ရင် ဘာကြောင့်လဲ။ စတဲ့ ကလေးရဲ့အသံကိုနားထောင်ပေးပါ။
(၆) လုပ်ဆောင်မှုအပေါ်အကဲဖြတ်ပေးခြင်း
ဘယ်အရွယ်ရောက်လာပါစေ လူတိုင်းမိမိကို အကောင်းမြင်ချီးကျူးတာကို မြင်ချင်ကြားချင်ကြပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ လုပ်ဆောင်မှုက နည်းနည်းလေးတိုးတက်လာရင်တောင် အကဲဖြတ်ချီးကျူးပေးပါ။
(၇) ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်စေခြင်း
အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်လက်လှုပ်ရှားမှု နည်းလာတတ်လို့ ကိုယ်လက်လှုပ်ရှား ဆော့ကစားဖို့အချိန်တစ်ခုခု ဖန်တီးပေးပါ။
(၈)အခြားအရာများအားသင်ယူလေ့လာစေခြင်း
KG G12346 ကဲ့သို့ လေ့လာစရာများကို မိဘတတ်ကကျွမ်းသလောက်သင်ပေးနိုင်ပါတယ်။
(၉) ဖတ်စာအုပ်ဖြင့်လေ့လာခြင်း
ဖတ်စာအုပ်နဲ့လေ့လာမယ်ဆိုရင်တော့ ဘာသာရပ် ၆/၇ ခု လေ့လာရပါမယ်။ မြန်မာစာအတွက် ကဗျာ ခက်ဆစ်များကို ကြိုကျက်မှတ်စေနိုင်ပါတယ်။ စာပိုဒ်များကို ဖတ်စေပြီး မှတ်မိသလောက်ပြန်ဝေမျှခိုင်းနိုင်ပါတယ်။ အင်္ဂလိပ်စာအတွက် စနစ်ဟောင်းနည်းအတိုင်း မီးနင်းစာအုပ်ဝယ်ပေးပြီး ဝေါဟာရများ(Vocabulary) ၊ စကားလုံးပုံစံကွဲများ ( Word Form) ၊ ကြိယာပုံစံကွဲများ ( Verb Form) များ ကို ကြိုကျက်ခိုင်းပြီး ချရေးတတ်တဲ့အလေ့အကျင့်လုပ်ပေးနိုင်ပါတယ်။ ထိုစကားလုံးများကျက်မှတ်လေ့လာပြီးတဲ့အခါ သက်ဆိုင်ရာခေါင်းစဉ်ရဲ့ စာပိုဒ်ကိုကလေးနားလည်သလောက်ဖတ်ခိုင်း နိုင်ပါတယ်။
G8 သချာၤ(၁) (၂) ရဲ့ခေါင်းစဉ်အကြောင်းအရာများသည် G7 စနစ်ဟောင်း ဆဌမတန်းမှသချာၤနှင့် အများအားဖြင့်ဆ က်စပ်တတ်လို့ ကလေးမှတ်မိသလောက်လေ့လာကြည့်နိုင်ပါတယ်။ သိပ္ပံ၊ ပထဝီ၊ သမိုင်း စာများကို ဖတ်ခိုင်းပြီး နားလည် သလိုပြန်လည်ဝေမျှခိုင်းနိုင်ပါတယ်။ ခက်တဲ့စာလုံးပေါင်းများကို ချရေးခိုင်းနိုင်ပါတယ်။
G 8 က စနစ်ဟောင်းဖြစ်တာကြောင့် ဖတ်စာအုပ်လင့်ခ်တော့မရှိပါဘူး။
KG ကနေ G 7 အထိ Link တွေကို အောက်ပါ Link မှာဝင်ကြည့်နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=559929708313445&id=100028892617574

Source .. Ministry of Education Myanmar and Hanni Linn Facebook