ကလေးများအိမ်မှာနေရင်းစာသင်ယူနိုင်သည့် KG တန်းမှ Grade 11 အထိ သင်ရိုးများအကြောင်း (၁၁)

ကျောင်းမသွားတဲ့ ကလေးများမိမိအိမ်မှာနေရင်းစာသင်ယူလို့ရနိုင်ရန်အတွက် KG တန်းကနေ Great 11 အထိ သင်ရိုး Link တွေ ထုတ်ပြန်ထားပါရှိပါတယ်။ အခုသင်ရိုးကတော့ Grade ၁၁ တန်းတွေအတွက် ဖော်ပြပေးထားတဲ့ သင်ရိုးဖြစ်ပါတယ်။ သင်ကြား ရေးလမ်းညွှန်ဆရာ၊ ဆရာမတွေအတွက်လည်း အကျိုးရှိစေမှာ အမှန်ပါပဲ။
အခြေခံပညာ G11တက်ရောက်ရမယ့်ကလေးတွေဟာ တိုင်းအဆင့်စာမေးပွဲဖြေဆိုဖို့ရှိတာကြောင့် မိဘတွေအနေနဲ့ အောက်ပါတို့ကိုလုပ်ပေးနိုင်ပါတယ်။ G11 မှာ ကလေးများယူနိုင်တဲ့အတွဲများ ခွဲထားလို့ ခြုံပြီး လမ်းညွှန်ပေးလိုက်ပါတယ်။ မြန်မာစာအနေနဲ့ ကဗျာ ၊ စကားပြေ ၊ ရေသည် မှာပါတဲ့ခက်ဆစ်များအကုန်ကျက်ခိုင်းပြီး ချရေးစေနိုင်ပါတယ်။
(အချိန်ရှိနေခိုက် ရွေးမကျက်စေချင်ပါ) နေ့စဉ်ပုံမှန်ပြန်နွှေးစေရပါမယ်။ ကဗျာမှာပါတဲ့ ကဗျာတွေကိုလည်းကျက်ပြီးချရေးပါ။ သဒ္ဒါမှာပါတဲ့ စာ ၈ စာကိုလည်း ရအောင်ကျက်စေပြီး စာလုံးပေါင်းအဆင်ပြေအောင် ချရေးစေနိုင်ပါတယ်။ ကဗျာ ၊ စကားပြေ များကို ဖတ်ကြည့်စေချင်ပါတယ်။

Photo Source https://www.facebook.com/photo/?fbid=562240851415664&set=a.103848410588246

စာစီစာကုံးအတွက် နမူနာစာစီစာကုံးများကို ဖတ်ထားစေချင်ပါတယ်။ ပြီးရင် မှတ်မိသလောက်ပြန်ချရေးစေနိုင်ပါတယ်။ စာစီစာကုံးစာအုပ်များများရှိရင်ပိုကောင်းပါတယ်။ ရေးထားတဲ့ပုံစံတွေမတူတဲ့အခါ ဖတ်ရတာပိုကျယ်ပြန့်ပါတယ်။ မေးခွန်း ဟောင်းမှ မေးထားဖူးသော စာစီစာကုံးများကိုလည်း ရေးသားလေ့ကျင့်နိုင်ဖို့ မြန်မာစာမေးခွန်းဟောင်းရှိသင့်ပါတယ်။ မရှိ သေးလည်း အပေါ်ကတခြားဟာတွေလုပ်ထားလည်းရပါတယ်။ အပေါ်ကလုပ်ရမယ့်အရာတွေကို သေချာလုပ်ပေးပါနော် အရေးကြီးပါတယ်။
အင်္ဂလိပ်စာအတွက် ဖတ်စာအုပ်အနောက်မှာပါတဲ့ ကဗျာ ၇ ပုဒ် အကုန်အလွတ်ကျက်ထားနိုင်ပါတယ်။ လိုအပ်ရင် အဘိဓာန်သုံးပါ။ ကဗျာဖြစ်လို့ ဘာသာပြန်ရတာသိပ်အဆင်ပြေမှာတော့မဟုတ်ပါဘူး။ ပြီးရင် မှန်ကန်တဲ့အထိချရေးပါ။ အင်္ဂလိပ်စာရဲ့ Unit ၁၄ ခုလုံးရဲ့ ခေါင်းစဉ်လေးတွေကို ဖတ်ကြည့်ပါ။ ဖတ်ကြည့်လို့အဆင်ပြေရင် မှတ်သားပါ။ ဘယ် Unit က ဘာဆိုတာမျိုးသိထားသင့်ပါတယ်။ တခြားအရာတွေလုပ်ဖို့အဆင်မပြေလည်းရပါပြီ။ အဆင်ပြေရင် အင်္ဂလိပ်ဖတ်စာအုပ်ထဲက စာပိုဒ်တွေကို အဘိဓာန်သုံးပြီးနားလည်သလိုဖတ်ကြည့်ပါ။
သင်္ချာ နဲ့ တခြား ဘာသာရပ် တွေက ကိုယ်တိုင်လေ့လာဖို့အဆင်မပြေနိုင်လို့ မပြောတော့ပါဘူး။ မြန်မာလိုရေးထားတဲ့ တစ်ချို့ဘာသာတွေကိုတော့ ဖတ်လို့ရရင်ဖတ်ကြည့်ပေးပါ။ အိမ်မှာ မိဘနှင့်အတူလုပ်ဖို့ အပေါ်ကပြောထားသလောက်ဆို လုံလောက်ပါပြီ။ တင်ပြီးသားအတန်းတွေကို အောက်ပါလင်ခ့်တွေမှာ ဝင်ကြည့်ပေးနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=589537348686014&id=100028892617574

Source .. Ministry of Education Myanmar and Hanni Linn Facebook