မြန်မာပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာ တယ်လီနော မြန်မာ ကို M1 လုပ်ငန်းစု သို့ရောင်းချ

တယ်လီနောလုပ်ငန်းစု သည် တယ်လီနောမြန်မာကို M1 လုပ်ငန်းစုသို့ လွှဲပြောင်းရောင်းချရန် သဘောတူခဲ့ကြောင်းတယ် လီနောမြန်မာကို အကြောင်းကြားခဲ့သည်။ M1 လုပ်ငန်းစု သည် ဆက်သွယ်ရေးလုပ်ငန်းတွင် အတွေ့အကြုံများ စွာရှိသောအပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုတစ်ခု ဖြစ်သည်။
M1 လုပ်ငန်းစု သည် လုပ်ငန်းပိုင်ရှင်အသစ်အနေဖြင့် တယ်လီနောမြန်မာ၏ အစုရှယ်ယာ ၁၀၀% ကို ရယူသွားမည် ဖြစ်ပြီးတယ်လီနောမြန်မာ၏ Spectrum၊ လိုင်စင်များ၊စာချုပ်များ၊ လုပ်ငန်းစီမံအုပ်ချုပ်မှုများ၊ ဝန်ထမ်းများနှင့်း သုံးစွဲသူများ ကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ ပိုင်ဆိုင်မှုအသစ်သို့လွှဲပြောင်းခြင်းသည် သက်ဆိုင်ရာမှ ခွင့်ပြုချက်များရရှိမှုအပေါ် မူတည်သည်ဟုလည်း ထုတ်ပြန် ထားသည်။

Photo Source https://www.telenor.com/media/press-release/telenor-group-sells-telenor-myanmar-to-m1-group%e2%80%af

တယ်လီနော မြန်မာ၏ လုပ်ငန်းလည်ပတ်မှုများနှင့် န်ဆောင်မှုများသည် ဆက်လက် လည်ပတ်နေမည်ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်ချက်များနှင့်အဖွဲ့အစည်းတွင် ချက်ချင်းပြောင်းလဲခြင်းမရှိပါ။ ထုတ်ကုန်များနှင့် ဝန်ဆောင်မှု အားလုံးသည်လက်ရှိ အခြေအနေများအတိုင်းတည်ရှိနေမည်ဖြစ်ပြီးတယ်လီနောမြန်မာနှင့်ချုပ်ဆိုထားသည့်စာချုပ်များအားလုံးသည်ပကတိအတိုင်းရှိမည်ဖြစ်သည်။
အဆိုပါ ပိုင်ဆိုင်မှုအသစ်သို့လွှဲပြောင်းခြင်းသည် သက်ဆိုင်ရာမှ ခွင့်ပြုချက်များရရှိမှုအပေါ် မှုတည်ပါသည်။ ပိုင်ဆိုင်မှုလွှဲ ပြောင်ခြင်းအဆင်ပြေချောမွေ့စေနိုင်ရန်အတွက် စီမံကိန်းချဆောင်ရွက်သွားမည်ဖြစ်သည်။
အသေးစိတ်အတွက်တယ်လီနောလုပ်ငန်းစု၏ သတင်းထုတ်ပြန်ချက်ကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.telenor.com/media/press-release/telenor-group-sells-telenor-myanmar-to-m1-group%e2%80%af