ကလေးများအိမ်မှာနေရင်းစာသင်ယူနိုင်သည့် KG တန်းမှ Grade 11 အထိ သင်ရိုးများအကြောင်း (၉)

ကျောင်းမသွားတဲ့ ကလေးများမိမိအိမ်မှာနေရင်းစာသင်ယူလို့ရနိုင်ရန်အတွက် KG တန်းကနေ Great 11 အထိ သင်ရိုး Link တွေ ထုတ်ပြန်ထားပါရှိပါတယ်။ အခုသင်ရိုးကတော့ Grade ၉ တန်းတွေအတွက် ဖော်ပြပေးထားတဲ့ သင်ရိုးဖြစ်ပါတယ်။ သင်ကြား ရေးလမ်းညွှန်ဆရာ၊ ဆရာမတွေအတွက်လည်း အကျိုးရှိစေမှာ အမှန်ပါပဲ။
အခြေခံပညာ G8 ကို တက်ရောက်ရမယ့်ကလေးတွေဟာ စနစ်ဟောင်း G7 ဆဌမတန်းသင်ရိုးဟောင်းကို အောင်မြင်ပြီး စနစ်ဟောင်းပညာရေးနဲ့ တောက်လျှောက်တွေ့ခဲ့ရတဲ့ ကလေးတွေဖြစ်တာကြောင့် အောက်ပါအချက်များကို မိဘများလုပ် ပေးနိုင်ပါတယ်။
အခြေခံပညာ G9 ကို တက်ရောက်ရမယ့်ကလေးတွေဟာ စနစ်ဟောင်းပညာရေးနဲ့ တောက်လျှောက်ရင်းနှီးပြီးသားဖြစ် တာကြောင့် မိဘတွေအနေနဲ့ အောက်ပါအတိုင်းလုပ်ပေးနိုင်ပါတယ်။ G9 မှာ ခရိုင်အဆင့်စာမေးပွဲဖြေရမှာဖြစ်တာကြောင့် တခြားအချက်များကို ဖယ်ပြီး ဖတ်စာအုပ်နှင့်တိုက်ရိုက်လေ့လာဖို့ ဦးစားပေးရေးပေးလိုက်ရပါတယ်။ G9 မှာ ဘာသာရပ် ၆/၇ ဘာသာလေ့လာရမှာဖြစ်ပါတယ်။
မြန်မာစာအတွက် စာစီစာကုံးစာအုပ်များဖတ်စေပြီး မှတ်မိသလောက်ပြန်ရေးကြည့်စေနိုင်ပါတယ်။ စာစစ်ဌာနကထုတ် တဲ့မေးခွန်းဟောင်းစာအုပ်မှ စာစီစာကုံးခေါင်းစဉ်တွေကိုပါ တွဲဖက်လေ့လာစေနိုင်ပါတယ်။ ဖတ်စာအုပ်ထဲမှ ကဗျာ ခက်ဆစ် များ ကျက်မှတ်ပြီး ချရေးသင့်ပါတယ်။
ဝေါဟာရများ ( vocabulary) ၊ Word Form ( စကားလုံးပုံစံ ) ၊ Verb Form ( ကြိယာပုံစံများ ) ကို ကျက်မှတ်ပြီး ချရေးသင့်ပါတယ်။ တစ်ခန်းစီအတွက် ကျက်ပြီးတိုင်း စာပိုဒ်များကို ကလေးနား လည်သလိုကိုယ်တိုင်ဖတ်ကြည့်စေပြီး ပြန်မျှဝေခိုင်းနိုင်ပါတယ်။

Photo Source https://www.facebook.com/story.php?story_fbid=561124131527336&id=100028892617574

သချာၤ (၁)(၂) အတွက် အဆင်ပြေသလောက်ပဲ သင်ကြားပေးနိုင်ပါတယ် ။ လိုအပ်လျှင် သချာၤအထူးထုတ်များ သုံးနိုင်ပါ တယ်။ အထူးထုတ်မှာလည်း မှားနေတဲ့နေရာတွေရှိနိုင်လို့ သတိပြုပါ။ သိပ္ပံ ၊ ပထဝီ ၊ သမိုင်းကို စာစစ်ဌာနမှ မေးခွန်းဟောင်းများတွင် အမှတ်ပေးစည်းမျဉ်းအဖြေထည့်ပေးထားတာကို ကြည့်ပြီး ကျက်သင့်သည်ကို ကျက် ထားပေးနိုင် ပါတယ်။ ခက်တဲ့ စာလုံးပေါင်းများကို ချရေးခိုင်းနိုင်ပါတယ်။
သင်ရိုးဟောင်းဖြစ်တဲ့အတွက် ဖတ်စာအုပ်လင့်ခ်တွေတော့မရှိပါဘူး။ ဖတ်စာအုပ်နဲ့ မြန်မာနိုင်ငံစာစစ်ဌာနကထုတ်တဲ့ မေးခွန်းဟောင်း ရသလောက်ဝယ်ပြီးလေ့ကျင့်နိုင်ပါတယ်။ ကျက်စာတွေဟာမေ့တတ်လို့ နေ့စဉ်ပုံမှန်ပြန်နွှေးပေးဖို့ လိုပါမယ် ။ စနစ်ဟောင်းဖြစ်လို့ စနစ်ဟောင်းအတိုင်းပဲလမ်းညွှန်ပေးထားပါတယ်။
KG G1234678 ကို အောက်ပါ Link တွေမှာ ဝင်ဖတ်ကြည့်နိုင်ပါတယ်။
KG
https://www.facebook.com/100028892617574/posts/556261515346931/
G1
https://m.facebook.com/story.php?story_fbid=556770145296068&id=100028892617574
G2
https://m.facebook.com/story.php?story_fbid=557369978569418&id=100028892617574
G3
https://m.facebook.com/story.php?story_fbid=557897668516649&id=100028892617574
G4
https://m.facebook.com/story.php?story_fbid=558494431790306&id=100028892617574
G6
https://m.facebook.com/story.php?story_fbid=559168138389602&id=100028892617574
G7 (သတ္တမတန်းသင်ရိုးသစ်)
https://m.facebook.com/story.php?story_fbid=559898461649903&id=100028892617574
G8 ( သတ္တမတန်းသင်ရိုးဟောင်း )
https://m.facebook.com/story.php?story_fbid=560530091586740&id=100028892617574

Source .. Ministry of Education Myanmar and Hanni Linn Facebook