MAB Bank Credit Card ကို အလွယ်တကူငွေဖြည့်သွင်းနိုင်သော နည်းလမ်းများ

MAB ၏ Credit Card အသုံးပြုခြင်းအတွက် ငွေပြန်လည်ပေးသွင်းခြင်းကို MAB Mobile Banking/ MAB iBanking မှလည်းကောင်း၊ ကြိုတင်စာရင်းပေးသွင်းရန်မလိုပဲ နီးစပ်ရာ ဘဏ်ခွဲများ မှလည်းကောင်း ပေးသွင်းနိုင်နေပြီဖြစ်သည်။ MAB Mobile မှတစ်ဆင့် Credit Card Repayment ပြုလုပ်နည်း အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) MAB Mobile Application ထဲသို့ Login ဝင်ပေးပါ။
(၂) Three Bar ကိုနှိပ်ပြီး Cradit Card Payment ကိုရွေးပါ။
(၃) မိမိကတ်အတွင်းငွေပေးသွင်းရန် My Cards ကိုရွေးချယ်ပါ။(သို့) အခြားသူ၏ ကတ်အတွင်း ငွေပေးသွင်းရန် Other Cards ကိုရွေးချယ်ပါ။
(၄) ကိုင်ဆောင်သူအမည်နှင့် ကတ် (visa/master card) နံပါတ်ကို ဖြည့်စွတ်ပါ။ ထို့နောက် ပေးသွင်းမည့် ငွေပမာဏကို ထည့်ပါ။
(၅) ဖော်ပြထားသောအချက်အလက်ကို မှန်မမှန်စစ်ဆေးပြီး OTP Code ကို ရိုက်ထည့်ပေးပါ။ ပြီးရင် Continue ကိုနိုပ်ပါ။
(၆) Successful ဖြစ်ပါက Visa/ Mastercard Credit Card အတွက် ငွေပြန်လည်ပေးသွင်းခြင်း အောင်မြင်စွာပြီးဆုံးပြီဖြစ်ပါ တယ်။

Photo Source https://www.facebook.com/MABBankMyanmar

အောက်ပါ Link တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://bit.ly/2BBpwbs
Play store မှာ MAB ရဲ့ Visa Prepaid နဲ့ Credit Card ကို Register လုပ်ပီး လိုအပ်တာတွေကို အလွယ်တကူ ဝယ်ယူလုပ်ဆောင်နိုင်နေပြီလည်ဖြစ်ပါတယ်။
အသေးစိတ်ကို ဒီဗီဒီယိုလေး မှာ Step by Step ဖော်ပြပေးထားပါတယ်။
https://youtu.be/ziFLdX78VV0
မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)၏ ဖွင့်လှစ်ဝန်ဆောင်မှုပေးလျက်ရှိသော ဘဏ်ခွဲများစာရင်းနှင့် ဘဏ်ခွဲအလိုက်ရရှိနိုင်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.mabbank.com/branches-opening/