NUG မှ ကြားကာလပညာရေးအစီအစဉ်အနေဖြင့် Software Development သင်တန်းအပါအဝင် အခြားသင်တန်းများဖွင့်လှစ်

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေး အတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး( Short Course) အစီအစဉ်ဖြင့်သင်တန်းများဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ ကျောင်းသားများကို ပညာဆက် လက်သင်ယူခွင့်ရရန် သက်ဆိုင်ရာပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ စီစဉ်ထားခြင်းဖြစ်သည်။

Photo Source https://web.facebook.com/yuecohlaingcampus/

ကျောင်းသူကျောင်းသား၊ လူငယ်များနှင့် စိတ်ဝင်စားသည့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နေသည့် ပြည်သူ့ဝန်ထမ်း သူရဲကောင်းများ မျက်မှောက်ခေတ် အသိပညာ၊ အတတ်ပညာများ မျက်ခြေမပြတ်စေရန် သက်ဆိုင်ရာပညာရှင်များနှင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်လျှက်ရှိသည်။ ဖွင့်လှစ်မည့်သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) Software Development: An Introduction to Agile Framework and Methodologies (ကွန်ပျူတာ ဆော့(ဖ်)ဝဲ(ရ်) များ ဖန်တီးရေးသားခြင်း)
အဂျိုင်း(လ်) နည်းလမ်း နှင့် လုပ်ဆောင်နည်း များ မိတ်ဆက် သင်တန်းအား ကွန်ပျူတာ ပရိုဂရမ် ဖန်တီးရေးဆွဲခြင်းကို သင်ယူနေသော ကွန်ပျူတာ တက္ကသိုလ်နှင့် ကောလိပ်များမှ ကျောင်းသားများ၊ ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲဘူးသည့် အတွေ့အကြုံရှိသူများ၊ ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲရန် ကြိုးစားနေသော သို့မဟုတ် သင်တန်းတက် နေသူများ အတွက် စီစဉ်ထားသည်။
(၂) Design & Implementation of Gravity Flow Water Supply System for Small Communities
ချောင်းရေနှင့် စိမ့်စမ်းရေ ပေါများသော တောင်ပေါ်ဒေသ ကျေးရွာများတွင် ရေသွယ်ယူရန် လေ့လာ၊ တွက်ချက်၊ အကောင်အထည်ဖေါ်၊ ထိန်းသိမ်းခြင်း သင်တန်းကို ကိုယ့်ဒေသမှာ ကိုယ်တိုင် ဦးစီးပြီး၊ ဒါမှမဟုတ် ကျေးရွာလူထုတွေအတွက် ရေပေးဝေရေး ကိစ္စတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကတဆင့် ရေသွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လိုသူများ၊ ဖော်ပြပါ လုပ်ငန်းခွင်များတွင် ဝင်ရောက်ရန် ပြင်ဆင်နေသော တက္ကသိုလ် (အထူးသဖြင့်နောက်ဆုံးနှစ်) တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အတွက် စီစဉ်နေထားသည်။
(၃) Personal Development Training (ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ခြင်း)
သင်တန်းကို လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်ခြင်းဖြစ်၍ တတိယနှစ်၊ နောက်ဆုံးနှစ်ကျောင်းသားများအတွက် စီစဉ်နေထားသည်။

Photo Source https://web.facebook.com/yuecohlaingcampus/

(၄) Basic Graphic Design
-အခြေခံဂရပ်ဖစ်ဒီဇိုင်းများရေးဆွဲခြင်း သင်တန်း ကို ကွန်ပြူတာ အခြေခံတတ်မြောက်ပြီး Graphic Design ကို စိတ်ဝင်စားသည့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နေသည့် ပြည်သူ့ဝန်ထမ်းသူရဲကောင်းများ အတွက် ရည်ရွယ်၍ စီစဉ်နေထားသည်။
အဆိုပါသင်တန်းများကို Unity School by Unity Corner Team နှင့်ပူးပေါင်းကာ ဦးစွာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်သည်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အတွက်စာရင်းပေးသွင်းရမည့် Link မှာ အောက်ပါအတိုင်းဖြစ်သည်။
https://docs.google.com/…/1FAIpQLSecbno4qeREWX…/viewform
CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နေသည့် ပြည်သူ့ဝန်ထမ်းသူရဲကောင်းများ အတွက်စာရင်းပေးသွင်းရမည့် Link မှာ အောက်ပါအတိုင်းဖြစ်သည်။
https://docs.google.com/…/1FAIpQLSe8kRLXj9RWqP…/viewform