၂၀၂၂ ဒီဇင်ဘာလမှာ စတင်ထွက်ရှိတော့မယ့် Tesla ရဲ့ Pi Mobile

လျှပ်စစ်ကား၊ အိမ်တွေမှာ ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းအင်ထုတ်လုပ်ဖန်တီးပြီး ကားနဲ့ အာကာသ လုပ်ငန်း နယ်ပယ်မှာ အောင်မြင်နေတဲ့ Tesla ကုမ္ပဏီဟာ စမတ်ဖုန်းလောကကိုလည်း ဝင်ရောက် လာနေပြီ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်တွေအရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ Tesla ရဲ့ ပထမဆုံးစမတ်ဖုန်း Pi Mobile ကို ရောင်းချ ပေးတော့မယ်လို့ သိရပါတယ်။

ထွက်ရှိထားတဲ့ ကောလဟာလတွေအရ Pi ဖုန်းဟာ မျက်နှာပြင် ၆.၆၇ လက်မ OLED Panel ကို အသုံးပြု ပေးထားပြီး Screen Resolution အနေနဲ့ 1284 x 2778 pixel ရှိမယ်လို့သိရပါတယ်။ ကင်မရာပိုင်းအနေနဲ့ ဖုန်းရဲ့ အနောက်ဘက်မှာ 108MP + 32MP + 16MP + 5MP ကင်မရာနဲ့ 200x Space Zoom လုပ်ဆောင်ချက်ကို ထည့်သွင်း ပေးထားပါတယ်။ ကင်မရာပိုင်းလုပ်ဆောင်ချက်တွေအနေနဲ့ Dual-pixel PDAF, Dual-LED dual-tone flash, HDR (photo/panorama), ProRes, Cinematic mode, stereo sound လုပ်ဆောင်ချက်တွေ ပါဝင်မယ်လို့ သိရပါတယ်။ Selfie ကင်မရာအတွက်လည်း 64MP ကင်မရာကို ထည့်သွင်း အသုံးပြုပေးထား ပါတယ်။   

စမတ်ဖုန်းရဲ့ Performance ပိုင်းနဲ့ပက်သက်ပြီး Tesla Pi Phone အတွက် Tesla ကိုယ်တိုင်ဒီဇိုင်းထုတ်လုပ်ထားတဲ့ Tesla Processor ကိုအသုံးပြုပေးထားပါတယ်။ Tesla ရဲ့ဒီဇိုင်းထုတ်ဖန်တီးထားတဲ့ ကားအစိတ်အပိုင်း တွေကို လည်း ကုမ္ပဏီရဲ့ ပုံရိပ်တွေပိုပေါ်စေဖို့အတွက် Pi မှာလည်း ထည့်သွင်းအသုံးပြုထားတာကို တွေ့ရမှာဖြစ်ပါတယ်။

ဘတ္ထရီအတွက် 5000mAh ဘတ္ထရီကိုထည့်သွင်းအသုံးပြုပေးထားမယ့်အပြင် dimension 156.8 x 72.1 x 7.6 အသီးသီးရှိမှာ ဖြစ်ပါတယ်။ အလေးချိန်အနေနဲ့ ၂၀၂ ဂရမ်ရှိမယ်လို့လဲ သိရပါတယ်။ Operating System အနေနဲ့ Tesla OS, UI အတွက် Realme UI ကိုအသုံးပြုပေးထားပါတယ်။ Nano အရွယ်အစားရှိတဲ့ Dual SIM အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Storage ပိုင်းမှာ RAM 6/12 GB နဲ့ 128/256/512 GB ရှိတဲ့ Internal Storage ပါဝင်မှာ ဖြစ်သလို 1TB အထိလည်းထပ်တိုးအသုံးပြုနိုင်မယ်လို့ သိရပါတယ်။ 

Tesla Pi Phone ကို Mocha Brown, Black, Polished Blue, Pink Gold အရောင်လေးရောင်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ခန့်မှန်းချေသိရှိထားရဲ့ ရက်စွဲအရ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စတင်ဝယ်ယူအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် Tesla ရဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်တဲ့အတွက် SpaceX ကထောက်ပံ့ပေးထားတဲ့ ဂြိုလ်တုအသုံးပြု broadband ဝန်ဆောင်မှု Starlink နဲ့လည်းအသုံးပြုနိုင်မှာပါ။ ဒီဝန်ဆောင်မှုဟာ ၂၀၂၂ ဇူလိုင်လကစပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃၆ နိုင်ငံမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ထွက်ရှိထားတဲ့ rumor တွေအရ အသစ်ထွက်ရှိလာမယ့်စမတ်ဖုန်းဟာ ကားလုပ်ဆောင်ချက်တွေနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်ပြီး Tesla ကားအသုံးပြုသူတွေလည်း ပိုများလာနိုင်ကြောင်း ဆိုထားကြပါသေးတယ်။