စက်တင်ဘာလ ၂၆ ရက်နေ့မှာထွက်ရှိလာမယ့် Windows 11 Update နဲ့ Copilot AI

နည်းပညာကုမ္ပဏီကြီးတွေရဲ့ AI နည်းပညာကို တစ်ယောက်နဲ့တစ်ယောက် ဘယ်သူပိုသာတယ်ဆိုတာကို ပြိုင်ဆိုင်နေကြရင်း Microsoft အနေနဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ Windows 11 Update နဲ့အတူ Copilot AI ကိုထည့်သွင်းပေးလာမယ်လို့ ကြေငြာခဲ့ပါတယ်။

Update နဲ့အတူ Feature တော်တော်များများလည်းပြောင်းလဲသွားမယ့်အပြင် အသုံးပြုသူတွေအတွက် အသုံးပြုရအဆင်ပြေစေမယ့် လုပ်ဆောက်ချက် တွေလည်း အများကြီး ပါဝင်လာမယ်လို့သိရပါတယ်။ Copilot AI ဟာလည်း Edge Browser မှာပါဝင်လာမယ့် Toolset တစ်ခုဖြစ်ပါတယ်။ လတ်တစ်လော မှာတော့ AI ကို နေရာတိုင်းအသုံးပြုနိုင်ဦးမှာ မဟုတ်ဘဲ Windows ထဲမှာ ထည့်သွင်းပေးထားတဲ့အတွက် တစ်ချို့ကိစ္စတွေအတွက်ပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Powerpoint အသုံးပြုတာ ကစလို့ Teams နဲ့ တခြား Software အသုံးပြုတာတွေ အတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ သိရပါတယ်။ Copilot ပါဝင်လာတဲအတွက် ကွန်ပြူတာမှာပါဝင်တဲ့ Paint, Photos, Snipping Tool, Clipchamp, Notepad, Outlook for Windows နဲ့ File Explorer တွေကို ပိုပြီးအဆင့်မြင့်မြင့် အသုံးပြုနိုင်မှာပါ။

Copilot ကို Windows 11 Free Update ကတစ်ဆင့် Bing, Edge နဲ့ Microsoft 365 တွေမှာ ထည့်သွင်းပေးလာမှာ ဖြစ်ပါတယ်။ အခု Update မှာ Feature ပေါင်းများစွာပါဝင်လာမယ့်အပြင် Ai ကိုလည်း နေရာတော်တော်များများမှာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ Microsoft ကကြေငြာခဲ့တဲ့ Event မှာ Copilot AI ကိုအသုံးပြုတဲ့ Demo video ကိုချပြခဲ့ပါသေးတယ်။ ဒီဗီဒီယိုအရတော့ အသုံးပြုသူတွေဟာ Ai ကိုအသုံးပြုပြီး Desktop Windows, Spotify Playlist န့ Photo Background ဖယ်ရှားတာတွေကို Command အသုံးပြုပြီး အသုံးပြုနိုင်မယ်လို့ တွေ့ခဲ့ရပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ Update ရတဲ့အချိန်မှာလည်း ကွန်ပြူတာမှာ သတိပေးသွားမယ်လို့ သိရပါသေးတယ်။ Windows 11 ကို ပထမဆုံးအကြိမ်အဖြစ် AI ပါဝင်လာတာဖြစ်တဲအတွက် Feature အသစ်ပေါင်း ၁၅၀ ကျော်ပါဝင်မှာဖြစ်သလို Windows 11 စပေါ်တဲ့အချိန်ကနေ အခုထိ အကြီးမားဆုံး Update တစ်ခုဖြစ်မှာပါ။