ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် The Game Awards 2022

Video Game နယ်ပယ်က အကြောင်းအရာအမျိုးမျိုးကို Cagetory မျိုးစုံနဲ့ ဆုချီးမြင့်ပေးတဲ့ အခမ်းအနား The Game Awards ဟာ ၂၀၂၂ ခုနှစ်အတွက် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မယ်လို့ သိရပါတယ်။ ထွက်ရှိခဲ့တဲ့ဂိမ်းတွေရဲ့ Game of the Year, Best Game Direction, Best Narrative စတဲ့ Category ပေါင်း ၃၀ ကျော်ကို ဆုချီးမြှင့်ပေးသွားမယ့်အပြင် အသစ်ထွက်ရှိလာမယ့် ဂိမ်းတွေကိုလည်း Announce ပြုလုပ်ပေးနေတဲ့ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

The Game Awards 2022 မှာ ဆုချီးမြင့်မယ့် ဆုတွေအတွက် ဇကာတင်ရွေးချယ်ခံထားရတဲ့ ဂိမ်းတွေနဲ့ နာမည်စာရင်းလည်း ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဂိမ်းချစ်သူတွေနဲ့ ကိုယ်တိုင်ကိုယ်ကျလည်း Voting ပေးသွားနိုင်ဦးမှာ ဖြစ်ပါတယ်။ 

Photo Source www.thegameawards.com

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် The Game Awards 2022 မှာ Game of the Year, Best Game Direction, Best Narrative, Best Art Direction, Best Score And Music, Best Audio Design, Best Performance, Games For Impact, Best Ongoing, Best Indie, Best Mobile Game, Best Community Support, Innovative In Accessibility, Best VR/AR, Best Action Game, Best Action/Adventure, Best Role Playing, Best Fighting, Best Family, Best SIM/Strategy, Best Sports, Racing, Best Multiplayer, Content Creator of the Year, Best Debut Indie, Best Adaption, Most Anticipated Game, Best Esports Game, Best Esports Athlete, Best Esports Team, Best Esports Coach, Best Esports Event စတဲ့ Category စုစုပေါင်း ၃၁ ခုမှာ ဂိမ်းတွေကို ရွေးချယ်ဆုချီးမြင့်သွားမှာ ဖြစ်ပါတယ်။

ဆုတစ်ခုချင်းစီအလိုက် ဂိမ်းအမျိုးအစားတွေကို ကြည့်ချင်တာ၊ ကိုယ်တိုင် Voting ပေးချင်သူတွေအနေနဲ့ https://www.thegameawards.com/nominees မှာဝင်ရောက် Voting ပေးနိုင်ပြီ ဖြစ်ပါတယ်။

The Game Awards 2022 event ကို Social Media နဲ့ Gaming Platform တွေကတစ်ဆင့် တိုက်ရိုက် Live ထုတ်လွှင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။ Event နဲ့ပက်သက်ပြီး အသေးစိတ်အချက်အလက်တွေအတွက် https://www.thegameawards.com/ မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။