Grab Myanmar နှင့် WizAct 24 ပိုးသတ်ဆေးတို့ ပူးပေါင်းပြီး ခရီးသည်များအတွက် အငှားယာဉ်များကို နေ့စဉ် ပိုးသတ်သန့်စင်နိုင်စေရေး ပံ့ပိုးကူညီမည်
Grab နှင့်အတူ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ကူးစက်မှုတို့မှ တစ်နေ့တာလုံး ကာကွယ်ပေးနိုင်သော အဆင့်မြင့် ပိုးသတ်ဆေးအမှတ်တံဆိပ်ဖြစ်သည့် WizAct 24 တို့အတူ ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ အငှားယာဉ်များကို နေ့စဉ် ပိုးသတ်သန့်စင်နိုင်ရန် ကူညီပေးသွားမည့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို စတင်လိုက်ပြီ ဖြစ်သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ပေးပြီး ရောဂါအန္တရာယ် ကျရောက်နိုင်ခြေ နည်းနိုင်သမျှ နည်းစေရန် အပါအဝင် GrabProtect အငှားယာဉ် ခရီးသည်များအတွက် ပိုမို စိတ်ချရသော ဘေးကင်း လုံခြုံသည့် ခရီးစဉ်များကို ပေးအပ်နိုင်ရန် ရည်ရွယ်ထားပါသည်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အတွင်း ရန်ကုန်မြို့ရှိ GrabProtect ဝန်ဆောင်မှု ပေးအပ်နေသော Grab မိတ်ဖက်ယာဉ်မောင်း အယောက် (၁,၀၀၀) အား WizAct 24 ပိုးသတ်သန့်စင်ဖြန်းဆေး 450ml နှစ်ဘူးစီ အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ မျက်နှာပြင်ပိုးသတ်ဆေးမှာ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကို ၉၉.၉ ရာခိုင်နှုန်းအထိ သေစေနိုင်ပြီး မကြာခဏ ထိတွေ့မှုများအား ၂၄ နာရီကြာ ဆက်လက် ပိုးသတ်ကာ ကွယ်ပေး နိုင်သောကြောင့် မိတ်ဖက်ယာဉ်မောင်းများ၏ကားကို နေ့စဉ် ပိုးသတ်သန့်စင်ရာတွင် ထည့်သွင်းအသုံးပြုသွားမည် ဖြစ်ပါသည်။ Grab မိတ်ဖက်ယာဉ်မောင်းကိုလည်း အငှားယာဉ်အတွင်း ပိုးသတ်သန့်စင်စေရန်အတွက် မကြာခဏ ထိတွေ့မှုများရှိသည့် မျက်နှာပြင်များအကြောင်း ရှင်းပြပေးမည် ဖြစ်ပါသည်။ အဆိုပါ မျက်နှာပြင်များတွင် စတီယာရင်ဘီး၊ ဂီယာလက်ကိုင်၊ တံခါးလက်ကိုင်၊ ထိုင်ခုံခါးပတ်ခေါင်းနှင့် တံခါးထိန်းချုပ်သည့်ခလုတ်များ ပါဝင်သည်။
Photo Source https://www.facebook.com/GrabMM/
၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် စတင်မိတ်ဆက်ခဲ့သော GrabProtect ဝန်ဆောင်မှုသည် Grab app အတွင်း ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ထပ်ဆောင်း လုပ်ဆောင်ချက်များပါဝင်သည့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ခရီးသည်များမှာ သင်ကြားလေ့ကျင့်ထားသော အကောင်းဆုံး အဆင့်သတ်မှတ်ချက် ပြည့်မီသည့် ယာဉ်မောင်းများနှင့်အတူ ဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချနိုင်ရန် ယာဉ်မောင်းနှင့် နောက်ခုံရှိ ခရီးသည်အကြား ပလတ်စတစ်အကာတစ်ခု ပါရှိသော အငှားယာဉ်ဖြင့် စီးနင်းသွားလာနိုင်မည် ဖြစ်သည်။ GrabProtect မိတ်ဖက်ယာဉ်မောင်းများမှာ ကျန်းမာရေးဆေးစစ်ချက်၊ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ထားရခြင်း၊ ကိုဗစ်-၁၉ ပျံ့နှံ့မှုကို လျှော့ချနိုင်ရန် ကားကိုနေ့စဉ် ပိုးသတ်သန့်စင်ရခြင်း စသည့် အဆင့် (၆) ဆင့်ပါဝင်သော သန့်ရှင်းမှုစံချိန်စံနှုန်းကို လိုက်နာရမည်ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သော အစီအစဉ်တစ်ခုအရ GrabProtect မိတ်ဖက်ယာဉ်မောင်း၏ ရှေ့ထိုင်ခုံနောက်ဘက်တွင် စတစ်ကာများ ကပ်ပေးထားမည် ဖြစ်ပါသည်။ ထို့အပြင် GrabProtect ကားများကို မည်သို့ ပိုးသတ်သန့်စင်ထားကြောင်း ရိုက်ကူးထားသည့် ပညာပေး ဗီဒီယိုတစ်ခုကိုလည်း Grab အငှားယာဉ် အစီး (၁၀၀) ရှိ GrabAds နေရာများ အပါအဝင် Grab Myanmar နှင့် WizAct 24 တို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ပြသသွားမည်ဖြစ်ပါသည်။ ယခု ပူးပေါင်းဆောင်ရွက်မှုအကြောင်း အသေးစိတ် အချက်အလက်များကို Grab အက်ပလီကေးရှင်းနှင့် Grab ဝက်ဘ်ဆိုက်ပေါ်တွင်လည်း မျှဝေပေးမည် ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သော အစီအစဉ်တစ်ခုအရ GrabProtect မိတ်ဖက်ယာဉ်မောင်း၏ ရှေ့ထိုင်ခုံ နောက်ဘက်တွင် စတစ်ကာများ ကပ်ပေးထားမည် ဖြစ်ပါသည်။ ထို့အပြင် GrabProtect ကားများကို မည်သို့ ပိုးသတ်သန့်စင်ထားကြောင်း ရိုက်ကူးထားသည့် ပညာပေး ဗီဒီယိုတစ်ခုကိုလည်း Grab အငှားယာဉ် အစီး (၁၀၀) ရှိ GrabAds နေရာများ အပါအဝင် Grab Myanmar နှင့် WizAct 24 တို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ပြသသွား မည်ဖြစ်သည်။ ယခု ပူးပေါင်းဆောင်ရွက်မှုအကြောင်း အသေးစိတ် အချက်အလက်များကို Grab အက်ပလီကေးရှင်းနှင့် Grab ဝက်ဘ်ဆိုက်ပေါ်တွင်လည်း မျှဝေပေးမည် ဖြစ်သည်။
Photo Source https://www.facebook.com/GrabMM/
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဖော်ပြချက်အရ ကျန်းမာရေးစောင့်ရှောက်မှုပေးသော နေရာမဟုတ်သည့် နေရာများဖြစ်သော အိမ်၊ ရုံး၊ စာသင်ကျောင်း၊ အားကစားရုံ၊ အများပြည်သူသုံး အဆောက်အဦးများ၊ ဘာသာရေးစင်တာများ၊ ဈေးများ၊ သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေး အချက်အချာကျသော နေရာများ၊ စားသောက်ဆိုင်များတွင် ပုံမှန် ပိုးသတ်သန့်စင်ပေးသော အလေ့အထသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကပ်ငြိပြီး အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချပေးသောနေရာတွင် အရေးကြီးသော အလေ့အထတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။
WizAct 24 သည် Actiguard ၏ နည်းပညာဖြစ်သော Actizone အသုံးပြုပြီး ပိုးသတ်သည့် ကိုယ်ပိုင်နည်းစနစ်တစ်ခုကို အသုံးပြုထားသော ကမ္ဘာ့ပထမဦးဆုံး ပိုးသတ်ဆေး ဖြစ်သည်။ Actiguard နည်းပညာဆိုသည်မှာ US EPA RSS24 နဲ့ UK BSI PAS2424 တို့၏ ပိုးသတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေအရ ပိုးသတ်ဆေး စံချိန်စံနှုန်းများနှင့် ပြည့်မီမှုရှိပြီး ဘက်တီးရီးယားပိုးမွှားများကို (၂၄) နာရီကြာ နှိမ်နင်းပေးနိုင်သော နည်းပညာတစ်မျိုး ဖြစ်သည်။
လက်ရှိတွင် WizAct 24 ပိုးသတ်သန့်စင်ဖြန်းဆေးကို 450ml ဖြန်းဆေးဘူးကြီးနှင့် သုံးရလွယ်ကူသော 18ml အိတ်ဆောင်ပိုးသတ်ဆေးနှင့် ၁၀ ခုပါ ပိုးသတ်ပုဝါအထုပ်လေးများကို ဝယ်ယူနိုင်ပါသည်။ WizAct 24 ကို ကုန်တိုက် ကြီးများနှင့် နီးစပ်ရာ စတိုးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ခရီးသည်များသည် Grab အက်ပလီကေးရှင်းကို အသုံးပြု၍ GrabProtect ဝန်ဆောင်မှုအား ရယူနိုင်ပါသည်။ GrabProtect ဝန်ဆောင်မှုကို ရန်ကုန်မြို့ရှိ GrabTaxi မိတ်ဖက်ယာဉ်မောင်း (၁,၅၀၀) နှင့် မန္တလေးမြို့ရှိ GrabThoneBane မိတ်ဖက်ယာဉ်မောင်း (၁၅၀) တို့မှ ဝန်ဆောင်ပေးနေသည်။
အသေးစိတ်အကြောင်းအရာများကို အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/GrabMM/
https://www.facebook.com/WizAct24Myanmar