ooredoo မှ ၂၀၂၁ ခုနှစ်အတွက် လူမှုအကျိုးပြုလုပ်ငန်း အစီရင်ခံစာကို ထုတ်ပြန်ခဲ့

အူရီဒူးမြန်မာသည် မြန်မာပြည်သူများ၏ ဒစ်ဂျစ်တယ်ဘဝများကို မြှင့်တင်ပေးရုံသာမက နေ့စဉ်လူမှုဘဝများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပံ့ပိုးဆောင်ရွက်ခဲ့သည့်ကျန်းမာရေးကဏ္ဍတွင်COVID-19 အရေးပေါ်တုံ့ပြန်မှု၊ လူမှုဝန်းကျင် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ပညာရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တ င်ရေးအစရှိသည့် အစီအစဉ်များဖြင့်ကြိုးပမ်းအားထုတ်မှုများနှင့် တိုးတက်မှုအခြေအနေကို ဖော်ပြထားသည့် ၂၀၂၁ ခုနှစ်အတွက် လူမှုအကျိုးပြုလုပ်ငန်းအစီရင်ခံစာတစ်စောင်အား ထုတ်ပြန်ထားသည်။
ကပ်ရောဂါနှင့် အခြားသောစိန်ခေါ်မှုများကြောင့် ခက်ခဲသောနှစ်ဖြစ်ခဲ့သော်လည်း အူရီဒူးမြန်မာသည်၎င်း၏ အဓိကလူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များမှတဆင့် အလေးထားပံ့ပို့ပေးလျက်ရှိသည့် ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများကို နည်းပညာ၏ထောက်ပံ့မှုနှင့်အတူပံ့ပိုးပေးခဲ့သည်။
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှု ပထမဆုံးကာလအတွင်းမှပင်စပြီးCOVID-19 ရောဂါ ကာကွယ်ရေး၊ စီမံခန့်ခွဲရေးနှင့် ကုသရေးတို့အတွက် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။အူရီဒူးမြန်မာ၏ (၇) နှစ်မြောက် အထိမ်းအမှတ်အဖြစ် COVID-19 ဝေဒနာရှင်များ၏ အသက်ကယ်ဆယ်ရေးနှင့် ကုသမှုအတွက် အရေးကြီး သော oxygenconcentrators များနှင့် oxygen cylinders များကို လှူဒါန်းခဲ့သည်။ အူရီဒူးမှမြန်မာနိုင်ငံတွင်း အသက်အန္တရာယ်ထိခိုက်မှုများ များခဲ့သည့် COVID-19 တတိယလှိုင်းကို ကြုံတွေ့ရချိန်တွင်နိုင်ငံတဝှမ်းရှိ ယုံကြည်ရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များမှတစ်ဆင့် ငွေကျပ်သိန်းနှစ်ထောင့်ခုနှစ်ရာကျော်( ၂၇၈,၀၈၄,၅၀၀ကျပ်) တန်ဖိုးရှိ oxygen concentrators ၈၅ လုံးနှင့် oxygen cylinders ၁၈၂ လုံးတို့ကို ပံ့ပိုးလှူဒါန်းပေးခဲ့သည်။
အူရီဒူးမြန်မာမှ ဝန်ထမ်းများမှလည်းအရေးပေါ်အောက်ဆီဂျင်လိုအပ်နေသော လူနာများအား ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ၎င်းတို့၏ လစာငွေမှထဲမှ အသီးသီးထည့်ဝင်ခဲ့ကြပြီး စုစုပေါင်း ကျပ်သိန်း ၂၄၀ ကျော်တန်ဖိုးရှိသည့် oxygen cylinders ၁၃၇ လုံးကို လှူဒါန်းခဲ့ကြပါသည်။ ကပ်ရောဂါဆိုင်ရာ အသိပညာပေးရန်အတွက်လည်းအူရီဒူးမြန်မာမှ ကပ်ရောဂါကာလအတွင်း သတိပေး SMS များကိုလည်း အပတ်စဉ်ပေးပို့ခဲ့သည်။
၂၀၂၁ခုနှစ် မတ်လမှစတင်ပြီး အူရီဒူးမြန်မာသည် အရေးပေါ်ဖုန်းဘေလ်လိုအပ်သော သုံးစွဲသူများကို ပံ့ပိုးပေးရန်နှင့် သုံးစွဲသူ အချင်းချင်းကူညီနိုင်အောင် မိုဘိုင်းပလက်ဖောင်းတစ်ခုဖန်တီးပေးရန် ရည်ရွယ်ချက်ဖြင့် “ပိုရင်လှူလိုရင်ယူ”အစီအစဉ်ကို စတင်ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၁ခုနှစ် ဒီဇင်ဘာလထုတ်ပြန်ချက်အရ အဆိုပါအစီအစဉ်ဖြင့် လူပေါင်း ၂.၁သန်းကို စုစုပေါင်းဖုန်းဘေလ် ကျပ်သိန်းတစ်သောင်းတစ်ထောင်ကျော် (၁.၁ ဘီလီယံကျပ်)ကို ပံ့ပိုးပေးနိုင်ခဲ့သည်။

Photo Source https://www.ooredoo.com.mm

အူရီဒူးမြန်မာမှ ဖုန်းဘေလ်ကျပ်သိန်းတစ်သောင်းကျော် ထည့်ဝင်ကူညီပေးခဲ့ပြီးအူရီဒူးမြန်မာ၏ သုံးစွဲသူများနှင့် ဝန်ထမ်းများ မှလည်း ကျပ်သိန်း၄၈၀ကျော်ကို ပါဝင်လှူဒါန်းခဲ့ကြပါသည်။ ထို့မျှမကအင်တာနက်ပြတ်တောက်သောညများတွင် သုံးစွဲသူများ အနေဖြင့် အူရီဒူးအချင်းချင်း အခမဲ့ ဖုန်းခေါ်ဆိုမှုနှင့် SMS အခမဲ့ပေးပို့ခွင့်တို့ကို ရရှိခဲ့ပြီး ၎င်းပံ့ပိုးမှုဖြင့် ငွေကျပ်သိန်းလေး သောင်းနှစ်ထောင်ကျော်(၄,၂၄၆,၉၈၈,၈၂ဝိကျပ်) တန်ဖိုးရှိ အခမဲ့ ဖုန်းခေါ်ဆိုမှု ၁၁၈,၈၂၆,၅၄၈ မိနစ်နှင့် အခမဲ့ပေးပို့မှု ၉၁,၉၈၄,၅၅၀ စောင်တို့ဖြင့် အဆက်အသွယ်မပြတ် ရှိနေနိုင်စေရန်ပံ့ပိုးကူညီပေးနိုင်ခဲ့သည်။
ဆင်းရဲနွမ်းပါးသောပြည်သူများ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒစ်ဂျစ်တယ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာကျပ်ငွေသိန်းတစ်သောင်းလေးထောင် (၁.၄ ဘီလီယံကျပ်)ခန့် တန်ဖိုးရှိသော ဒစ်ဂျစ်တယ်စက်ပစ္စည်း (Tablet များ၊ စမတ်ဖုန်းများ၊ Routers များနှင့် လစဉ် ဒေတာအစီအစဉ်များပါဝင်သည့် ဆင်းမ်ကတ်များ) ပေါင်း ၄,၁၀၀ ကျော်အား ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၃၇ ကျောင်းနှင့် အများပြည်သူ စာကြည့်တိုက်များ၊ လူမှုရေးအဖွဲ့အစည်းများသို့ လှူဒါန်းခဲ့ပါသည်။ အူရီဒူးမြန်မာ၏ ပံ့ပိုးကူညီမှုဖြင့် ထိုရပ်ရွာများရှိ ဒေသခံပြည်သူများသည် ၎င်းတို့၏ ပညာရေးဆိုင်ရာ ဒစ်ဂျစ်တယ်စွမ်းရည်များကို မြှင့်တင်ရန်နှင့် အသိပညာများ တိုးပွားလာစေရန်အတွက် အဆိုပါ စက်ပစ္စည်းများ၊ router များနှင့် အင်တာနက်ချိတ်ဆက်မှုများကို အသုံးပြုနိုင် မည်ဖြစ်သည်။
အူရီဒူးမြန်မာသည် ၂၀၁၆ ခုနှစ်မှစတင်ပြီးTech Age Girls (TAG) အစီအစဉ်အတွက် အင်တာနက်ချိတ်ဆက်မှုနှင့် လိုအပ်သော ဒစ်ဂျစ်တယ်ပစ္စည်းများဖြင့် ပံ့ပိုးပေးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၎င်းအစီအစဉ်၏ အဓိကပံ့ပိုးသူ ဖြစ်လာခဲ့ပါသည်။ TAG ၂၀၂၁-၂၁ အတွက် ပိုမိုတိုးမြှင့်ပံ့ပိုးပေးလိုက်သည့်အတွက် ၎င်းအစီအစဉ်တွင် ပါဝင်နိုင်သူဦးရေနှစ်ဆ တိုးမြှင့်လက်ခံနိုင်ခဲ့ပြီး အမျိုးသမီးငယ် ၂၀၀ ကျော်မှ ပါဝင်တက်ရောက်နိုင်ခဲ့ကာ ၎င်းတို့၏ ခေါင်းဆောင်မှုနှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးပေးနိုင်ခဲ့ပါသည်။TAGအစီအစဉ်သည် အသက် ၁၆ နှစ်မှ ၂၀ နှစ်အတွင်းရှိ အမျိုးသမီးငယ်လေးများအား နည်းပညာကို အသုံးပြုကာ ခေါင်းဆောင်မှုနှင့် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်စေရန် ပံ့ပိုးပေးသည့် တစ်နှစ်တာကြာမြင့်သောအစီအစဉ်ဖြစ်သည်။