Inya Institute မှ လူမှုရေး သုတေသန သင်တန်းအတွက် သင်တန်းသားများကို Online သင်တန်းအဖြစ်ခေါ်ယူ

Inya Institute မှ လူမှုရေး သုတေသန သင်တန်းအတွက် သင်တန်းသားများကို Online သင်တန်းအဖြစ်ခေါ်ယူနေပြီဖြစ် ကြောင်းသိရသည်။
Inya Institute အနေဖြင့် ဤလူမှုရေး သုတေသန သင်တန်းကို လူငယ်များအတွက် သုတေသန အသိပညာမြှင့်တင်ရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းခွင်တွင် သုတေသနကို စနစ်တကျ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် အွန်လိုင်းမှ ဖွင့်လှစ် မည်ဖြစ်ပြီး၊ ၅ ရက်ကြာမြင့်မည်ဖြစ်သည်။
ယခု အွန်လိုင်း သင်တန်းသည် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ နှင့် လူမှုဖွံ့ဖြိုးရေးအဖွဲ့များမှ သုတေသနကို စိတ်ဝင်စားသူများ တက်ရောက်သင့်သော သင်တန်းတစ်ခု ဖြစ်သည်။

Photo Source https://web.facebook.com/InyaInstitute.org

သင်ခန်းစာအကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) လူမှုရေး သုတေသန မိတ်ဆက်
(၂) သုတေသန စက်ဝိုင်း (လုပ်ငန်းစဉ်)
(၃) ယခင်မှတ်တမ်းမှတ်ရာများအား လေ့လာဆန်းစစ်ခြင်း /စာပေလေ့လာဆန်းစစ်ချက်
(၄) အချက်အလက်ကောက်ယူသည့် နည်းစနစ်များ
(၅) အရည်အသွေးနှင့် အရေအတွက်စံထား နမူနာ စနစ်များ
(၆) အရည်အသွေးနှင့် အရေအတွက်စံထား အချက်အလက်များ သရုပ်ခွဲခြင်း
(၇) သုတေသန ကျင့်ဝတ်
(၈) သုတေသန အစီရင်ခံစာ ရေးသားခြင်း စသည့်ခေါင်းစဉ်များကို လေ့လာသင်ယူကြရမည် ဖြစ်သည်။
ယခု အွန်လိုင်း သင်တန်းတွင် သုတေသန အကြောင်းအရာများကို နည်းပြများနှင့် အပြန်အလှန်လေ့လာသော သင်တန်းသား ဗဟိုပြုနည်းလမ်းများဖြင့် သင်ယူရမည်ဖြစ်သည်။ ထို့အပြင် Inya Institute ၏ စာကြည့်တိုက်ရှိ ရည်ညွှန်းစာအုပ်များကို လည်း အသုံးပြု နိုင်မည်ဖြစ်ပြီး Inya Institute မှ မြန်မာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ထုတ်ဝေထားသော “Introduction to Social Research Methods – လူမှုသုတေသန နည်းနိဿယမိတ်ဆက်” စာအုပ်ကိုလဲ ရရှိနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/InyaInstitute.org

သင်တန်းကာလ ပြီးဆုံးပါက တစ်ဦးချင်း (သို့မဟုတ်) အုပ်စုဖွဲ့ သုတေသန စာတမ်းငယ်များ ကို ပြုစုရမည်ဖြစ်သည်။ အဆိုပါစာတမ်းငယ်ကို Inya Institute နည်းပြများမှ အကြံပြုချက်ပေးမည်ဖြစ်ပြီး၊ ပြီးမြောက်မှသာ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ် ရရှိမည် ဖြစ်သည်။ သုတေသန လက်စွဲစာအုပ်ကိုလည်း သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ် နှင့် အတူ ထုတ်ယူနိုင်မည်ဖြစ်သည်။ ယခု သင်တန်း၏ သင်တန်းကြေးနှင့် သင်တန်းတွင် အသုံးပြုမည့် စာရွက်စာတမ်းများမှာ အခမဲ့ဖြစ်သည်။
သင်တန်းအချိန်မှာ ညနေ ၃း၀၀ မှ ညနေ ၅း၀၀ နာရီအထိဖြစ်ပြီး သင်တန်းရက်မှာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိဖြစ်သည်။ သင်တန်းကာလမှာ အချိန်ပြည့် ၅ ရက်ဖြစ်ပြီး၊ ကျန်ရက်များတွင် သတ်မှတ်ထားသည့် သင်ခန်းစာများကို အဖွဲ့အလိုက် သို့မဟုတ် တစ်ဦးချင်းအနေဖြင့် မိမိ အစီအစဉ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။
စိတ်ဝင်စားသူများအနေဖြင့် ကိုယ်ရေးအကျဉ်း (Curriculum Vitae) နှင့် ယခုသင်တန်းကိုတက်ရောက်ခြင်းဖြင့် မိမိအတွက် ရေရှည်တိုးတက်မှုကို မည်သို့အထောက် အပံ့ဖြစ်စေကြောင်း ရေးသားထားသည့် အပေါ်စာ (Cover Letter) ကို ဖော်ပြရ မည်ဖြစ်သည်။
လိပ်စာ (contact@inyainstitute.org) သို့မဟုတ် Inya Institute ၏ Facebook Messenger မှတစ်ဆင့် ( ဇူလိုင်လ ၉ ) ရက်နေ့ မတိုင်ခင် ပေးပို့ရမည်ဖြစ်သည်။ ထပ်မံ စုံစမ်းရန်အတွက် ဖော်ပြပါ အီးမေးလ် သို့မဟုတ် Inya Institute၏ Facebook Messengerသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Inya Institute သည် ရန်ကုန် အခြေစိုက် အဆင့်မြင့်လေ့လာရေး အဖွဲ့ အစည်းတစ်ရပ်ဖြစ်ပြီး မြန်မာပြည်လေ့လာရေး နယ်ပယ်တွင် လူမှုသိပ္ပံဘာသာရပ်များ၊ ဝိဇ္ဇာဘာသာရပ်များနှင့် လူမှုဗေဒဆိုင်ရာ အသိပညာများ မြင့်မားလာစေရန် ရည်ရွယ်၍ ထူထောင်ထားခြင်းဖြစ်သည်။ မိမိတို့ ရုံးမှာ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိပါသည်။
ယခုလို ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေရှုပ်ထွေးမှုများအကြား ချစ်ခင်ရသူတစ်ဦး ချင်း အနေဖြင့် ခက်ခဲစွာ ဖြတ်သန်းနေကြရမည်ကို မိမိတို့အနေဖြင့် ခံစားနားလည်ပါသည်။ အခြားတစ်ဖက်တွင်လည်း မြန်မာ့ပညာရေး၏ မရေရာမှုများနှင့်လည်း ကြုံတွေ့နေကြရသည်။ သို့သော် မိမိတို့ အဖွဲ့အစည်းအနေဖြင့် လစ်ဟာလျက်ရှိသော ပညာရေးဆိုင်ရာ ကဏ္ဍများကို ကူညီဖြည့်စွက်ရန် အစဉ်အမြဲ ဆောင်ရွက်လျက်ရှိ ပါသည်။
အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://web.facebook.com/InyaInstitute.org