အခြေခံပညာ KG ကနေ G4 ကလေးတွေအတွက် ဆရာ၊ ဆရာမအချို့ ရေးဆွဲစီစဉ်ထားတဲ့ အခမဲ့ ပညာရေး application လေးတစ်ခုကို မိဘတွေအနေနဲ့ ဖုန်းထဲမှာ ဒေါင်းလုဒ် လုပ်ယူပြီး ကလေးတွေအတွက် လေ့လာခွင့်ပေးနိုင်ပြီလည်းဖြစ်ပါ တယ်။
ယခုလို ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် စာသင်ကျောင်းတက်ဖို့ အခက်အခဲကြုံနေရချိန်မှာ ကလေးတွေ ကျောင်းစာနဲ့ မပြတ်သွားဖို့နှင့် အိမ်မှာလွယ်ကူစွာ စာလေ့လာနိုင်အောင် ပြင်ပဆရာ၊ ဆရာမများနှင့် လူငယ်များက ကလေးတွေအတွက် ရည်ရွယ်ပြီး မေတ္တာဖြင့် Myanmar Primary School App ကိုဖန်တီးပေးထားခြင်းလည်းဖြစ်ပါတယ်။
Photo Source https://web.facebook.com/myanmarprimaryschoolapp/
ကျောင်းမှာ ၂၀၂၀-၂၀၂၁ သင်ရိုး ဖတ်စာအုပ်ကို ဖုန်းထဲမှာ ဆရာ၊ ဆရာမတို့ရဲ့ သင်ပြမှုနဲ့အတူ လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။ အိမ်ကကျောင်းသားလေးတွေ လွယ်ကူအောင် နေ့စဉ်အတန်းချိန်အတိုင်း ဖိုင်လေးတွေ ခွဲပေးထားတော့ အိမ်မှာ သင်ယူရ တာ ပိုအဆင်ပြေမှာဖြစ်ပါတယ်။ ပိုမိုထူးခြားတာကတော့ @PreventPlastics စီမံကိန်း က သားသားမီးမီးတို့အတွက် သဘာဝပတ်ဝန်းကျင် ဗဟုသုတရစေဖို့ ဉာဏ်ကျယ်လေး ကဏ္ဍကို ဖြည့်ဆည်းပေးထားပြီး ဘဏ္ဍာရေးအရလည်း ထောက်ပံ့ မှုပေးထားပါတယ်။
ငွေကြေးထောက်ပံ့မှု ရှိပြီးဖြစ်လို့ App ကို အခကြေးငွေပေးပြီး သုံးစရာမလိုပါဘူး။ Google Play Store မှာပဲ အခမဲ့ဒေါင်း လုတ်ပြီးပြီဆိုတာနဲ့ အင်တာနက်ရှိရှိ/မရှိရှိ အသုံးပြုလို့ရပါတယ်။ အင်တာနက်မရှိဘဲ အသုံးပြုချင်တယ်ဆိုရင်တော့ သင်ခန်းစာလေးတွေကို ကြိုတင်ဒေါင်းလုတ်ထားဖို့တော့ လိုပါတယ်။ iOS version ကိုလည်း ပြင်ဆင်နေတယ်လို့လည်း သိရ ပါတယ်။
Photo Source https://web.facebook.com/myanmarprimaryschoolapp/
KG မှ စတုတ္တတန်း အထိ သင်ခန်းစာအသံဖိုင်များမှာ ပြင်ပဆရာ/ဆရာမများမှ စေတနာဖြင့် ပံ့ပိုးကူညီပေးထားသောကြောင့် အခန်းအသစ်များကို အပတ်စဉ်တိုင်း ထပ်တိုးပေးသွားမှာဖြစ်ပါတယ်။ သင်ခန်းစာအခန်းအချို့ကို ဖွင့်မရခြင်းမှာလည်း သူငယ်တန်းမှ စတုတ္တတန်းအထိ သင်ခန်းစာအသံဖိုင်များမှာ ဆရာ/ဆရာမများမှစေတနာဖြင့် ပံ့ပိုးကူညီပေးထားတာကြောင့် အသံသွင်းပြီးသည်နှင့်တစ်ပြိုင်နက် အပတ်စဉ် အခန်းအသစ်များကို ထပ်တိုးပေးသွားမှာဖြစ်ပါတယ်။
Facebook စာမျက်နှာတွင်လည်း အပတ်စဉ်အဆုံးတိုင်း ကြော်ငြာပို့စ်များ တင်ပေးမှာဖြစ်ပါတယ်။ Facebook Link ကို အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/myanmarprimaryschoolapp/
Application ကို အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.myanmarschoolapp&fbclid=IwAR0KFjYRbux24xPQDFttQHssAaN06mYzvzLx4LuK7sB5AZh4SycAUbyRp-g