Oxygen Level တိုင်းတာနိုင်ပြီး Workout Modes မျိုးစုံပါဝင်သော အသစ်ထွက်ရှိလာတဲ့ Huawei Band 6

Oxygen Level တိုင်းတာနိုင်ပြီး Workout Modes မျိုးစုံပါဝင်သော အသစ်ထွက်ရှိလာတဲ့ Huawei Band 6 ကတော့ မြန်မာ ကျပ်ငွေ ၇၉၀၀၀ ဈေးနှုန်းရှိပါတယ်။ သူ့မှာ ပါဝင်တဲ့ အရည်အသွေးတွေကိုလည်း အောက်မှာဖတ် ရှုနိုင်ပါတယ်။
HUAWEI Band 6 မှာ ဘောင်များ သေးသွယ်လှပပြီး screen-to-body ratio 64 ရာခိုင်နှုန်း နှင့် 148 ရာခိုင်နှုန်း ပိုမိုကြီးမား ကျယ်ပြန့်ပြီး ကြည့်ရှုရကောင်းမွန်စေမည့် 1.47-inch ရှိသော AMOLED FullView display ဖြင့်တည်ဆောက်ထားပါတယ်။ Resolution 194 x 368 အချိုးအစားကို 228 PPI ဖြင့် ကြည့်ရှုနိုင်မည့် မျက်နှာပြင်ဖြင့် ဖွဲ့စည်းထားတာကြောင့် လက်ပေါ်မှာ စွဲမက်ဖွယ် အရည်အသွေးဖြင့် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ screen-to-body ratio က ကြည့်ကောင်းရုံတင်သာမက လိုချင်တဲ့အချက်အလက်တွေကိုလည်း ပေးနိုင် ပါတယ်။ ဓာတ်ပုံကြီးကြီး၊ များစွာသောလေ့ကျင့်ခန်းမှတ်တမ်းများနဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်ထားခြင်းတို့ကို အသေးစိတ် ကျစွာဖော်ပြနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် touchscreen controls ၄ မျိုးကြောင့် ပိုမိုလွတ်လပ်စွာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။
ရွေးချယ်စရာတွေအများကြီးရှိတဲ့ watch face ဒီဇိုင်းမျိုးစုံကို HUAWEI Watch Face Store ကနေရွေးချယ်ပြီး စိတ်အခြေအနေနဲ့ ထပ်တူကျတဲ့ပုံစံကိုပြောင်းလဲနိုင်ပါတယ်။ အမြင်အာရုံအတွက် မျက်စိပဒါသဖြစ်စေမယ့် စိတ်ကြိုက်မျက် နှာပြင်ကို အလွယ်တကူ swipe လုပ်ရုံနဲ့ပြုလုပ်နိုင်ပြီး ကိုယ့်စိတ်ကြိုက် ဓာတ်ပုံကိုပါ Watch Face အဖြစ်အသုံးပြုနိုင်ပါတယ်။
HUAWEI Band 6 မှာ လက်ပတ်အရောင်ကို သင့်ကိုယ်ပိုင်ဟန်အလိုက် ရွေးချယ်နိုင်ဖို့ အရောင် (၄) ရောင်ရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်ခံနိုင်သောဆီလီကွန်၊ အရေပြားပေါ်တွင် သက်တောင့်သက်သာရှိစေပြီး အလွန်ပေါ့ပါးရုံသာမက ဖုန်ဒဏ်တို့ကိုကာကွယ်ပေးပါတယ်။ ၁၈ ဂရပ်အလေးချိန်သာရှိတာကြောင့် ဝတ်ဆင်ရတာ အလွန်သက်တောင့်သက် သာရှိစေမှာပါ။

Photo Source https://consumer.huawei.com/mm/wearables/

သက်လုံကောင်းအောင် စဉ်ဆက်မပြတ်လေ့ကျင့်နေတတ်တဲ့ အားကစားကို ချစ်မြတ်နိုးသူတွေအတွက် HUAWEI Band 6 က ပုံမှန်အသုံးပြုခြင်းအတွက် ၁၄ ရက်နှင့် တနေကုန် တောက်လျှောက်အသုံးပြုခြင်းအတွက် ၁၀ရက် ကြာ ဘက်ထရီသက် တမ်းကို ပေးစွမ်းပါတယ်။ သင်ဘက်ထရီအားကုန်သွားလည်း စိတ်ပူစရာမလိုပါဘူး။ သံလိုက်အားသွင်းကြိုးနဲ့ ၅ မိနစ်အား သွင်းရုံနဲ့ ၂ ရက်စာအသုံးပြုနိုင်ပါတယ်။
နှလုံးခုန်နှုန်းကို မှတ်တမ်းတင်ထားနိုင်ခြင်းက သင့်ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေးအတွက် လုပ်ပေးနိုင်တဲ့အကောင်းဆုံးအရာထဲမှ တစ်ခုဖြစ်ပါတယ်။ TruSeenTM 4.0 နှလုံးခုန်နှုန်းတိုင်းတာခြင်းနည်းပညာက မှန်ဘီလူးနှင့် AI အခြေခံထားတဲ့ဒေတာ များကိုအသုံးပြုပြီး ၂၄ နာရီလုံး တိတိကျကျနဲ့စောင့်ကြည့်ပေးပါတယ်။ စိတ်ချရသည့်နှလုံးခုန်နှုန်း အနေအထားတစ်ခုမှ တက်သွားခြင်း သို့မဟုတ် ကျသွားခြင်းတို့အတွက် ချက်ချင်းသတိပေးပါတယ်။
SpO2 သွေးထဲအောက်စီဂျင်နည်းပါးခြင်းက မောပန်းခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်းအပြင် ဦးနှောက်နှင့် နှလုံးပျက်စီးခြင်း တို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ကြောင့်သင့်အနေနဲ့ အမြဲစိတ်ချရတဲ့အနေအထားမှာ နေချင်မှာအမှန်ပါပဲ။ HUAWEI Band 6 မှာ bulit-in SpO2 detection system1 က သင့်ရဲ့သွေးထဲအောက်စီဂျင်အနေအထားကို ၂၄/၇ စောင့်ကြည့်ပေး ထားနိုင်မှာဖြစ်ပါတယ်။ သွေးထဲအောက်စီဂျင် အရမ်းကျသွားချိန်မှာ band ကတုန်ခါလာမှာဖြစ်တာကြောင့် အသက်ရှုပြီး ပုံမှန်ပြန်ဖြစ်အောင်ပြုလုပ်နိုင်ဖို့ အချိန်ရစေမှာဖြစ်ပါတယ်။
TruSleepTM 2.0 က နိုးနေသည့်အချိန်ကို သိရှိနိုင်ပြီး deep sleep၊ light sleep၊ REM နှင့် napping စတဲ့အိပ်စက်ခြင်းအဆင့် ၄ ဆင့်ကိုသိရှိနိုင်ပါတယ်။ ၉၆.၃ ရာခိုင်နှုန်းတိုးတက်ခြင်းဖြင့် သင်အချိန်မည်မျှအိပ်စက်ခြင်းသည် သာမက အိပ်စက်ခြင်းအရည်အသွေးကိုပါ မှတ်တမ်းတင်ထားနိုင်ပါတယ်။ အဓိကအိပ်စက်ခြင်းပြသနာ (၆) ခုအထိဖော် ထုတ်နိုင်ပြီး အိပ်ချိန်တိုးတက်မှုအတွက် အကြံပြုချက် ၂၀၀ ကျော်ကိုလက်ခံရရှိနိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm/wearables/

HUAWEI Band 6 က လုပ်ဆောင်ချက်တွေကို အရောင်စုံလင်လှပတဲ့ မျက်စိကျစရာ ကြိုးဝိုင်းအတွင်းကနေ အလိုအ လျောက်မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း mode ၉၆ မျိုးထိရွေးချယ်နိုင်ပြီး နှလုံးခုန်နှုန်း၊ ကယ်လိုရီနှင့်အခြားသောအရာတို့ကို မှတ်သားထားပေးပါတယ်။ မိမိရဲ့ဒေတာတွေကို သိမ်းဆည်းထားနိုင်ပြီး အလွယ်တကူဖတ်နိုင်တဲ့ graph တွေနဲ့ခွဲခြမ်းစိတ်ဖြာပေးပါတယ်၊ ဒါ့ကြောင့် လေ့ကျင့်ခန်းခရီးကိုပြပြီး အတွက်ပန်းတိုင်ကိုချမှတ်ပေးနိုင်ပါတယ်။
HUAWEI Band6 က ကျန်းမာရေးနှင့်ကြံ့ခိုင်မှုအတွက် စောင့်ကြည့်ခြင်းသက်သက်မဟုတ်ပဲ သင့်ရဲ့ဖုန်းဖြင့်ချိတ်ဆက်ပြီး လည်း အလွယ်တကူအသုံးပြုနိုင်ပါတယ်။ အဝင်ဖုန်း၊ စာတိုများကို ကြည့်ရှုခြင်း၊ ရာသီဥတုအခြေအနေ၊ သင့်သီချင်းကို ထိန်းချုပ်ခြင်း တို့အပြင် သင့်ဖုန်းက ကင်မရာကိုအသုံးပြုပြီး ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ အောက်ပါ Link မှာဝင်ရောက်ကြည့် ရှုနိုင်ပါတယ်။
https://consumer.huawei.com/mm/wearables/