M-Pitesan App အသစ်ကိုအသုံးပြုတိုင်း ခဲခြစ်ငွေသားဆုလက်ဆောင်များရယူနိုင်

အဆင့်မြှင့်တင်ပြောင်းလဲထားတဲ့ M-Pitesan app အသစ်ကိုအသုံးပြုပြီး ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်တိုင်း ပိုမိုအဆင် ပြေလွယ်ကူစေမယ့်အပြင် ခဲခြစ်ကံစမ်းပြီး ငွေသားဆုလက်ဆောင် ကျပ် ၁ သိန်းအထိလည်း ကံထူးနိုင်နေပြီလည်း ဖြစ်သည်။
M-Pitesan app အသစ်ကိုအသုံးပြုပြီး ဘေလ်ပေးဆောင်ခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း (မိမိအသုံးပြုသည့်ဖုန်းနံပါတ်အတွက် သာ)၊ ‌ဒေတာအစီအစဉ်များဝယ်ယူခြင်း (မိမိအသုံးပြုသည့်ဖုန်းနံပါတ်အတွက်သာ)၊ M-ပိုက်ဆံ နဲ့ ချိတ်ဆက်ထားတဲ့ စတိုးဆိုင်၊ စားသောက်ဆိုင် စတဲ့ Merchant များတွင် ငွေ‌ပေးချေခြင်းနဲ့ ငွေလွှဲခြင်း (M-ပိုက်ဆံအကောင့်ရှိသူမှ မရှိသူသို့ app မှတစ်ဆင့် ငွေလွှဲခြင်းအတွက်သာ) စတဲ့ ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်တွေပြုလုပ်တိုင်း ခဲခြစ်ကံစမ်းနိုင်မှာလည်းဖြစ် ပါတယ်။
ငွေကျပ် ၁၀,၀၀၀ နဲ့အထက် ငွေ‌‌‌ကြေးဆိုင်ရာလုပ်ဆောင်ချက် တစ်ခုပြုလုပ်တိုင်း ခဲခြစ်ကံစမ်းခွင့် ရရှိမှာဖြစ်လို့ များများပြု လုပ်ပြီး များများခဲခြစ်ကံစမ်းလေ ငွေသားဆုတွေ ကံထူးဖို့ အခွင့်အရေးလည်း ပိုများမည်လည်းဖြစ်သည်။ ရရှိလာတဲ့ ငွေသားဆုလက်ဆောင်တွေကို တခြားလုပ်ဆောင်ချက်တွေမှာလည်း ပြန်လည် အသုံးပြုလို့ရမှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/MPitesan

M-Pitesan app အသစ်က အသွင်အပြင်အသစ်နဲ့ အရမ်းအသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေအပြင် အကျိုးခံစားခွင့်တွေလည်း အများကြီးရရှိနိုင်အုံးမှာဖြစ်ပါတယ်။
ဒါ့အပြင် Oway Fresh ကနေ စားသောက်ကုန်နဲ့ လူသုံး ကုန်ပစ္စည်းတွေကို အိမ်ကနေ အေးအေးဆေးဆေး မှာယူပြီး M-Pitesan app အသစ်နဲ့ ငွေပေးချေမှုများ ပြုလုပ်လိုက်ရုံနှင့်လည်း အဆင်ပြေမည်ဖြစ်သည်။ ငွေကျပ် ၁၀,၀၀၀ နဲ့အထက် ငွေပေးချေမှုတိုင်းအတွက် Scratch and Win ပျော်ရွှင်စရာခဲခြစ်ဂိမ်းအစီအစဉ် မှတဆင့် ဆုငွေကျပ် ၁သိန်းအထိလည်း ကံထူးနိုင်ဦးမှာဖြစ်ပါတယ်။
FlyMya ကနေ ခရီးသွားလက်မှတ်တွေ၊ ဟိုတယ် booking တွေ ဝယ်ယူဖို့ အတွက် M-Pitesan App အသစ်နဲ့ ငွေပေးချေမှုများ အဆင်ပြေစွာ ပြုလုပ်နိုင်ပြီး အချိန်ကုန် အလုပ်ရှုပ်သက်သာစေပါတယ်။ M-Pitesan App အသစ်နဲ့ ငွေပေးချေမှုများကို လွယ်ကူစွာပြုလုပ်နိူင်မှာဖြစ်ပြီး အသေးစိတ် အချက်အလက် ကို http://ore.do/flymya တွင် ကြည့်ရှုနိုင်ပါတယ်။ဒါ့အပြင် ငွေကျပ် ၁၀,၀၀၀ နဲ့အထက် ငွေပေးချေမှုတိုင်းအတွက် Scratch and Win ပျော်ရွှင်စရာခဲခြစ်ဂိမ်းအစီအစဉ် မှတစ်ဆင့် ဆုငွေကျပ် ၁သိန်းအထိလည်း ကံထူးနိုင်ဦးမှာဖြစ်ပါတယ်။
Android အသုံးပြုသူတွေအနေနဲ့ M-Pitesan app အသစ်ကို VPN မခံဘဲ http://ore.do/mpc1 ကနေဒေါင်းလုတ်ရယူနိုင်ပါတယ်။iOS version အတွက်လည်း အမြန်ဆုံးကြိုးစားလုပ်ဆောင်နေဆဲဖြစ်ပြီး အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ချက်ချင်းအသိပေးအကြောင်းကြားသွားမှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/MPitesan

*999# ကို ဖုန်းခေါ်ဆို၍ဖြစ်စေ Google Play သို့ App Store မှဖြစ်စေ M-ပိုက်ဆံ App ကို ဒေါင်းလုတ်ပြုလုပ် နိုင်မည်ဖြစ်ပါသည်။ M- ပိုက်ဆံဝန်ဆောင်မှုကို ၂၀၁၇ စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီး M- ပိုက်ဆံဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းအသုံးပြုသူ မည်သူမဆိုအသုံးပြုနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းသုံးစွဲသူ မည်သူမဆို အူရီဒူး၏ M- ပိုက်ဆံ ကိုယ်စား လှယ်ဆိုင်သို့ သွားရောက်ပြီး ငွေလွှဲခြင်းကို ဆောင်ရွက်နိုင်သည်။
လက်ရှိ ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး ၊ ပဲခူး နှင့် တောင်ကြီး မြို့ တို့တွင် ရှိသည့် အူရီဒူး M- ပိုက်ဆံ ကိုယ်စားလှယ် ပေါင်း ၂၅၀၀ ကျော် အထိ ရှိကာ မကြာသောကာလတွင် ကျေးလက်နှင့် မြန်မာပြည်အနှံ့အပြားမှ ကိုယ်စားလှယ်ပေါင်း ၈၀၀၀ အထိ ထပ်တိုးသွားမည်ဖြစ်ကြောင်းသိရသည်။