အတန်ဆုံး၊ အသက်သာဆုံးနည်းလမ်းနဲ့ Samsung Galaxy ဖုန်းအသစ်ကို ဘယ်လိုဝယ်မလဲ

မြင့်မားတဲ့နည်းပညာတွေ၊ ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ စမတ်ဖုန်းအသစ်တွေ မကြာမကြာ ထွက်လာတဲ့အလျောက် နောက်ဆုံးပေါ် စမတ်ဖုန်းသစ်တစ်လုံးကို အတန်ဆုံးနဲ့ အသက်သာဆုံး လဲလှယ်သွားနိုင်ဖို့ Samsung Electronics က ဝန်ဆောင်မှုအဆင့်မြှင့်တင်ထားတဲ့ Trade In အစီအစဥ်သစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီ Trade In အစီအစဥ်သစ်က Samsung ရဲ့ နောက်ဆုံးထွက် A စီးရီးအမျိုးအစား Galaxy A15 LTE နဲ့ Galaxy A25 5G စမတ်ဖုန်းသစ်တွေကို ဝယ်ယူတဲ့အခါမှာ ရရှိခံစားသွားနိုင်မှာ ဖြစ်ပါတယ်။

Image: Samsung

နောက်ဆုံးပေါ်လုပ်ဆောင်ချက်တွေနဲ့ ကိုယ်သတ်မှတ်ထားတဲ့ budget အတွင်း အံဝင်မယ့် ဖုန်းအသစ်တစ်လုံး ဝယ်ဖို့ အခက်အခဲရှိနေပြီဆိုရင်တော့ Promotion ရှိတဲ့အချိန်ကို စောင့်တာ ဒါမှမဟုတ် ကိုယ်လက်ရှိကိုင်ထားတဲ့ဖုန်းနဲ့ Trade In လုပ်ပြီးဝယ်ယူလို့ရမယ်ဆိုရင် ဘယ်လောက်သက်သာသွားမလဲ၊ ကိုယ့် budget ထဲဝင်သွားနိုင်မလားဆိုတာကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။

Image: Samsung

ကိုယ်လက်ရှိကိုင်နေတဲ့ ဖုန်းအဟောင်းလည်း အလဟဿမဖြစ်၊ ငွေကုန်ကြေးကျလည်း သက်သာဖို့အတွက် တကယ်တန်တဲ့ Trade In အစီအစဥ်ဆိုတာ ဘယ်လိုမျိုးဖြစ်မလဲ။

Samsung ရဲ့ အတန်ဆုံး Trade In အစီအစဥ်မှာဆိုရင်တော့ Samsung Galaxy ဖုန်းတွေသာမကပဲ ဘယ်ဖုန်းအမျိုးအစား၊ ဘယ်ဖုန်းမော်ဒယ်နဲ့မဆို Trade In ပြုလုပ်ခွင့် ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Power Error နဲ့ Display Error ဖြစ်နေတဲ့ ဖုန်းတွေကိုပါ Trade In ပြုလုပ်နိုင်မှာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းတဲ့၊ ဝယ်ယူသူတွေအတွက် အရမ်းကို အဆင်ပြေစေတဲ့ အစီအစဥ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

Image: Samsung

Samsung Electronics ရဲ့ နောက်ဆုံးပေါ် A Series စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Galaxy A15 နဲ့ A25 တို့ကို ဝယ်ယူရာမှာ ကိုယ်လက်ရှိကိုင်ဆောင်ထားတဲ့ ဖုန်းနဲ့ Trade In လုပ်မယ်ဆိုရင် အထူး အကျိုးခံစားခွင့်အနေနဲ့ လက်ရှိကိုင်ဆောင်နေတဲ့ ဖုန်းအခြေအနေပေါ်မူတည်ပြီး ဝန်ဆောင်မှုဌာနက သတ်မှတ်တဲ့ ဖုန်းတန်ဖိုးအပြင် ထပ်ဆောင်း ခံစားခွင့်အနေနဲ့ Galaxy A15 အတွက် ထပ်ဆောင်းငွေကျပ် ၁ သိန်း၊ Galaxy A25 အတွက် ထပ်ဆောင်းငွေကျပ် ၁ သိန်း ၂ သောင်းကို Trade In Discount အနေနဲ့ လျှော့ဈေး ထပ်မံပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် လက်ရှိကိုင်ဆောင်ထားတဲ့ ဖုန်းက Galaxy A14 ဖြစ်ပြီး Galaxy A15 ကို Trade In လုပ်ပြီးဝယ်ယူမယ်ဆိုရင် ဖုန်းအဟောင်းတန်ဖိုး ၃ သိန်းအပြင် Trade In Cashback ၁ သိန်းထပ်မံရရှိမှာဖြစ်တာကြောင့် စုစုပေါင်းတန်ဖိုး ၄ သိန်းအထိ သက်သာမှာပဲဖြစ်ပါတယ်။

Galaxy A25 5G အသစ်ကို လက်ရှိကိုင်ဆောင်ထားတဲ့ ဖုန်း Galaxy A24 နဲ့ Trade In လုပ်ပြီးဝယ်ယူမယ်ဆိုရင် ဖုန်းအဟောင်းတန်ဖိုး ၄ သိန်းအပြင် Trade In Cashback ၁ သိန်း ၂ သောင်း ထပ်မံရရှိမှာဖြစ်တာကြောင့် စုစုပေါင်းတန်ဖိုး ၅ သိန်းကျော် အထိ သက်သာမှာပဲဖြစ်ပါတယ်။

Image: Samsung

ဒါကြောင့် Galaxy A15 နဲ့ Galaxy A25 ကို ဝယ်ယူဖို့စဉ်းစားနေတယ်ဆိုရင်တော့ အမိုက်စားလက်ဆောင်တွေအပြင် Samsung ရဲ့ Trade in Cashback တွေရှိတာမို့ အတန်ဆုံးနဲ့ အသက်သာဆုံးနှုန်းထားမှာ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။  စိတ်ဝင်စားလို့ အသေးစိတ် ထပ်မံသိရှိလိုတယ်ဆိုရင်တော့ Samsung Myanmar Facebook Page ဒါမှမဟုတ် Samsung Showroom တွေမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။