Samsung နဲ့အတူ လက်တွဲပြီး ကိုယ်ပိုင် Universe တွေကို ထုဆစ်ပုံဖော်ခွင့်ရတော့မယ့် Galaxy Campus Friends Winner ၄ ဦး

Samsung ကနေ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှာပါ ကျင်းပပြုလုပ်ခဲ့တဲ့ “Galaxy Campus Friends” အစီအစဥ်မှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြု အရွေးချယ်ခံရသူ Winner ၄ ဦး ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ Samsung ဟာ အခွင့်အရေးအသစ်တွေကို အမြဲတမ်းရှာဖွေရင်း အိပ်မက်တွေအတိုင်း Universe အသစ်တစ်ခုကို ဖန်တီးချင်တဲ့ လူငယ်တွေအတွက် ဒီအစီအစဥ်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အရွေးချယ်ခံရသူ Winner တွေအတွက် ဆုချီးမြင့်ပွဲကိုတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က Samsung Myanmar Head Office မှာ ပြုလုပ်ပေးခဲ့ပါတယ်။

Galaxy Campus Friends” အစီအစဥ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ကျင်းပပြုလုပ် ခဲ့တာဖြစ်ပြီးတော့ အသက် ၁၆ မှ ၂၃ အတွင်းရှိ ပြိုင်ပွဲဝင်လူငယ်များစွာက  အဆင့် ၃ ဆင့်ကို အကြိတ်အနယ် ဖြတ်ကျော် ယှဥ်ပြိုင်ခဲ့ကြရတာပါ။ ပထမ အဆင့်အနေနဲ့ ပြိုင်ပွဲဝင်များ က အွန်လိုင်းကဆင့် စာရင်းပေးသွင်းရပြီး “Open Your Universe“ ခေါင်းစဉ်နဲ့ သက်ဆိုင်ရာ Academic / Social / Career / Hobbies ကြိုက်နှစ်သက်ရာ အကြောင်းအရာကို Video များ တင်ပြီး ယှဥ်ပြိုင်ခဲ့ကြပါတယ်။ Social Influencers များဖြစ်တဲ့ နေထွဋ် နဲ့ Beauty Vlogger ဖြိုးပပအောင် တို့ကနေ စကာတင် အယောက်၂၀ ရွေးချယ်ပေးခဲ့ပြီး နောက်တစ်ဆင့်အနေနဲ့ အဆိုပါ influencers များ နဲ့ Samsung Management Team က Online One-on-one Interview Session နှင့် Workshop Session ကို နောက်ဆုံး အဆင့်အတွက် လေ့ကျင့်ပြင်ဆင်ပေးခဲ့ပါတယ်။ နောက်ဆုံးအဆင့် အနေနဲ့ “Open Your Universe“ Theme နှင့် အတူ Final Video ကို တင်ခဲ့ကြရပြီး Epic Winners ၄ယောက်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

အနိုင်ရရှိသူ Galaxy Campus Friends Winners တွေကတော့

  • ကောင်းမွန်တဲ့ Video Editing Skill နဲ့အတူ Travel Vlog များကို ကောင်းမွန်စွာဖန်တီး နိုင်ပြီး Content Creation ကို ပိုင်နိုင်တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သူNyan Htut (Global Pathways International School)
  • ထူးခြားပြီး Creative ဖြစ်တဲ့ Content များကို ဖန်တီးနိုင်ပြီး ကြည့်ရှု့သူများကို ဟာသဆန်ဆန် Vlog များနဲ့ဆွဲဆောင်နိုင်သူThomas Htet (Chindwin Technological University)
  • တမူထူးခြားတဲ့ သူမရဲ့ ပုံစံနဲ့အတူ Lifestyle Vlog ဆန်ဆန် Daily Vlog များ နဲ့ ကြည်ရှုသူတွေကို ဆွဲဆောင်နိုင်တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သူThet Htar Su (IIP school) နဲ့
  • Artistic ဆန်ဆန် Video တွေနဲ့အတူ သူမရဲ့ ပန်းချီပညာကို နောက်ခံတီးလုံး လေးသုံးပြီး Daily Vlog လေးတွေနဲ့ တမူထူးခြားဆွဲဆောင်နိုင်သူတစ်ယောက်ဖြစ်သူShwe Yee Win Htut (Myanmar Noble University) တို့ပဲ ဖြစ်ပါတယ်။

အဆိုပါ အရွေးချယ်ခံရတဲ့ Galaxy Campus Friends (၁) ဦးစီကို Samsung ရဲ့ နောက်ဆုံးပေါ် Galaxy AI ဖုန်းဖြစ်တဲ့ Galaxy S24 ကို ချီးမြှင့်ခဲ့ပြီး Samsung နဲ့ (၃) လကြာအလုပ်တွဲလုပ်ခွင့်နှင့်အတူ လစဥ်ခံစားခွင့် ဒေါ်လာ (၂၀၀) ကိုလဲ ရရှိမှာဖြစ်ပါတယ်။

Galaxy Campus Friends  အစီအစဉ်ကို လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းနဲ့၊ စွမ်းရည်တွေကို ဖွင့်ထုတ်ပေးနိုင်ဖို့ အခွင့်အရေး တစ်ခုဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ထင်ထားခဲ့သလိုပဲ ပြိုင်ပွဲဝင်ကြတဲ့ လူငယ်တွေကလည်း အရမ်းကြိုးစားကြပြီး စိတ်ကူးစိတ်သန်းတွေကလည်း အရမ်းကောင်းတာကို တွေ့မြင်ခဲ့ရပါတယ်။ Samsung နဲ့ အတူ လက်တွဲလုပ်ဆောင်မှုကနေ Epic အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း ကိုယ်ပိုင် Universe တွေကို ဘယ်လို ထုဆစ်ပုံဖော်ပြမလဲဆိုတာ မြင်တွေ့ရဖို့လည်း မစောင့်နိုင်တော့ပါဘူး” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်တဲ့ ကို တင်မောင်ဝင်းက ပြောပါတယ်။

Samsung ကနေ လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ပြုလုပ်ခဲ့တဲ့ Galaxy Campus Friends အစီအစဉ်ကို Epic ဖြစ်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း ကိုယ်တိုင်လျှောက်လှမ်းချင်တဲ့ “Future “၊ တနည်းအားဖြင့် “Universe” အသစ်တစ်ခုကို ဖန်တီးဖို့အခွင့်အရေး ရှာဖွေနေတဲ့ အသက် ၁၆ မှ ၂၃ နှစ် အတွင်း လူငယ်များပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။